ပုံတွေကြည့်ပြီး သရေယိုနေကြပြီလား....။ ရုံးက၀န်ထမ်းတစ်ယောက် နေပြည်တော်သွားတာ အပြန် မျှစ်ချဉ်ဝယ်လာတယ်...။ ဒါနဲ့ ရုံးကသူတွေ တစ်ရုံးလုံးအတွက် ကျမကို မျှစ်ချဉ်ဟင်းလေး ချက်ခိုင်းကြပါတယ်..။ ခြေလေးချောင်းမစားတဲ့သူက နှစ်ယောက်ဖြစ်နေတော့ ကြက်သားနဲ့ချက်ပေးပါတဲ့...။ ကြက်ရိုးများများ ကိုက်ချင်ကြတယ်ဆိုလို့ ညနေရုံးကအပြန် ကြည့်မြင်တိုင်ညဈေး ပြေးပြီး ကြက်တစ်ကောင်နဲ့ ခေါင်းလည်ချောင်းခြေထောက် တစ်ထောင်ဖိုးဝယ်လိုက်တယ်...။ အရွက်လေးပါကြော်ပေးမှပါဆိုပြီး လိုက်ကြည့်တော့ ဟင်းနုနွယ်ရွက်တွေက နုဖတ်နေတော့...အဲဒါသုံးစည်း ၀ယ်လိုက်တယ်...။ ဟင်းနုနွယ်ထဲ ထည့်ကြော်ဖို့ ခရမ်းချဉ်သီးနဲ့ ငရုတ်သီးတောင့်ရှည်အပွရယ်...မျှစ်ချဉ်ဟင်းက ငါးပိထောင်းနဲ့လိုက်တယ် ဆိုလို့...တို့စရာ သရက်သီးနဲ့ ခရမ်းကျွတ်သီးပါဝယ်ခဲ့တယ်...။
ပါဝင်ပစ္စည်းများ
မျှစ်ချဉ်တစ်ထုပ်
ကြက်ရိုး
ကြက်သွန်နီ ငါးလုံး
ကြက်သွန်ဖြူ ငါးမွှာ
ငရုတ်သီးအရောင်မှုန့်နှစ်ဇွန်း
နနွင်း တစ်ဇွန်း
ဆီ ဆယ့်ငါးကျပ်သား
ဝယ်လာတဲ့ ကြက်သားတွေအရိုးတွေကို ရေနဲ့သန့်သန့်လေးဆေးပေးနေချိန်မှာ မျှစ်ချဉ်ကိုပြုတ်ထားပါ...။ ဒီမျှစ်ချဉ်က အချဉ်တော်တော်စူးပါတယ် သုံးရေလောက်ပြုတ်ပြီး သွန်ပစ်ရတယ်....။ ပြုတ်ပြီးသား မျှစ်ချဉ်တွေကိုရေစစ်ထား...။ ကြက်သွန်ဖြူနီကို ညက်ညက်ထောင်းထား...။ မျှစ်ချဉ်ဖတ်တွေက ထူထူထဲထဲကြီးတွေမို့ ဓါးပြားနဲ့ ခပ်စောင်းစောင်းပါးပါးလေးပြန်လှီးပါတယ်...။ အိုးထဲကို မျှစ်ချဉ် ကြက်ရိုး ကြက်သွန်အနှစ်ထောင်း ငရုတ်သီး ဆီရောထည့် မီးဖိုပေါ်တင်ပြီးလုံးချက်ပါတယ်....။ ဆီပြန်လာတဲ့အထိ မွှေပေးပြီးမှ လိုသလို ရေနွေးထည့်ပါတယ်....။ မျှစ်ချဉ်ဟင်းရဲ့သဘောအရ ဒီနေ့ချက်ပြီး နောက်နေ့စားမှပို စားကောင်းပါတယ်...။ ဟင်းအိုးကို မီးမျှင်းမျှင်းလေးနဲ့ ခပ်ကြာကြာတည်ထားတယ်.....။ ကြက်ရိုးတွေ နူးပြဲပြီး အရည်လေးက ချိုချဉ်ငံလေးဖြစ်သွားပြီဆို အိုကေပြီ....။
ဟင်းနုနွယ်ရွက်ကြော်နည်းလေးလဲ လွယ်ပါတယ်....။ ဟင်းနုနွယ်ကို သင်ပြီးရေစင်စင်ဆေး စစ်ထား..။ ဆီပူအိုးထဲကို အပြားရိုက်ထားတဲ့ ကြက်သွန်ဖြူ ပါးပါးလှီးထားတဲ့ ခရမ်းချဉ်သီး ငရုတ်သီးစိမ်းပွကို ထည့်ကြော် မွှေးလာရင် ဟင်းရွက်တွေထည့်လိုက်...နွမ်းသွားတဲ့အထိမကြော်ရပါဘူး ခပ်စိမ်းစိမ်းလေးနဲ့ ဟင်းရွက်ကလေး အိလာရင် ရပါပြီ...။ ငါးပိထောင်းကတော့ အထူးတလည်ပြောပြမနေတော့ဘူး ....။ အဲဒီနေ့တော့ ရုံးမှာ ထမင်းမှိန်လိုက်ကြတာ....အမြဲ....ဆိုင်ထမင်းဟင်းနဲ့ပဲညားနေတာကြာတော့ အိမ်ချက်လေးကို သဘောတွေ့ မနှောခွေ့နေကြပါတယ်......။ နောက်နေ့တွေ ကျမလက်ရာကိုစွဲပြီး ထပ်ချက်ခိုင်းရင်တော့ အလုပ်ပြောင်း ရတော့မယ် မဖြစ်ဘူး....။
မိုးငွေ့
7 comments:
မျှစ်ချဉ်၊ ဟင်းနုနွယ်ရွက်ကြော်၊ ငပိထောင်းတို့စရာတွေ တွေ့တော့ အနှိုင်းမဲ့ ဘယ်လိုမှမနေနိုင်တော့လို့ ၀င်ကျိတ်သွားတယ်ဗျာ..း)
ဒီကြက် သေတာအေးတယ်..လမ်းတော်တော်များတဲ့ပုံပဲ...
ခြေထောက်တွေကို ထောင်လို့...
ပျော်ပွဲစားနဲ့တောင် တူသေးတယ်.......ဟိဟိ
ခင်မင်ခြင်းအားဖြင့်.....
ဏီလင်းညို
ဟင်း ဟင်း ဟင်းနုနွယ်ရွက်ကြော်စားချင်တယ်
အရမ်းကြိုက်တား)
ုပြုတ်သုပ်လေးလဲ မိုက်တာပဲ
ကောင်းထှာ
အရမ်းစားချင်တဲ့ ဟင်းတွေထဲမှာ ထိပ်ဆုံးက ပါတယ်...
မျှစ်ချဉ်...မျှစ်ချဉ်..
ဟီးဟီး...သွားရည်ယိုသွားသည်...း(
အင်းးးးးးး တော်တော်စားကောင်းမယ့်ပုံ :) သွားရည်တောင် ကျချင်ချင်ပဲ :)
ခင်တဲ့(ဖိုးကြယ်)
Post a Comment