Thursday, 2 December 2010

ယိုးဒယားမုန့်လုံးရေပေါ်

ကောက်ညှင်းမှုန့်ကို အရောင်တွေနဲ့နယ်ထားတာ


လုံးပြီးပြုတ်ထားတဲ့ မုန့်လုံးရေပေါ်ရောင်စုံတွေ


အသင့်စားသုံးလို့ရပါပြီဖြစ်တဲ့ ရောင်စုံယိုးဒယားမုန့်လုံးရေပေါ်


ှSweet December ဖြစ်တဲ့ ဒီဇင်ဘာတစ်ရက်နေ့လေးမှာ လာလည်ကြတဲ့ မောင်နှမအပေါင်းကို အချိုပွဲလေးနဲ့တည်ခင်းချင်ပါတယ်...။ ပုံမှာပြထားတဲ့ စားချင်စဖွယ် ယိုးဒယားမုန့်လုံးရေပေါ်လေးပါ...။ ကျမတို့မြန်မာမုန့်လုံးရေပေါ်လို မုန့်လုံးထဲကိုဌာပနာထည့်စရာမလိုဘူး... ကောက်ညှင်းမုန့်ထဲကို ဆားနည်းနည်းထည့်ပြီး ကိုယ်ကြိုက်တဲ့အရောင်လေးတွေနဲ့ သပ်သပ်စီနယ်ထားတယ်...။ ကျမတို့ငယ်ငယ်က ရှမ်းပြည်မှာစားဖူးတာတော့ ခုလို ရောင်စုံနဲ့မဟုတ်ဘဲ ရိုးရိုးကောက်ညှင်းအဖြူလုံးလေးတွေပါ...။ ခုတော့ တစ်ခေတ်ဆန်းပြီး အမြင်လှအောင်ဆွဲဆောင်တဲ့ ရည်ရွယ်ချက်နဲ့ အရောင်လေးတွေထည့်လာကြတယ်လို့ ထင်ပါတယ်...။ ကဲပါ....မုန့်အကြောင်းလေးဆက်ကြစို့...။ မုန့်ရောင်စုံတွေကို ရေဆူဆူမှာ လုံးပြီး ပေါလောပေါ်လာရင် ရေအေးမှာ စိမ်ထားလိုက်...။ ဒါကတော့ ကျမတို့မြန်မာမုန့်လုံးအတိုင်းပါပဲ...။ အားလုံးပြီးရင် ညှစ်ထားတဲ့ အုန်းနို့အရည်ကိုကြို သကြားလိုသလောက်ထည့် ဆားအနည်းငယ်ခတ်ပြီး ရောင်စုံမုန့်လုံးလေးတွေကို ထည့်လိုက်ရင်ရပြီ....။ စားလိုက်ရင်...အရသာလေးက ချိုဆိမ့်မွှေးတဲ့အရည်လေးနဲ့ မုန့်အသားနူးနူးညံ့ညံ့လေးကို တပြိုင်တည်းလျှာပေါ်မှာခံစားထိတွေ့ရမှာပါ...။

သူငယ်ချင်းအားလုံးပဲ Sweet December မှာ မိုးငွေ့ရဲ့ အချိုပွဲလေးကိုသုံးဆောင်အားပေးရင်းနဲ့ ပျော်ရွှင်နိုင်ကြပါစေ....။


မိုးငွေ့


13 comments:

မြူးမြူး said...

မုန့်ကြာစေ့နဲ့ပိုတူတယ်.. နော်.. မုန့်လုံးရေပေါ်က အရည်ပါဘူးမို့လား.. ရခိုင်တွေနတ်တင်တဲ့ မုန့်ကြာစေ့က အဲလိုပဲ အရည်ဖြူဖြူလေးနဲ့.. ရောင်စုံတော့ဟုတ်ဘူးရယ်.. အဖြူရောင်ချည်းပဲ.. :)

အင်ကြင်းသန့် said...

မုန့်လုံးရေပေါ်လေးတွေက ချစ်စရာလေးတွေ....ဟီးဟီး

~ဏီလင်းညို~ said...

မုန့်လုံးလေးတွေက ကာလာစုံနဲ့ ချောမှချောပဲဗျိုးးးးးးး.........။
အဲ့ဂလို မုန့်လုံးရေပေါ်ဆို စားချင်စရာလေး.....။
အနော်က အထဲမှာ ထန်းလျက်ပါတဲ့ မုန့်လုံးရေပေါ်ဆိုကြိုက်ဘူးရယ်ဗျ....။ ချိုလို့လေ....:P

မြန်မာပြည်ပြန်လာရင် လုပ်ကျွေးရပါမည်....။ ဒါပဲနော်......ဟွမ်းးးးးးး

ခင်မင်ခြင်းအားဖြင့်.....
ဏီလင်းညို

သက်ဝေ said...

အုန်းနို့ပါရင် ဘာမဆို ကြိုက်.....း))

သဒ္ဓါလှိုင်း said...

ဒါနဲ့ မမိုးရေ..
မုန့်လုံးရေပေါ်ထဲ ငရုတ်သီးပါသေးလားဟင်..
ကိုဏီလင်းကိုကျွေးမလို့..(ထန်းလျက်မကြိုက်ဘူးဆိုလို့နော်..း)

ခင်မင်တဲ့
သဒ္ဓါ

ညိမ်းနိုင် said...

တည့်ဘူးဗျ အုန်းနို့နဲ့...၊ဒါပေမယ့် မြည်းတော့မြည်းသွား
တယ်ဗျိုး...:)

Anonymous said...

မုန့် လုံးရေပေါ် က ကျွန်မသိပ်ကြိုက်တဲ့
အစားအစာ တစ်ခုပါပဲ။
ခုတော့...အမြင်လေးနဲ့ ဝရင်း
မှန်းကာ ခံစား အနံ့ ရှူရင်း
ကျေနပ်ရပြန်တယ်။ :)
..ခင်မင်လျှက်..ခင်မာလာအောင်..:)

SHWE ZIN U said...

မုံ့လုံးလေး တွေ မဟုတ်ဘဲ ခဲဖျက်တုံး လေးတွေ မှတ်နေတာ

စားသွားပါတယ်ဗျာ
ခင်မင်စွာဖြင့်
ရွှေစင်ဦး

Beauty Studio USA Branded Store said...

ရောင်စုံမုန်လုံးပေါ်လေး လာစားသွားတယ်။

ဧပရယ်လ်ပူး@ပူးတေ said...

မုန့်လုံးလေးတွေက ချစ်စရာလေးတွေ စားရက်စရာတောင်မရှိဘူး.... လှလွန်းလို့... လုပ်တဲ့လူနဲ့ တူလို့ထင်တယ်နော်

အဖြူရောင်နတ်သမီး said...

အရောင်လေးတွေနဲ့တော့...
စားချင်စရာလေးနော်...
စားးးးးမယ်..............

ကြယ်ရောင်မှတ်စု said...

အစ်မမိုးငွေ့ :) လာတာနောက်ကျသွားတယ် :) ရှိသေးရင်နည်းနည်းကျွေး :)

blackroze said...

တွေ့တာနဲ့စားချင်စရာလေးတွေ
မကြီးမိုးငွေ့ရာ..
ရောင်စုံတွေဆိုတော့လှနေတာဘဲ