Thursday, 9 December 2010

ရိုးစင်းတဲ့ မြန်မာစာ ပဲပြုတ်ထမင်းကြော်

မြန်မာစာကို တရုတ်စတိုင်လ်တူနဲ့စားမယ်


ပဲပြုတ်ထမင်းကြော်.... မြန်မာစာလေး....။ သက်သတ်လွတ်စားလို့ မနက်စာကို လမ်းလျှောက်အပြန် ပဲပြုတ်ဝယ်ခဲ့တယ် နှစ်ရာဖိုး....။ ကြက်သွန်နီးပါးပါးလှီးကို ဆီးသတ်ပြီး နနွင်းထည့်တာနည်းသွားလို့ထင်တယ် အရောင်မှိန်နေတယ်...။ ထမင်းကြမ်းကို ခြေပြီးထည့် ဆား အချိုမှုန့်လေးခတ် ထမင်းအရောင်ညီသွားရင် ပဲပြုတ်လေးထည့် ပဲလုံးလေးတွေ မကြေအောင် သတိထားမွှေပေး အိုးပူနည်းနည်းတိုက်ပြီး စားလို့ရပြီ.. ။ ပဲပြုတ်ထမင်းကြော်ကို တွဲဖက်စားသုံးတာကတော့ ရှမ်းပြည်က လက်ဆောင်ရထားတဲ့ ဂျူးမြစ်ချဉ်နဲ့ ကြက်သွန်ချဉ်။ ကြက်သွန်ချဉ်က ကိုယ့်ဘာသာကိုယ်လုပ်လိုက်တာ..။ ကြက်သွန်မထူမပါးလှီးရေဆေးပြီး ကြက်သွန်ဖြူ ငရုတ်သီးစိမ်းပါးပါးလှီး ဆားလေးဖြူး သံပုရာသီးလေး ညှစ်လိုက်။ ရပြီ...။

ဒါမျိုး ရိုးစင်းတဲ့ ထမင်းကြော်လေးကို မစားရတာကြာပြီဖြစ်တဲ့ ပြည်ပက သူငယ်ချင်းတွေအတွက် တင်ပေးလိုက်ပါတယ်...။ ဟိုမှာက ပဲပြုတ်မရ ဘာမရနဲ့ ကြော်နည်းလေး မေ့သွားမှာစိုးလို့ပါ...။ ကြက်ဥ ဟပ်ဖရိုက်ကြော်လေးနဲ့ဆိုပိုကောင်းမယ် သက်သတ်လွတ်မို့မထည့်တာပါ..။


မိုးငွေ့

7 comments:

SHWE ZIN U said...

အင်း ဒီမှာတော့ မရိုးနိုင်တဲ့ နံနက်စာ ပါဘဲ အမြဲစားရတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

လင်းခေတ်ဒီနို said...

မမမီးးးးးးးးးးးးးးးးးးး

ချိတ်တိုရာပီနော် . . . ငတ်နေပါတယ်ချိုမှ ချားချရာကြီးပဲ စွတ်တင်နေတော့တာပဲး))))

ချာရေးပါဦးဗျို့းးးးးးးး)

ခင်မင်တဲ့
ဗညား

မိုးယံ said...

ပဲပြုတ်ထမင်းကြော် ကြိုက်သူတစ်ယောက် ကိုယ့်ဇွန်းနဲ့ ကိုယ် လာစားသွားတယ် တူနဲ့ ဆိုပြီးမှာကို မဟုတ်ဘူး...

ဧပရယ်လ်ပူး@ပူးတေ said...

မမိုးငွေ့ ထမင်းကြော်လေးက စားချင်စရာလေး။ အရောင်မနည်းဘူးမမရဲ့။ ဒီအရောင်လောက်လေးပဲ ပူးတေက ကြိုက်တာ။ ကြက်သွန်ချဉ်လေးနဲ့ ဆိတ်သားခြောက်မီးဖုတ်လေးနဲ့ ကော်ဖီပူလေးနဲ့ဆို ရှယ်ပဲနော်..... အဲ ပူးတေတော့ ကွိုင်ပဲ သတ်သတ်လွတ်သမားကို ဆိတ်သားခြောက်ဖုတ်တဲ့...:)

ပူးတေမှာ ပဲပြုတ်တထုတ်ဝယ်ထားပြီး မစားရသေးဘူး... စားချင်စိတ်လဲ မရှိတော့ပါဘူး.. ပဲပြုတ်က မမတို့လို လတ်လတ်ဆတ်ဆတ် မဟုတ်ပဲ ဆိုင်မှာက ဘယ်နှစ်ရက်လောက်ခဲထားလဲ မသိ... ပူးတေအိမ်မှာခဲထားတာတောင် တပတ်ကျော်နေပြီ... ရန်ကုန်က မနက်မိုးလင်းရင် အော်တဲ့ ♫ ♫ဟောဒီက ပဲပြုတ် ♫ ♫ ဆိုတဲ့ အသံလေးတွေကို လွမ်းမိတယ်မမရယ်...

မမမိုးငွေ့ရေ ပူးတေစက်ချုပ်နေတယ်ဆိုတာ ပူးတေဝယ်ထားပြီး အောက်ပိုင်းမဖြစ်ရသေးတဲ့ ပူးတေနဲ့ မစ္စတာပီရဲ့ ဂျင်းဘောင်းဘီတွေ စတိုင်ပန်တွေကို ဖြတ်ပြီး ပြန်ချုပ်နေတာမို့ မပြတော့ဘူးနော်... ဒီမှာက ဂျင်းဘောင်းဘီဖြတ်ရင် တထည် ၅ ကျပ် လေ... စတိုင်ပန်ဆို ရိုးရိုးစက်နဲ့ချုပ်ရင် ၈ ကျပ်၊ လက်ချုပ်ဆို ၁၀/ ၁၂ ကျပ်မို့ ကိုယ့်ကို ပြန်ချုပ်လိုက်တာ နှစ်ယောက်ပေါင်း ဒေါ်လာ ၂၀ လောက်သက်သာသွားတယ်မမရေ... ပူးတေရဲ့ စတိုင်ပန် တထည်ကတော့ လက်ချုပ်လဲ လက်ချုပ် ကော်လဲကပ်ရမှာမို့ ဆိုင်ပဲသွားမလား စဉ်းစားနေတာ... ကော်က်ပလိုက်ရင် မီးပူက တခြားအဝတ်တွေ တိုက်မယ်ဆို သိပ်မကောင်းတော့ဘူးလေ... မီးပူ ဈေးသက်သာလေးတလုံးလောက်ဝယ်ပြီးရင်တော့ ကိုယ်တိုင်ကော်ကပ်ဖြစ်မလားပဲ....ဒီမှာက ပိတ်စတွေက ပိုဈေးကြီးတယ်မမ။ ဒါကြောင့်ပူးတေက alteration ပဲ လုပ်တာပါ။ စာထဲမှာ သိပ်မရှင်းဘူးဖြစ်သွားတာ...ဆောရီးမမ။ ရန်ကုန်မှာတော့ သူငယ်ချင်းတွေက ပူးတေချုပ်တဲ့ သုံးလွှာစကပ်ထမီ ဝတ်ပြီးရင် တခြားသူတွေ ချုပ်တာ မဝတ်တတ်တော့ဘူးတဲ့... :P ကောင်းလွန်းလို့တဲ့လေ (စိတ်ညစ်ဖို့ကောင်းတာ ဟုတ်ဖူးနော်) :)

ခင်မင်စွာဖြင့်
ပူးတေ

သက်ဝေ said...

စပါကတီထက် ထမင်းကြော်ကို ပိုကြိုက်လို့ ဒီမှာ အားပေးသွားတယ်.. ကြက်သွန်ချဉ်လေးက စားချင်စရာတကယ်ကောင်း...း))

မောင်သီဟ said...

ထမင်းကြော် ဟူးး ည ၁၂ခွဲ ဗိုက်ဆာနေတာ ဒွတ်ခပဲ

kokoseinygn said...

ရိုးစင်းတဲ့မြန်မာစာ ဆိုပေမယ့်
ဘယ်တော့မှမမေ့နိုင်ပါဘူးဗျာ