ဝက်သားချဉ်ချောင်းလေးကို ကြက်ဥနဲ့ပင်စိမ်းလေးနဲ့ကြော်မယ်....။ ကျမတို့ငယ်ငယ်က တာချီလိတ်ဟိုဘက်ကမ်း မယ်ဆိုင်မှာရောင်းတဲ့ ဗီယက်နမ်လုပ် ၀က်သားချဉ်ဆိုခုလို ပလပ်စတစ်နဲ့မဟုတ်ဘူး...။ ဖက်နဲ့ထုပ်ထားတာ... လက်ချောင်းလောက်လေးတွေ... ဒီတိုင်းကိုက်စားလို့ရတယ်....။ အမှန်တော့အချဉ်တည်ပြီးသွားပြီ ဆိုတော့အသားက ကျက်နေပါပြီ...။ ကြက်ဥထည့်ကြော်ရတာကတော့ အချဉ်လေးကိုနည်းနည်း ထိန်းပေးသွားတဲ့ သဘောပါပဲ...။ စားကောင်းတယ် ...ကြော်စားကြည့်ပါ...။
ပါဝင်ပစ္စည်းများ
၁) ၀က်သားချဉ်
၂)ကြက်ဥတစ်လုံး
၃)ကြက်သွန်ဖြူနှစ်မွှာ
၎)ဆီထမင်းစားဇွန်းသုံးဇွန်း
၅)နနွင်းအနည်းငယ်
၆)ပင်စိမ်းရွက်တစ်စည်း
ဒယ်ထဲကိုဆီထည့် ဆီပူလာရင် အပြားရိုက်ထားတဲ့ ကြက်သွန်ဖြူထည့်ပြီး နနွင်းနည်းနည်းပါရုံလေးထည့် ကြက်သွန်ရွှေဝါရောင်သန်းလာရင် လှီးထားတဲ့ ၀က်သားချဉ်ကိုထည့်ကြော်ပါ... သိပ်မမွှေပါနဲ့ အသားတွေကြေကုန်မှာစိုးလို့ပါ...။ အသားနဲနဲခြောက်လာရင်တော့ ကြက်ဥထည့်လိုက်ပါ ချခါနီးပင်စိမ်းအုပ်လိုက် ဒါဆို... အချဉ်အရသာနဲ့ ကြက်ဥအဆိမ့်အရသာနှစ်မျိုးကိုရတဲ့ ဟင်းပွဲလေးတစ်ပွဲရပါပြီ...။
မိုးငွေ့
2 comments:
ဟင့်....တို့ ၀က်သားချဉ်ဟင်းလေး မကြိုက်ကြဘူးထင်တယ် လာတောင်မမြည်းကြည့်ကြ၀ူးးး
Don't worry.My eldest son n i like pork pickle.We usually eat with juu root,fried garlic n small chili.Long time no eat n we miss it.We haven't had fried one.I ate urs all.Delicious.........TKS :)Gyidaw
Post a Comment