Wednesday, 15 December 2010

ကိုးရီးယားခေါက်ဆွဲပြုတ်






ကိုယ်တိုင်လုပ်ခေါက်ဆွဲမဟုတ်ပေမယ့် ကိုယ်တိုင်ပြုတ်ထားတာပါ....။ မောင်လေးတစ်ယောက်ကညွှန်းလိုက်တာ ဒီခေါက်ဆွဲထုပ်လေးစားကောင်းတယ်တဲ့...။ ဒါနဲ့ ဒီနေ့မနက်စာကို ထမင်းရှိလျက်နဲ့မကြော်စားဖြစ်ဘဲ ခေါက်ဆွဲပြုတ်စားလိုက်တာ... ရွှေပဲရွက်ကလေးထည့်လိုက်တော့...အရသာက ရှမ်းခေါက်ဆွဲလိုလို ဘာလိုလိုနဲ့...။ စပ်တော့နည်းနည်းစပ်တယ်...။ အဲဒါစားပြီး ကော်ဖီတစ်ခွက် သောက်လိုက် ရတယ် ပူစပ်စပ်ဖြစ်နေလို့...။

မိုးငွေ့

7 comments:

SHWE ZIN U said...

အယ် ပွတာပဲ ခေါက်ဆွဲစားပြီး ကော်ကော်သောက်မယ်

ရတယ်နော်
ရွှေစင်ဦး

ဧပရယ်လ်ပူး@ပူးတေ said...

ခေါက်ဆွဲပြုတ်ပဲ စားသွားတယ် မမမိုးငွေ့ရေ....

ကော်ဖီတော့ သောက်တော့ဘူး... ပူးတေနဲ့ မတည့်လို့ :)

ပါရမီဖြည့်ဖက်လေး said...

ခေါက်ဆွဲပြုတ်ဆို ချဉ်ချဉ်စပ်စပ်မှ ကြိုက်တာ။ ကော်ဖီလေးက သောက်ချင်စရာလေး။ ကော်ဖီလည်းကြိုက်တယ်။

kokoseinygn said...

ကိုရီးယားခေါက်ဆွဲကိုတခါတစ်လေမှ
စားပါဗျာ..အမြဲစားရင် ဆံပင်တွေပါးတယ်
ထိပ်ပြောင်တယ်..ဆံပင်ဖြူတယ်...
စေတနာဖြင့် အကြံပေးတာပါ။

နိုင်းနိုင်းစနေ said...

ကင်းချီပါတဲ့ဟာဆို စားကောင်းတယ်..
ဒါပေမယ့် ယိုးဒယားချဉ်စပ်ခေါက်ဆွဲထုပ်ကို ပိုကြိုက်တယ်း)

ကြယ်ရောင်မှတ်စု said...

အမမိုး......အောက်ကသုံးမျိုး ကျနော်စားမယ် အစ်မက အပေါ်ဆုံးကဟာ စားနော် :)

ခင်တဲ့(ဖိုးကြယ်)

Anonymous said...

ကျန်ပုံတော့သိပ်မကြိုက်ဘူး...
ကိုရီးယားခေါက်ဆွဲဆိုရင် ဂန်ဂျက်မြန့်ရယ်..
ရှင်းလာမြန့် ရယ်ကြိုက်တယ်