Friday, 10 December 2010

အသားလုံးခေါက်ဆွဲပြုတ်



ယိုးဒယားစာပါပဲ... ကွေသယိုပြုတ်ပါပဲ....။ ဒါပေမယ့် ကျမက ညှပ်ခေါက်ဆွဲမသုံးဘဲ ကြက်ဥဂျုံအမျှင်သေးလေးကို ပြုတ်လိုက်တာ...။ မနေ့က အမေနယ်ပြန်မယ်ဆိုလို့ အဒေါ်တွေမှာတဲ့ ၀က်အူချောင်းတို့ လ္ဘက်တို့ ပုဇွန်ချဉ်တို့ကို စီးတီးမတ်မှာ သွားဝယ်တယ်...ဒါနဲ့ နောက်နေ့မနက်စာအတွက် အသားလုံးခေါက်ဆွဲလေးလုပ်စားမယ်ဆိုပြီး ငရုတ်ကောင်းပါပြီးသား ကြက်သားလုံးလေးတစ်ထုပ်ဝယ်လိုက်တယ်...။ ရွှေပဲရွက်သုံးစည်း တရုတ်နံနံတစ်စည်း ကြက်သွန်မိတ် တစ်စည်းနဲ့ မြေပဲဆံလှော်ပြီးသားတစ်ထုပ်ဝယ်တယ်...။

လုပ်နည်းလေးကတော ဂျုံခေါက်ဆွဲကို ပြုတ် ရေအေးမှာ စိမ်ပြီးစစ်ထားလိုက်...။ ကြက်သွန်ဖြူဆီချက် ချက်လိုက်တယ် အမှန်တော့ ဆီချက်ထဲကိုမွှေးအောင် နာနတ်ပွင့်ထည့်ရင်ပိုကောင်းပါတယ်...။ နောက် ရေနွေးအိုးထပ်တည် ကြက်သားခဲလေးတစ်ခဲပစ်ထည့် ရေဆူရင် အသားလုံးထည့်ပြုတ်ထားလိုက်...။ ခေါက်ဆွဲကို ကိုယ်စားချင်သလောက်လေးပန်းကန်ထဲထည့် မြေပဲဆံလှော်ထောင်းထားတာထည့် စားပွဲတင် ပဲငံပြာရည် အရောင်ရအောင် နည်းနည်းထည့် ဆီချက် သကြား ဆား ငရုတ်ကောင်း သံပုရာသီးလေးညှစ်လိုက်ဦး... ပြီးရင် ကြက်သားလုံးနဲ့ ကြက်ပြုတ်ရည်လေးလောင်းထည့်လိုက်။ အိုကေ...အရမ်းကိုမွှေးပြီး ဂွတ်တဲ့ ခေါက်ဆွဲပြုတ် တစ်ခွက်ရပြီ....။ ခေါက်ဆွဲစားပြီးမှသတိရတယ် ရွှေပဲရွက်ရေနွေးဖျောထည့်ဖို့ကျန်သွားတယ်...။


မိုးငွေ့

မှတ်ချက်။ ။ အမှန်တော့ ဒီလက ကျမဘလောက်နှစ်နှစ်ပြည့်တဲ့လလေးပါ... ပြီးတော့ ကျမတို့ရဲ့ ဆယ့်တစ်နှစ်ပြည့် နှစ်ပတ်လည်လလေးလည်းဖြစ်တယ်...။ ထူးထူးခြားခြားဘာမှ မလုပ်နိုင်တဲ့အတွက် လာသမျှသူတွေကို မိုးငွေ့လက်ရာ အစားအစာတွေနဲ့ပဲတစ်လလုံး ဧည့်ခံသွားပါ့မယ်...။

6 comments:

အဖြူရောင်နတ်သမီး said...

11နှစ်တောင်ပြည့်ပြီလား...ပျော်စရာကြီးနော်မမိုး...။
ဘလော့ဂ်2နှစ်ပြည့်လေးအတွက်ရော...
မမိုးတို့ရဲ့11နှစ်ပြည့်လေးအတွက်ပါ ဆုတောင်းပေးရင်း ခေါက်ဆွဲပြုတ်လေး နည်းနည်းလောက်ထပ်ထည့်ပေးပါအုံး..ဟီး
စားလို့ကောင်းလို့...

SHWE ZIN U said...

၁၁နှစ် ပြည့် နဲ့ ၂နှစ် ပြည့် အတွက် ဂုဏ်ယူပါတယ်ဗျာ

ခင်မင်စွာဖြင့်

ရွှေစင်ဦး

အင်္ဂါဟူး said...

11 ရယ် 2 နှစ် ရယ်မှသည် နောင်နှစ်ပေါင်းများစွာ ပျော်ရွှင်နိုင်ပါစေ... အသားလုံးခေါက်ဆွဲတော့ တစ်ဝ ကစ်သွားဒယ်ဗျို့..

ချော(အစိမ်းရောင်လွင်ပြင်) said...

၁၁နှစ်ပြည့်မှသည် နှစ်ပေါင်း ၁၀၀ ကျော်တိုင်ပါစေ
ဘလောဂ် ၂နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာတိုင် စာတွေရေးနိုင်ပါစေ
စိတ်ချမ်းသာကိုယ်ကျန်းမာ ရှိပါစေ မမိုးရေ...
ခေါက်ဆွဲလေးလည်းမြည်းသွားပါတယ်ရှင်

ရွှေရတုမှတ်တမ်း said...

၁၁ နှစ်.....ဂုဏ်ယူစရာပဲ..( ၁၁နှစ်လုံးလုံး ဒုက္ခခံနေရသူကိုတော့ အားနာသား)
၂ နှစ်...ဪ..ဝါသနာ...ဝါသနာ..

သက်ဝေ said...

၁၁ နှစ်နဲ့ နှစ် နှစ် အတွက် ဒီလို ပေါင်းကျွေးလို့ရရိုးလား... နောက်တခါ ထပ်ကျွေးပါ.......း))