ဗိုလ်ချုပ်ဈေးဘေးနားက FMI နေရာမှာ အခု Parkson shopping mall ဖြစ်သွားပြီ ဒါက အောက်ထပ်က Bar Boon Cafe... စားစရာသောက်စရာမှန်သမျှ ဒေါ်လာနဲ့တွက်တယ်...။ အဲဒီနေ့ကမှာတာ ကက်ပယ်စီနိုအအေး နဲ့ မိုခါးအပူ မုန့်တွေက ဘမ်းမုန့်နဲ့ ဘရောင်နီကိတ်..ဆယ့်သုံးဒေါ်လာကျတယ်။
Bar Boon ရဲ့အတွင်းဖက်
အပြင်ဖက်တော့လူအထိုင်များကြတယ် ညနေဖက်ဆို ဆိုင်အပြည့်ပဲ... ဟိုတစ်ဖက်ကဆိုင်က စကာင်္ပူခေါက်ဆွဲဆိုင် သူလည်းလူဝင်တာပဲ နိုင်ငံခြားသားအများဆုံးပေါ့ စကော့ဈေးမှာဈေးဝယ်ပြီး အဲဆိုင်တွေမှာထိုင်စားဖြစ်ကြတာ အဆင်ပြေနေတာပေါ့..။ ဘေးနားက ဇော်ဂျီဆိုင်တော့ အရောင်းကျသွားမလားပဲ လူသိပ်မ၀င်တော့ဘူး...။
အပြင်ဖက်ထိုင်စရာနေရာနဲ့ ကော်ဖီစက်
ချင်းမိုင်အစားအစာလို့ပြောတယ် ရှမ်းပြည်မှာမွေးတော့ ရှမ်းစာနဲ့နီးစပ်တဲ့ ချင်းမိုင်စာတွေကိုသိပ်ကြိုက်တယ် ရှင်စောပုလမ်းထိပ်ဖက်က စီးတီးမတ်နဲ့နီးပါတယ်... ဆိုင်နာမည်ခပ်ဆန်းဆန်းပဲ မေ့သွားလို့ မရေးပေးတော့တာ...။ ဆူကာညွှန့်ကြော် ချင်းမိုင်ဝက်အူချောင်း (နဲနဲအစပ်ပါတယ်) ၀ါးဗူးလေးနဲ့က ကောက်ညှင်းပေါင်းပါ..။ ၀ါမ၀င်ခင် ပိတ်ရက်တွေတုန်းက မိသားစုလိုက်သွားစားကြတာ...။ အသားလုံးပဲကြာဇံဟင်းချိုနဲ့ဆို ဟင်းက လေးပွဲ နာနတ်သီးထမင်းကြော်တစ်ပွဲနဲ့ ကောက်ညှင်းသုံးပွဲ အအေးနှစ်ခွက်ကို စုစုပေါင်းသုံးသောင်းငါးထောင်ကျတယ်...။ ဟူးးး ဈေးကြီးတယ်ကွယ်...။ အကြိုက်ဆုံးက ၀က်အူချောင်း..။ သုံးသောင်းခွဲဆို အိမ်မှာ ချက်စားရင် တော်တော်ရတာ...။ အခုက ဆိုင်အသစ်ကိုလာမြည်းတာမျိုး ကိုယ်ကြိုက်တဲ့အစားမို့လည်း စားရတာ တန်တယ်ပဲဆိုပါတော့...။
ငှက်ပျောဖူးသုပ် အရသာက ချိုစပ်... တော်တော်တော့စပ်တယ် ငါးပိပါတယ်...
ငါးပိထောင်းတို့စရာအစုံ
အားလုံးပြီးတော့ သာကူအုန်းနို့အချိုပွဲလေး
သက်သတ်လွတ်စားတယ်ဆိုလို့ အပြစ်တင်မစောပါနဲ့ တစ်ပတ်မှာ စနေနဲ့တနင်္ဂနွေကိုခွင့်ယူထားတယ် ဟိဟိ...။ ဥပုသ်နဲ့ မွေးနေ့ကိုတော့မှန်အောင်စားဖြစ်ပါတယ်...။ ဒါက မြေနီကုန်းစီးတီးမတ်က love boat မှာ အသားလုံးကင်နဲ့ အသားကင်ကွေ့သယိုချဉ်စပ်..။
ဒါက အိမ်မှာလုပ်စားဖြစ်တဲ့ဟော့ပေါ့ အသားမစုံပေမယ့် အသီးအရွက်တော့ ကိုယ်စိတ်ကြိုက်ထည့်စားတယ် မှိုအရမ်းကြိုက်တယ်...။ ငွေနှင်းမှိုကို ခရုဆီနဲ့နှမ်းဆီနဲ့ကြော်ထားတာ ဂွတ်မှဂွတ်ပဲ...။ လမ်းငါးဆယ်ထိပ်က ကုလားမဘရာကြော်အရမ်းကောင်းလို့ ၀ယ်စားတာ စမူဆာရောပဲ....။ အနီပြားနဲ့က စကာင်္ပူအသားပြားကြော်ထားတာ...။
နာနတ်တောလမ်းက ရွှေကောင်းဟော့ပေါ့....။ အိမ်မှာလုပ်စားတာပိုတန်တယ် များများလည်းစားရတယ်..
ရွှေပဲရွက်တော့အကြိုက်ပဲ မျှစ်ကနုဖတ်နေရော...ဟိုဖက်က ၀က်ဆီဥကြော်..။ အိမ်မှာ ညီမလေးက ၀က်သားမစားတော့ ၀က်သားကိုမချက်ဖြစ်ဘူး ဒီတော့ မစားဖြစ်တာလည်းကြာပြီ...။ အခုသက်သတ်လွတ်ဆိုတာ့ ပိုဝေးနေတာပေါ့....။
47လမ်းထိပ်က Chewing Junior ဆိုင်က Mango Smoothie သူလည်း ဈေးကြီးတယ် ပြောရမှာပဲ တစ်ခွက်ကို 2200/- သုံးလေးယောက်သွားရင် မုန့်နဲ့အအေးပဲသောက် တစ်သောင်းကျော် အသာလေးကျတယ်..။ သြော်....မြန်မာပြည် မြန်မာပြည်..ကုန်ဈေးနှုန်းတွေကျတယ်ဆိုတာကိုမရှိဘူးနော်...။
မိုးငွေ့
4 comments:
ဝါးးး ဒေါ်လာနဲ့တွက်တယ် ဆိုပါလား... အဲ့လိုတွေတောင် ဖြစ်ကုန်ပြီပဲ... ရန်ကုန်က ဆိုင်ကောင်းကောင်းတွေ မသိဘူး... ရန်ကုန်ပြန်ရောက်ရင် ဘယ်လိုစခန်းသွားရလဲ ကိုယ့်ဟာကိုယ် စဉ်းစားရင်း မျက်ခုံးလှုပ်တယ်။ ရွှေကောင်းဟော့ပေါ့ကတော့ ညီမရန်ကုန်မှာရှိကတည်းက စားဖူးတယ်။ ကောင်းတယ်။ ရန်ကုန်ပြန်ဖြစ်ရင် အစ်မဘလော့ဖတ်ပြီး မုန့်လိုက်စားရမယ် ဟဟဟ :D
ငပိထောင်းနဲ့တို့စရာကိုပဲ စားချင်မိတယ်
ဌက်ပျောဖူးသုပ်လေးပါနော်(သုပ်နည်းလေးသိရင်မျှပါအုန်း)
ဒီပို့စ်လေးမှာ အပြောင်းအလဲတွေ အများကြီး သိလိုက်ရတယ် ညီမမိုး၊ FMI ကနေ Parkson shopping mall ဖြစ်သွားတာ၊ ဇော်ဂျီဖက် လူဝင်နည်းသွားတာ၊ စားသောက်ဆိုင်တွေ အဆင့်မြင့်၊ ဈေးကြီး လာတာ.. ပုံတွေနဲ့ ဝေဝေဆာဆာမို့ သဘောတကျနဲ့ ဖတ်လည်းဖတ်၊ မှတ်လည်း မှတ်သွားတယ်...၊ သိပ်မကြာခင်မှာ လာတော့မှာ ဆိုတော့ သတင်းအချက်အလက် စုဆောင်းဖို့ အတော်ပဲ၊ ကျေးဇူးပါ ညီမမိုး..။
update တွေအတွက်ကျေးဇူးပါမိုးငွေ့ ရေ။
မသိတော့တာတွေအများကြီးသိခွင့်ရလိုက်သလို စားစရာပုံလေးတွေရောဈေးနှုန်းတွေရောဆိုတော့မြိုင်ဆိုင်နေတာဘဲ။
ချင်းမိုင်ဆိုင်လေးစားချင်လိုက်တာ။း)
အိုင်အိုရာ
Post a Comment