Wednesday, 10 July 2013

ကင်မ်ချီ


 ကိုယ်တိုင်လုပ်ကင်မ်ချီလေးနဲ့ ကြက်ဥထမင်းကြော် မနက်စာရုံးထမင်းဗူး...


ပထမဦးဆုံးအချဉ်တည်ခြင်းပါ...။ အဖွားလုပ်ခဲ့တဲ့ မုန်ညင်းချဉ်(ရှမ်းချဉ်)  ဂျူးမြစ်ချဉ်တွေလုပ်နည်းကို သိပေမယ့် တစ်ခါမှစမ်းမလုပ်ဖူးသေးပါဘူး...။ ကင်မ်ချီလုပ်တာလွယ်မှန်းသိပေမယ့် ကိုယ့်ဘာသာကိုယ်မလုပ်ဖူးသေးလို့ လုပ်နည်းလေးကို စိတ်ဝင်စားစရာမာမာရဲ့ဝါသနာများ ဆီကသွားယူထားတာ...။ သူလုပ်တာလေးက ပုစွန်ခြောက်လည်းပါတော့ စားကောင်းမယ့်ပုံပဲလို့..။ အဲဒါနဲ့ စမ်းလုပ်ကြည့်တာ တကယ်ကောင်းပါတယ်...။ မမာရဲ့ recipe ကိုနှစ်ဆလုပ်ထားတာပါ...။ မမာက မုန်ညင်းထုပ်တစ်ခြမ်း ကိုယ်က တစ်ထုပ်...။ သူ့နည်းလေးကို ဒီမှာသွားကြည့်လို့ရပါတယ်...။


အရောင်အတွက်ကို ကိုရီးယားငရုတ်သီးအနှစ်မထည့်ဘဲ အိမ်မှာရှိတဲ့ ငရုတ်သီးအရောင်မှုန့် ကိုပဲသုံးထားပါတယ်...။ မုန်လာဥနီပါတော့ အရောင်က သူ့အလိုလိုကိုလှနေရော...။


ဆားရည်သုံးနာရီစိမ်ထားရတဲ့ လက်တစ်ဆစ်လှီးထားပြီးသား မုန်ညင်းဖြူတစ်ထုပ်နဲ့ ဥနီတစ်လုံး




အစာပလာအကုန်ထည့်ပြီး ကိုရီးရမ်းအန်တီတွေလို့ အားပါးတရနယ်ပါလေ့... .နှစ်ဆယ့်လေးနာရီအခန်းအပူချိန်မှာထားပြီးစရင် ရေခဲသတ္တာထဲသိမ်းပြီးစားလို့ရပါပြီ။
နောက်တစ်ခါကျ တီတင့်လုပ်တဲ့ နည်းလေးလုပ်ကြည့်ဦးမယ်...။

မိုးငွေ့

1 comment:

ချော(အစိမ်းရောင်လွင်ပြင်) said...

ဒီမှာတော့ အွန်လိုင်းကနေ မှာလို့ရနေတာနဲ့ အဲလိုမှာဖြစ်တာမို့ ကိုယ်တိုင်မလုပ်စားဖြစ်ဘူး
ဒါပေမဲ့ လုပ်ကြည့်ချင်တယ်။
ကိုယ်တိုင်လုပ်တာ ပိုစားကောင်းမယ်ထင်တယ်နော်
အဆာပလာ စိတ်ကြိုက်ထည့်ရလို့လေး)