Wednesday, 30 December 2009

Happy New Year...

99'လက်ဆောင်
(အဲလက်စ်)အလွမ်းတွေနဲ့...ကိုယ်ရှာဖွေရဦးမယ်နှစ်သစ်ကူး...ရောင်နီရယ်...အလှဆုံးအချိန်... ကိုယ်မြတ်နိုးတဲ့.......မင်းလေးအနား...နေချင်တာထာဝရပဲပေါ့........အစောကြီးထဲက........အိပ်မက်မက်သူ ကိုယ်လန့်မနိုးရဲတော့........ အချိန်တန်ပြီဆို..... မင်းအဝေးထွက်ပြေးမယ် ကိုယ်သိလဲ...ဒါ..99' အတွက် မင်းရဲ့လက်ဆောင်ပဲ.............. (ထရေစီ)Chorus{နှောင်ကြိုးဖွဲ့.......ချစ်လို့....နောက်ဆုံးတစ်နေ့ထိတို့......သေချာအောင်...... စောင့်စားရင်းနဲ့ ကိုယ်ယုံကြည်ထားလိုက်ချင်တယ် နှောင်ကြိုးဖွဲ့.........သိပ်ချစ်လို့........................... နောက်ဆုံးတစ်နေ့ထိတို့ သေချာအောင် စောင့်စားရင်းနဲ့...ကိုယ်ယုံကြည်ထားလိုက်ချင်တယ်....အချိန်တန်ပြီဆို ကိုယ်တို့နှစ်ဦးဝေးမယ်ကြိုသိလဲ.........ဒါ...99'အတွက်တို့ရဲ့လက်ဆောင်ပဲ } (အဲလက်စ်) လူတွေပျော်ရွှင်.......ကိုယ်ကြိုမြင်နေ.......နှစ်သစ်တစ်ခုဆိုက်ရောက်......ကိုယ့်အတွက်ကျ အလွမ်းနှစ်ကူးချိန်လေး..............ကြယ်တွေစုံညီ.........ဒီအချိန်ကမ္ဘာဟာ.........သိပ်လှတဲ့ည လူသားတိုင်းမလွမ်းချင်တဲ့ည...... (Rapping)............နှစ်သစ်တစ်ခုအလွမ်းတွေနဲ့..............ကြိုဖို့ဖြစ်လာမလား................ချစ်သူက ငါ့ဆီများ....ပြန်ရောက်လို့လာဦးမလား...... ဒီညတော့မအိပ်တော့ဘူး ......အလွမ်းတွေနဲ့ငါ့မှာရူး........ ဒီသီချင်းလေးကို နားထောင်ပြီး ၁၉၉၉ ခုနှစ် ကနေ ၂၀၀၀ခုနှစ်အကူးကို အရမ်းလွမ်းမိတယ်။ အဲဒီတုန်းကကျမတို့ နှစ်သစ်ကို ချောင်းသာမှာ သူငယ်ချင်းဆယ့်တစ်ယောက်နဲ့ အတူသွားကြိုကြတာ....ဘ၀မှာ မှတ်မှတ်ရရပါပဲ...။ မီးရှုးမီးပန်းတွေဖေါက်ကြ မီးပုံပွဲမှာ အကင်တွေစားကြ သီချင်းဆိုကြနဲ့ပေါ့....သိပ်ကိုပျော်စရာကောင်းပါတယ်....။ အဲဒီတုန်းက ငယ်သေးတော့ လွတ်လွတ်လပ်လပ်ပဲ ပျော်ကြရွှင်ကြ အပူအပင် သိပ်မရှိကြနဲ့ပေါ့....။ ခုတော့ အလုပ်အကိုင်တွေနဲ့ ရှုပ်ထွေးပြီး ပျော်စရာတွေ့တာတောင် ငယ်ငယ်ကလောက် မပျော်တော့ဘူး...။ 99' လက်ဆောင်သီချင်းလေးက စာသားလေးလဲလှတယ်....သံစဉ်လေးကလဲ နားထောင်ရတာ အလွမ်းလေးနဲ့... ကျမက အလိုလိုနေရင်းလွမ်းတတ်တဲ့သူမို့ ဒီသီချင်းကို သိပ်ကြိုက်တယ်....။ နောက်ပြီးတော့ အဲလက်စ်အသံကိုရော ထရေစီရဲ့ ဆိုပေါက်လေးပါကြိုက်တယ်....။ Rapping ကတော့ ဘယ်သူလိုက်တယ်မသိဘူး...။ ခရီးသွားငါးယောက်ထဲက အဖွဲ့ဝင်တစ်ယောက်ယောက် ဖြစ်ပါလိမ့်မယ်...။ တေးရေး ကိုဆောင်းဦးလှိုင် နဲ့ အဲလက်စ် တစ်ယောက်ယောက်ဖြစ်မယ် ကျမသေချာမသိဘူး ....သီချင်းစာအုပ်ကလဲ ခုချိန်မှာရှာမရနိုင်လောက်ဘူး....။ ဆိုင်းပရပ်က အဖြူရောင်နတ်သမီးပန်းခင်းလေး၊ အလွမ်းမင်းသားလေး ညရဲ့ကောင်းကင်၊ ကဗျာနုနုလှလှလေးတွေ ရေးတဲ့ မိုးစက်၊ ဗာဂျီးနီးယားက ဗညား၊ ဟောက်ဆာဂျင်ကလေးသက်တန့်ချိုဏီလင်းညိုချမ်းလင်းနေနဲ့ ဂျယ်လီစားပြီး အမြဲတမ်း အသည်းကွဲနေတတ်တဲ့ ညီမလေး အနှိုင်းမဲ့ တို့ကို နှစ်သစ်ကူးအတွက် အမှတ်တရ စာလေးဖြစ်ဖြစ် ကဗျာလေးဖြစ်ဖြစ် ရေးပေးကြပါလို့ မေတ္တာရပ်ခံပါတယ်ရှင့်.....။ 


မိုးငွေ့


8 comments:

အနှိုင်းမဲ့ said...

အဲ..တူလိုက်တာ အန်တီရယ်.။
အနော်လဲ အလိုလိုနေရင်းလွမ်းနေတတ်တယ်..
ဘာလဲ..အန်တီကလူလည်လုပ်ပြီ..
သမီးတို့ကိုရေးခိုင်းရင် အန်တီလဲ နှစ်သစ်ကို
ကဗျာလှလှလေးနဲ့ ကြိုဆိုသင့်တာပေါ့..။
အားလုံးအတူတူကြိုကြတာပေါ့.. :)
ဟုတ်တယ်နော်..သယ်ရင်းတို့ :P

Beauty Studio USA Branded Store said...

ဒီသီချင်းလေး ကျွန်တော်လဲကြိုက်တယ်ဗျာ။

~ဏီလင်းညို~ said...

မမိုးရေ...
အဲ့ဒီသီချင်းလေးတွေကိုကြိုက်ခဲ့တယ်မမိုးရေ...
၉၈ လက်ဆောင်ထဲကသီချင်းလေးတွေရော..လေ...။ ကျွန်တော်တော့ ဒီည အလုပ်ထဲမှာပါဗျာ...။ နှစ်သစ်မကြိုနိုင်ပါဘူး...။ (သနားစရာဂျီးနော်...;D...)
ပျော်ရွှင်...အောင်မြင်ကျန်းမာစေတဲ့ နှစ်သစ်ဖြစ်ပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်ဗျာ...။
(ပို့စ်ရေးပါမယ်နော်...)
ခင်မင်တဲ့
ဏီလင်းညို

အဖြူရောင်နတ်သမီး said...

2010 is at the door...
Remember...Life is short,
break the rules,
forgive quickly,
kiss slowly,
love truly,
laugh uncontrollably,
and never regreat anything that made you smile.

Cameron said...

ကျေးဇူးနတ်သမီး...2010ခုနှစ်မှာ
ံအာလုံးပဲငြိမ်းချမ်းပျော်ရွှင်သောနှစ်သစ်ဖြစ်ပါစေနော်

ညလင်းအိမ် said...

အစ်မရေးခိုင်းတာ မသိလိုက်ပါဘူး...
ရေးပေးပါမယ်အစ်မ...
ကျွန်တော်ကို အလွမ်းမင်းသားလို့ နာမည်တပ်လိုက်တာ အရမ်းကြိုက်သွားပြီ အစ်မ..
အစ်မလည်း နှစ်သစ်မှာ ကျန်းမာရွှင်လန်းစွာနဲ့ ကြံစည်သမျှ အောင်မြင်ပေါက်ရောက်ပါစေ...

ခင်မင်စွာဖြင့်
ညရဲ့ကောင်းကင်

Xema Tours said...

မမီးရေ...
ဒီဘ၀ကတော့ဒီတစ်သက်ပြန်မရနိုင်တော့ပါဘူး..
ဘ၀အတွက်အမှတ်တရပါပဲ...

ပန်းခင်းလေး said...

မိုးငွေ့ ရဲ့ ဘလော့ လေးကို အခုမှပဲရောက်ဖြစ်တော့ တယ် . .. Tag post လေးကိုအချိန်မီမရေးပေးနိုင်တဲ့ အတွက်
အနူးအညွှတ် တောင်းပန်လိုက်တယ်နော်
အလွမ်းတွေကင်းဝေးတဲ့  ပျော်ရွှင်ဖွယ်နှစ်သစ်လေး
ဖြစ်ပါစေလို့ ဆုတောင်းရင်

ခင်မင်စွာနဲ့ 

ပန်းခင်းလေး