ငါ့နှလုံးအိမ်ထဲက စည်းချက်သံတချို့
မျက်ဝန်းကတဆင့် မင်းကြားလိုက်ရဲ့လား...
မင်းဆီက ပျံ့လွင့်လာတဲ့
အသံမဲ့ လှိုင်းတစ်ခု
ငါ့အာရုံတွေဆီ ပုတ်ခတ်လိုက်သလိုရှိချိန်မှာ
ရင်ဘတ်ထဲက ငါ့ရင်ခုန်သံတွေ
သံစဉ် ညှိုဖို့ ထွက်ကျကုန်ကြပေါ့
ငါ့သွေးထဲက ပဲ့တင်ထပ်နေတဲ့
တေးသွားတစ်ပုဒ်ဟာ
မှားယွင်းနေခဲ့ရင်တောင်
ဆက်လက်ဆိုညည်းနေဖို့ပါ.....။ ။ HNS(TG)

4 comments:
ကဗျာလေး ကောင်းတယ်နော်..
သူမသိလည်း
ရင်အသည်းဝယ်
တိတ်တခိုးလေး
သီကြွေးနေမယ်...
မမိုးငွေ့ရေ...
သံစဉ်လေးကို ကျွန်တော်တောင် ကြားလိုက်မိသလိုပါပဲဗျာ...။
“ငါ့သွေးထဲက
ပဲ့တင်ထပ်နေတဲ့
တေးသွားတစ်ပုဒ်ဟာ
ဆက်လက်ဆိုညည်းနေဖို့ပါ”....ဆိုတဲ့ နောက်ဆုံးအပိုဒ်လေးက ကဗျာလေးကို ပြီးပြည့်စုံသွားစေသလိုပါပဲဗျာ....။
ခင်မင်တတ်တဲ့
ဏီလင်းညို
မမှားနိုင်ပါဘူး ဆက်လက်ညည်းဆိုနိုင်ပါစေဗျာ :)
ငါ့သွေးထဲက
ပဲ့တင်ထပ်နေတဲ့
တေးသွားတစ်ပုဒ်ဟာ
ရင်ထဲ ညိုသွားတယ် .......
မှားယွင်းနေတဲ့ တေးးသွား
သိပ်လှတဲ့စာသားပဲ .......
Post a Comment