Friday, 10 December 2010

ကြက်သားမျှစ်ချဉ်ကြော်နှင့် ရွှေဖရုံသီးဟင်းချို












ကြက်သားမျှစ်ချဉ်ကြော်အတွက် ပါဝင်ပစ္စည်းတွေကတော့

၁)ကြိတ်ပြီးသားကြက်သား(၁၀၀)ဂရမ်
၂)မျှစ်ချဉ်တစ်ထုပ်
၃)ကြက်သွန်ဖြူ နှစ်မွှာ
၎)ဆီထမင်းစားဇွန်းနှစ်ဇွန်း
၅)ကြက်သားမှုန့်နဲ့ ဆားနည်းနည်း

ကြိတ်ထားတဲ့ကြက်သားကို ထုံးစံအတိုင်း ပြောင်းမှုန့် ငရုတ်ကောင်း ကြက်သားမှုန့် ဆီနဲ့နယ်ပြီး နှပ်ထား။ ငရုတ်ကြမ်းနဲ့လုပ်ထားတဲ့မျှစ်ချဉ်ကို အရည်ငှဲ့ပစ်ပြီး အချောင်းလေးတွေလှီးထား။ ကြက်သွန်ဖြူအပြားရိုက်ထား။
ဒယ်အိုးကိုမီးဖိုပေါ်တင် ဆီထည့် ဆီပူလာရင် ကြက်သွန်ဖြူဆီသတ် ကြက်သားထည့် မွှေးလာတဲ့အထိ စိတ်ရှည်ရှည်နဲ့အဆက်မပြတ်မွှေပေး... ပြီးရင် လှီးထားတဲ့မျှစ်ထည့်လိုက် ကြက်သားမှုန့်နည်းနည်းဖြူးလိုက် မျှစ်ချဉ်ကအငံဓါတ်ပါပြီးသားမို့ ဆားကိုသတိထားထည့်ပါ..။


ရွှေဖရုံသီးဟင်းချိုမှာပါဝင်မယ့်ပစ္စည်းတွေ

၁)ရွှေဖရုံသီး တစ်စိတ်
၂)ကြက်သွန်ဖြူနှစ်မွှာ
၃)ကြက်သားမှုန့် လက်ဖက်ရည်ဇွန်းနှစ်ဇွန်း
၎)ဆီလက်ဖက်ရည်ဇွန်းတစ်ဇွန်း
၅)နနွက်းမှုန့်အရောင်လှရုံလေး
၆)ဆားနဲ့ သကြား လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီ

ဟင်းရည်အိုးထဲ ဆီထည့် ကြက်သွန်ဖြူလေးဆီသတ် နနွင်းမှုန့်နည်းနည်းထည့် ပြီးရင် အတုံးကလေးတွေ လှီးထားတဲ့ ရွှေဖရုံသီးထည့် ရေနွေးလိုသလောက်ထည့်ပြီး ဆူလာရင် ဆား သကြားနဲ့ ကြက်သားမှုန့်ခတ်လိုက်...။ ရွှေဖရုံသီးနူးလာရင် အိုးချလို့ရပြီ...။ ချဉ်စပ်မျှစ်ချဉ်ဟင်းအတွက် ဟင်းရည် အချိုလေးနဲ့ ဖြေလိုက်တာ...။


မိုးငွေ့

6 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

မမိုးရေ
တိုက်ဆိုင်တယ် အိမ်မှာလည်းဒီနေ့ မျှစ်ချဉ်ကြော်တယ်
ရွှေဖရုံသီးဟင်းချိုလေး ပါဆယ်ဆွဲသွားတယ်နော်
အိမ်ရောက်မှ စားတော့မယ်..း)

အဖြူရောင်နတ်သမီး said...

မြှစ်ချဉ်စားချင်တယ်...
ပြန်လာရင်ကျွေးအုံးနော်..မမိုး

မိုးစက်အိမ် said...

မျှစ်ကြော်တစ်ပွဲပေးပါ အောက်ကအသားလုံးခေါက်ဆွဲ
လေးပါ ချပေးပါ ဆိုင်ရှင်မိုးကြီး ခင်ဗျား . . .

ချစ်ကြည်အေး said...

တခါတလေ အသားတွေ မစားချင်တဲ့အခါ အဲလိုမျိုးလေးတွေ ချက်စားတတ်တယ်....ကြိုက်စ် :)

ရွှေရတုမှတ်တမ်း said...

မျှစ်ကို စားတော်ပဲနဲ့ကြော်တာကြိုက်တယ်..

သက်ဝေ said...

စားချင်စရာ...
ရွှေဖရုံသီးနဲ့ မျှစ်ချဉ်တဲ့...
ဒါပေမယ့် လှေခါးစာတွေချည်းပဲနော်...
ကြည့်လုပ်ပါ ညီမရယ်...း))