Change
ငါလိုချင်ခဲ့ဖူးတယ်
နင့်ရင်ဘတ်ထဲက
ပန်းနုရောင်ပုံပြင်တွေ....
ငါတမ်းတခဲ့ဖူးတယ်
နင့်နှုတ်ဖျားဆီက
အပြာရောင်စကားလုံးတွေ....
ငါရင်ခုန်ခဲ့ဖူးတယ်
နင့်မျက်ဝန်းဆီက
နွေးထွေးတဲ့အကြည့်တွေ....
ငါမျှော်လင့်ခဲ့ဖူးတယ်
အ၀ါရောင်စိတ်ကူးတွေနဲ့
တောက်ပတဲ့အိပ်မက်တွေကို....
ဒါပေမယ့်
အချိန်ရထားကြီး
အရာအားလုံးကိုအပြီးတိုင်နင်းချေ
ဆက်လက်ခုတ်မောင်းသွားနေတယ်
အခုငါ့ဆီမှာ
ကဗျာတွေကလွဲလို့
ဘာမှမရှိတော့ဘူး...။ ။ HNS(TG)
2 comments:
ကဗျာဆိုတာကတော့ ကိုယ့်ဆီမှာ အမြဲတမ်းရှိနေမယ့် အရာပါ...
တချိန်ကပေးခဲ့ဖူးတာ
ဒဏ်ရာတွေဆို
ရင်မှာကဗျာဖြစ်စေ...
ကဗျာလေးကောင်း၏...
ကဗျာဆိုတာ တန်ဖိုးကြီးကြီးမားမား ပေးဆပ်ပြီးမှ
အသက်ဝင် လာခဲ့တာပဲ ...
ကဗျာ တပုဒ်ရှိနေရင် ပြည့်စုံလုံလောက်မှာပါ ..
Post a Comment