Thursday, 22 August 2013

ဖိနပ်လေးတစ်ရံ.....


ခေါင်းစဉ်က ဖိနပ်လေးတစ်ရံဆိုပြီး ပုံတွေကတော့ တစ်ရံမကဖြစ်သွားတယ်....။ ဒီပို့စ်က ကိုယ်နဲ့မသိတဲ့ ခွန်မြလှိုင်ဆိုတဲ့ ညီမလေးက မသက်ဝေကိုတဂ်ထားတဲ့ပို့စ်ကိုလိုက်ရေးတာပါ...။ ဖိနပ်ဆိုတဲ့ ခေါင်းစဉ်မို့ ဖိနပ်ကို ခရေဇီသိပ်ဖြစ်တဲ့ကိုယ် ရေးချင်စိတ်တွေဖြစ်သွားခဲ့တယ်..။

ဖိနပ်ကို ငယ်ငယ်လေးကတည်းက ကြိုက်ခဲ့တယ်...။ ဘယ်လိုဖိနပ်မျိုးကြိုက်လည်းဆို ပုံစံအမျိုးမျိုးကိုကြိုက်တယ်လို့ဖြေရမှာပဲ...။ ဖိနပ်အသစ်စီးရင်ခြေထောက်မနာအာင် ကိုက်ပြီးမှစီးတာမျိုး အရွယ်တော်တော်ရောက်တဲ့အထိလုပ်ခဲ့ဖူးတယ်...။ တကယ်ပဲလား စိတ်ကြောင့်လားတော့မသိဘူး အဲလိုမျိုးကိုက်ရင် ခြေထောက်တကယ်မနာဘူး ဖိနပ်မပေါက်ဘူး..။ ကိုယ်က အရပ်ပုတဲ့ထဲမပါသလို အရပ်ရှည်တဲ့သူတစ်ယောက်မဟုတ်ပေမယ့်လည်း ဒေါက်မြင့်တွေစီးလိုက်ရင်ပဲ ကိုယ့်ဘာသာကိုယ် ကလန်ကလားကြီးဖြစ်နေပြီလို့ ထင်မိတယ်...။ ငယ်ငယ်တုန်းက အဒေါ်တွေစီးတဲ့ ဒေါက်ဖိနပ်မျိုးစုံကို စီးပြီးအမြဲဆော့ဖူးခဲ့တယ်...။ အဲဒီခေတ်က ကြိုးသိုင်း ဒေါက်အချွန်လေးတွေ ဘလောက်တုံးနဲ့ဒေါက်တွေခေတ်စားတယ်...။ 

ဖိနပ်ဆို ကြိုးတွေများပြီး ရှုပ်ယှက်ခတ်နေတာတွေနဲ့ ပုံတုံးတုံးဖိနပ်တွေကလွဲရင် အားလုံးကြိုက်တယ် ဝယ်လည်းဝယ်စီးဖြစ်တယ်..။ သူ့ရာသီနဲ့သူ နေရာ အချိန် ဒေသနဲ့လိုက်ပြီး ဖိနပ်ကိုပြောင်းစီးရတာ ကြိုက်တယ်...။ ဒီမှာက လမ်းမကောင်း ဘလက်ဖောင်းမရှိ မြေကြီးအနိမ့်မြင့်မညီတော့ ပင်ဆယ်ဟီးလ်လို ဒေါက်မျိုးတော့ စီးဖို့မစဉ်းစားရဲပါဘူး...။ ဒါကြောင့် ရုံးသွားရုံးပြန်ဆို အပါးလေးတွေ အမြင့်စီးချင်ရင် ဒေါက်တပြေးထဲခွာထူဖိနပ်မျိုးတွေ လေတီရှူး အပါးလေးတွေပဲ စီးဖြစ်တာများတယ်...။ နွေရာသီလိုမျိုးဆို ဗေဒါရိုးနဲ့လုပ်ထားတဲ့ ဖိနပ်မျိုးစီးရတာ ကြိုက်တယ်...။ ပိတ်ရက်မှာ ဟိုဒီသွားရင် ကြိုးမျှင်မျှင်ပါတဲ့ အပါးကလေးတွေ ရှူးလေးတွေလည်းစီးဖြစ်တယ်...။

ကိုယ်ကတော့ အိမ်မှာ ဖိနပ်အဝယ်များဆုံးစာရင်းမှာ ထိပ်ဆုံးကပါ...။ ခုလည်း ရှော့ပင်းမောတွေရောက်တိုင်း ဝယ်ဝယ် မဝယ်ဝယ်ဖိနပ်ဆိုင်ကိုတော့ ရအောင်ဝင်ကြည့်တယ် စီးကြည့်တယ်...။ ဖိနပ်နဲ့ပတ်သက်ပြီး မှတ်မှတ်ရရဆိုလို့ပြောပြဦးမယ်...2007တုန်းက ကိုယ်စကာၤပူ မလေးသွားလည်တော့ genting highland ကိုလည်းရောက်ခဲ့တယ်...။ အဲမှာ ကစားကွင်းမှာ ကစားပြီး ညဖက် ညစာစား ဆိုင်လေးတွေလျှောက်ကြည့်တော့ Vancci ဖိနပ်ဆိုင်လေးထဲ ဝင်ဖြစ်သွားခဲ့တယ်...။ အဲဆိုင်က မိန်းကလေးဖိနပ်တွေရောင်းတယ်ဆိုပေမယ့် အရောင်းဝန်ထမ်း အားလုံးက ယောက်ျားလေးတွေပါ...။ အရမ်းလည်းစိတ်ရှည်ကြပါတယ်...။ ကိုယ်ကြိုက်တဲ့ ဖိနပ်ကိုလက်ညှိုးထိုး ဆိုဒ်နံပါတ်ပြော ပြီးတာနဲ့ အလယ်တန်းမှာ ရှိတဲ့ ဆိုဖာထိုင်ခုံမှာ ထိုင်စောင့်ရုံပဲ...သူတို့က ယောက်ျားလေးတွေဆိုပေမယ့် ဘာမှအယူမရှိဘူး ဖိနပ်ကို သူတို့ကိုယ်တိုင်စီးပေးတယ် ကြိုးချည်ပေးတယ် အဲလောက်ထိစိတ်ရှည်ပြီး ဝယ်သူစိတ်ချမ်းသာအောင် ဝန်ဆောင်မှုပေးတတ် ကြတာပါ...။ အဲဒီဖိနပ်တံဆိပ်နဲ့ဆိုင် ပြည်လမ်းတော်ဝင်စင်တာမှာရှိပါတယ်...။ အရောင်းဝန်ထမ်းတွေက မိန်းကလေးတွေပါ...။ ကိုယ်ခုနကပြောခဲ့သလို မလေးက အရောင်းဝန်ထမ်းကောင်လေးတွေနဲ့ ဘာမှမဆိုင်ပါဘူး...။ ဖိနပ်စီးပေးဖို့နေနေသာသာ ဆိုဒ်မေးရင် ဟိုဟာမရှိ ဒီဟာမရှိ... ဈေးမေးရင်လည်း ကိုယ်ကမဝယ်နိုင်သလိုလို ဒီကတော့ ဘယ်လောက်ဒေါ်လာရှိပါတယ်ဆိုတာ အရင်လာတာ...။ ဒီက အရောင်းဝန်ထမ်းတွေ အများကြီးလိုသေးတယ် ဝယ်သူကို အထင်အမြင်သေးတဲ့ အပြုအမူပြောအဆိုလေးတွေ လုံးဝမလုပ်မိစေဖို့ အင်တာဗျူးှမှာကတည်းက သေသေချာချာစီစစ် သင့်ပါတယ်...။

လူတစ်ယောက်ရဲ့ တကိုယ်ရေသန့်ရှင်းမှုကို သူ့ရဲ့ခြေထောက်မှာကြည့်ရတယ်တဲ့...။ ကိုယ်ကတော့ ခေါင်းငုံ့ပြီး လမ်းလျှောက်တတ်သူမဟုတ်ပေမယ့်...လူတစ်ယောက်ကိုစတွေ့ရင်တော့ သူ့ခြေထောက်လေးတွေကိုအရင် သတိထားပြီးကြည့်တတ်တာ အကျင့်ပါနေပြီ...။ ခြေထောက်လေးမလှပေမယ့် သန့်သန့်ရှင်းရှင်းကြည်ကြည်လင်လင်နဲ့ဆို ကတ္တီပါအပါးလေးစီးထားရင်တောင် တော်တော်ကြည့်ကောင်းနေပါပြီ...။






ဒီရှူးအပါးလေးကို အရမ်းကြိုက်တာပဲ...။ ကိုယ့်ရဲ့ ဖေးဘရိတ်ကာလာအညိုရောင်ကိုလည်း ကြိုက်သလို စီးရတာလဲ ပျော့ပျောင်းပါးလွင့်လို့ ခြေထောက်ကိုလည်းမနာစေဘူး..။ လှည်းတန်းစိန်ဂေဟာက Shoe Gallery မှာဝယ်ခဲ့တာ...ခုတော့မရှိတော့ဘူး အတွင်းဖက် အရေခွံတွေကွာကုန်လို့ လွှင့်ပစ်လိုက်ရပြီ..။ နှမြောထှာ နောက်တစ်ရံစီးချင်လို့ ပြန်သွားရှာတာ ဆိုဒ်မရှိတော့ဘူး..။ ကိုယ်က 39 40 စီးတာ...။


 




ဒီတစ်ရံက ယိုးဒယားဖိနပ်လေး..အနောက်ဇစ်နဲ့....။ ကြိုးလေးယှက်ထားတဲ့ပုံကို ကြိုက်တာ ဒေါက်ကမခံဘူး လမ်းကြမ်းတော့ နှစ်ခါလောက်ပဲ စီးရတယ် အောက်ခြေတွေ အကုန်စားကုန်တယ် ...။ ဒါကြောင့်ဖိနပ်ကို ဈေးကြီးပြီး တံဆိပ်ကောင်းတာ ခိုင်တာမျိုးပဲဝယ်တာကောင်းတယ်...။







ဒီ flip flop အပွင့်လေးကိုလည်းသိပ်ကြိုက်တာပဲ..။ ရာဘာအသားလေးက သိပ်အမာကြီးမဟုတ်တော့ စီးလို့ကောင်းတယ်...။ Junction Square ကဝယ်ထားတာ နှစ်နှစ်ရှိပြီ ခုထိဘာမှမဖြစ်သေးဘူး...။ ကိုယ်အဲလို ကမ်းခြေသောင်ပြင်မှာစီးရတဲ့ ဖိနပ်အပါးမျိုးတွေ သိပ်ကြိုက်တယ်..။
  






Red Shoe ဆိုတဲ့ ကိုရီးယားကားလေးကြည့်ဖူးကြလား...။ ဒီဖိနပ်နီနီကလေးကိုကြည့်ပြီး သတိရသွားလို့...။ စလုံးကပြန်လာတဲ့ အဒေါ်ပေးတဲ့ ဖိနပ်လေးပါ စီးလို့အရမ်းကောင်းတယ်...တစ်ခါပို့စ်တင်ထားဖူးပါတယ်...။






မြန်မာ့လက်မှု ဗေဒါရိုးဖိနပ်...။ ရေခဏခဏထိရင် ဗေဒါမျှင်လေးတွေပါးသွားတတ်ပါတယ်...။ ဖုန်တွေများတဲ့နေရာမှာလမ်းလျှောက်ဖို့မသင့်ပါဘူး ဖိနပ်ခဏကလေးနဲ့ပေတူးကုန်မယ်...။ ဒါပေမယ့်လည်းစီးလို့ အရမ်းကောင်းပါတယ်...။
စာနည်းနည်းနဲ့ ပုံတွေများသွားတယ်...။ မူရင်းတဂ်ပိုင်ရှင်ကတော့ ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ ရေးစေချင်တယ်မသိပေမယ့် ကိုယ်ရေးလိုက်တဲ့ တဂ်ပို့စ်ကတော့ ဖိနပ်ကလေးတွေကို တန်းစီးပြလိုက်တဲ့ ပို့စ်ဖြစ်နေတယ်ကွယ် သီးခံပေးကြပါ...။ ဖိနပ်တွေကိုနှစ်သက်မြတ်နိုးသူ ဘလော့မိတ်ဆွေမောင်နှမတိုင်း ဒီတဂ်ပို့စ်လေးကို ရေးပေးကြပါလို့...။


မိုးငွေ့

3 comments:

ညီလင်းသစ် said...

ဖိနပ်တွေအကြောင်း ပြောရင်းနဲ့ မြန်မာပြည်က ဆိုင်အချို့မှာ အရောင်းဝန်ထမ်းတွေရဲ့ အားနည်းချက်ကို ထောက်ပြသွားတာ သဘောကျတယ် ညီမရေ...၊ ဓါတ်ပုံတွေ အားလုံးလည်း ကြည့်လို့ ကောင်းတယ်၊ အပေါ်ဆုံးပုံမှာ တစ်ပုံတည်းနဲ့ ဖိနပ်ကော၊ လက်စွပ်ကော တပြိုင်နက် ပါသွားတဲ့ အိုင်ဒီယာလေးကို နှစ်သက် လိုက်တာ..၊း) ဖိနပ်တွေကော၊ သူတို့ကို စီးတဲ့ ခြေချောင်းရှည်ရှည်လေးတွေနဲ့ ခြေထောက်ကလေးကော... ချစ်စရာ ကောင်းကြပါတယ်လေ....။း))

သက်ဝေ said...

ဖိနပ်ကလေးတွေရော ခြေထောက်လေးရော ချစ်စရာ.... ဘာပဲ ပြောပြော တက်ဂ်ပို့စ်လေးတွေ ရေးရတာ ပျော်စရာမို့ စိတ်ဝင်တစား ရေးပေးတဲ့ ညီမကို ကျေးဇူးနော်... <3

မိစံ said...

ခြေညှပ်လေးတွေကြိုက်တယ်..း))