Thursday, 16 December 2010

ဂျုံဆီချက်

မသဲမကွဲမြင်သူများအတွက်


သဲသဲကွဲကွဲမြင်နိုင်သူများအတွက်


ညထမင်းလွတ်တယ်လေ...အဟဲ ဗိုက်ဆာတော့ ခေါက်ဆွဲသုပ်စားတယ်( ဘာမှမထူးဘူးနော် ၀ိတ်ချတာ )...။ ဗိုက်ထဲက တဂွီဂွီမြည်လာတော့ မီးဖိုထဲဝင် ရှိတဲ့ ဂျုံခေါက်ဆွဲစည်းလေး တစ်စည်းပြုတ်လိုက်တယ်...။ ဆီချက်က ချက်ထားပြီးသား...။ ပန်းကန်ထဲကို ဆီချက်ထည့် မြေပဲဆံထောင်းထားတာထည့် ငရုတ်ကောင်း ပဲငံပြာရည်အနောက် ငါးငံပြာရည် သကြား ပြီးတော့ ပြုတ်ထားတဲ့ ဂျုံခေါက်ဆွဲထည့်မွှေလိုက် ကြက်သွန်မိတ်လေးဖြူးလိုက် စားလို့ရပြီဒါဆို...။ အအီပြေလိမ္မော်ရည်လေးနဲ့....။ အချဉ်ဖတ်နဲ့ မစားချင်လို့...။


မိုးငွေ့

2 comments:

Unknown said...

လိမ္မော်ရည်လေးတော့ သောက်သွားတယ်..။
ရှုပ်ထွေးနောက်ကျိနေတာတွေ သက်သာလို သက်သာငြားပေါ့...ညိုရယ်

blackroze said...

သရေတွေကျသွားပါကြောင်း...
မကြီး...စာတွေမရေးဖြစ်ဘူးမကြီးရာ
စာတွေလဲသေချာလိုက်မဖတ်ဖြစ်ဘူး