Monday, 12 August 2013

မိုးရာသီလက်ဆောင်.....



ခပ်ဖွဲဖွဲမိုးအောက်မှာ ငြိမ်သက်တိတ်ဆိတ်မှုတွေနဲ့ အေးစက်နေပြီဖြစ်တဲ့ လက်ဖက်ရည်ခွက်နဲ့အတူ နေ့ခင်းတစ်ခုကို ဖြတ်သန်းရတာ တခြားသူတွေအတွက် ငြီးငွေ့စရာကောင်းနိုင်ပေမယ့် ကိုယ်ကတော့ ဒီလို မီးခိုးရောင်နေ့ရက်တွေကို နှစ်မြှို့နေတတ်ခဲ့တာ ဘယ်လောက်ကြာနေပြီလဲ...။ အချစ်နဲ့အတူ တွဲလျက် အလွမ်းတွေကို ခပ်ငြိမ့်ငြိမ့်ကလေး ကိုယ့်အတွက် မင်းဖန်ဆင်းပေးခဲ့တဲ့နေ့ကစလို့ပေါ့...။

ကမ္ဘာလောကကြီးဟာ... မိုးစက်ဇာပုဝါကြီုးအုပ်မိုးလို့ ငြိမ်းချမ်းနေခဲ့တယ်လို့ အမြဲမြင်တတ်... မိုးတွေရဲ့ အေးစက်မှုကိုချစ်တတ်ခဲ့တာလည်း မင်းကြောင့်ပေါ့..။ သိပ်လှတဲပ တနင်္ဂနွေမိုးသည်းတစ်ခု ကော်ဖီရနံ့မွှေးမြတဲ့ မိုးသည်းသည်းနေ့တစ်ခု စတဲ့ စတဲ့ မိုးနေ့ရက်တွေကို ကိုယ့်အတွက် မင်းဖန်တီးပေးခဲ့ဖူးတယ်....။
ကိုယ့်ရဲ့ အမှတ်တရတွေထဲ မင်းပေးတဲ့ ရေတွက်လို့ရတဲ့ နေ့ရက်တွေကို ကိုယ်ခေါက်သိမ်းထားပါတယ်...။ မကြာမကြာ ပြန်ကြည့်မိတဲ့အခါ မင်းကိုလွမ်းတဲ့ အငွေ့အသက်တွေက ကိုယ့်ကိုပတ်လည်ဝိုင်းလို့ပေါ့...။


မိုးတွေတဖျောက်ဖျောက်ကျသံကြားရင် အလွမ်းတွေကအလိုလိုသွန်းဖြိုးရွာကျကုန်တယ်....။ ဒီလိုနဲ့ အလွမ်းမိုးရေစက်တွေ တစ်စက်စက်ကျတာကို ထိုင်ကြည့်ရင်း...မရေတွက်နိုင်တဲ့ အတိတ်ဆီက မိုးစက်တွေကို ပြန်ကောက်ကြည့်မိတော့.....။

မိုးထဲလေထဲ
မိုးစက်အောက်ကပန်းကလေး
မိုးညလေပြေ
မိုးထဲ
မိုးရာသီအလွမ်း
စူးနစ်မိုး
ဂျူလိုင်မိုးသည်း
တနင်္ဂနွေမိုးသည်း


မိုးငွေ့

2 comments:

blackroze said...

မိုးရေတွေ
မိုးစက်တွေ ကို
အရမ်း လွမ်းမိတယ်
မကြီးမိုးငွေ့ရာ

ညီလင်းသစ် said...

ညီမမိုးရဲ့ မိုးနေ့အဖွဲ့တွေကို အရမ်းသဘောကျတယ်...၊ ဖတ်ရတဲ့ သူအဖို့ ချက်ချင်းပဲ မိုးငွေ့တွေနဲ့ ချမ်းစိမ့်စိမ့် ဖြစ်လာသလိုလို၊ နားထဲမှာ တဖျောက်ဖျောက် အသံတွေ ကြားလာမိသလိုလို၊ နှာဝမှာ မိုးသက်လေနဲ့အတူ ကော်ဖီရနံ့လေး မွှေးပျံ့ လာသလိုလို .....၊း)

အခု စာစုလေးကလည်း တိုသလောက် အဲဒီလို ခံစားမှုတွေကို ပေးနိုင်ခဲ့တယ်၊ တဆက်ထဲ ကိုယ်မဖတ်ရသေးတဲ့ “မိုးစီးရီးစ်” တွေ အများကြီး ကျန်သေးပါလားလို့ အံ့သြသွားရတယ်..။း))