Wednesday, 30 December 2009

ဒီဇင်ဘာ.....





ချယ်ရီပွင့်တွေလှိုင်ဝေ
နှင်းစက်တွေကြွေကျ 
အေးမြတဲ့ရာသီ ပီပီပြင်ပြင်သာယာ 
အဲဒါ ဒီဇင်ဘာလို့ခေါ်သတဲ့  
သူ့မှာ... တွေး၍ပျော်စရာ 
မွေးနေ့တော်ဆိုတဲ့ပွဲ Christmas လဲရှိတယ်.. 
သူ့မှာ... ရာသီစက်ရဲ့နောက်ဆုံး 
ပြုံးပျော်ကြည့်နူး ပီတိလူးမယ့် 
ထူးခြားတဲ့ပွဲ New Year လဲရှိတယ်.. 
သူ့မှာ... ချစ်ခြင်းတွေသိမ်းပိုက် 
မှောင်မိုက်တဲ့ ညတွေရှင်း အလင်းတွေဆောင်ယူ 
တူညီတဲ့စိတ်တွေထားဖို့ လူသားတို့ကိုလမ်းညွှန် 
မွန်မြတ်တဲ့ စိတ်နှလုံး အားလုံးကျင့်သုံးလို့ 
နှစ်သစ်ကိုစတင် သူ့ရင်မှာ အစဉ်ထားတဲ့ 
အကြင်နာတရားလဲရှိတယ်.. 
ဒီဇင်ဘာရယ်.... ချစ်တယ်... ခင်တယ်... မြတ်နိုးတယ် 
(ဘာပဲဖြစ်ဖြစ်) မင်းထွက်သွားမယ့် သုံးဆယ့်တစ်ရဲ့ညမှာ 
တိတ်ဆိတ်မှုနဲ့....ငါ လေးစားစွာ ဦးညွှတ်လိုက်မယ်....။        ။ (အမည်မသိကဗျာဆရာ) 

3 comments:

ညလင်းအိမ် said...

ကဗျာလေး အရမ်းကောင်းပါတယ်... အစ်မ...

~ဏီလင်းညို~ said...

မမိုးရေ...
ဟုတ်တယ်... ညီလေးကိုတူး(ညရဲ့ကောင်းကင်ပြောသလိုပဲ...။ ကဗျာလေးက ကောင်းတယ်ဗျ...။)
ပျော်ရွှင် အောင်မြင်စိတ်ချမ်းမြေ့သောနှစ်သစ်ဖြစ်ပါစေနော်ဗျာ....
ခင်မင်တဲ့
ဏီလင်းညို

အနှိုင်းမဲ့ said...

ဒုတိယ အကြိမ်မြှောက် ဖတ်ရခြင်းပေါ့လေ..
ကဗျာတွေဆိုတာ ဘယ်တော့မှ မရိုးနိုင်ပဲ
ပြောင်းလဲခြင်းမရှိတတ်တဲ့ ခံစားမှုအစိတ်ပိုင်းတစ်ခုပေါ့။
ကဗျာတွေက သစ္စာရှိတယ်..မပြောင်းလဲဘူးနော်..။
ဟုတ်တယ်မလားးး..အမ