ငွေမှင်ရောင်ဆံနွယ်ရှည်ရှည်ဖားလျားချထားသော…….. အဖြူဆွတ်ဆွတ်တောင်ပံတစ်စုံတို့တဖျတ်ဖျတ်ခတ်နေသော..... စိမ်းဖန့်ဖန့်မျက်ဆံတို့ဖြင့်လင်းလက်နေသော…… ကိုယ်ရောင်ကိုယ်ဝါနဲ့ နတ်သမီးတစ်ယောက်အသွင် ဖန်ဆင်းထားခဲ့တဲ့ ကိုယ်…..။
နက်မှောင်သောဝတ်ရုံရှည်………. စူးရှသော မျက်ဝန်း….ခိုင်မာသောမေးရိုး ….. နီစွေးထူထဲသော နှုတ်ခမ်းတစ်စုံတို့ဖြင့်…..ဝတ်ရုံအနက်ရဲ့ ခေါင်းစောင်းနဲ့အုပ်မိုးထားတာတောင် ကြည်ရှင်းတဲ့ သူ့မျက်နှာကို ကိုယ်မြင်ဖြစ်အောင်မြင်လိုက်သေးရဲ့……။
တစ်ခါက … အောက်တိုဘာနောက်ဆုံးညမှာ ကိုယ်ဆင်မြန်းချင်ခဲ့သော သေမင်းရဲ့တမန်တော်ရုပ်လုံးနဲ့ မင်းက ဘာကြောင့် ကြောက်စရာကောင်းတဲ့ ဇာတ်ရုပ်ကို နှစ်သက်ရသလဲလို့မေးခဲ့ဖူးတယ်…။ တကယ်ဆို ကိုယ်ဟာ မင်းရဲ့ အနားမှာ အတောင်ပံတစ်စုံနဲ့ သိပ်လှသော ဝတ်ရုံဖြူဆွတ်ဆွတ်နဲ့ နတ်သမီးတစ်ပါးဖြစ်သင့်တာတဲ့လေ…..။
ငွေနှင်းမှုန်ကလေးတွေခပ်ပါးပါးလွှင့်ကျလာကြပြီ………..။
အိန်ဂျယ်ရေ……. မင်းသိပ်ချမ်းနေပြီလား…..။
မင်းရဲ့နက်မှောင်သော ဝတ်ရုံက မင်းကိုနွေးထွေးမှုတွေပေးစွမ်းနိုင်ရဲ့လား…..။
မင်းအကြောင်းတွေးလိုက်တိုင်း လှုတ်ခတ်သွားတတ်တဲ့ နှလုံးသားတစ်စုံရဲ့နွေးထွေးမှုရယ် လှပသော ရင်ခုန်သံစည်းချက်များနဲ့အတူ ကိုယ်ထွေးပိုက်ပါရစေ……။ ကိုယ့်အတောင်ပံအောက်မှာ လာနားခိုလှည့်ပါ…..။
မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပေမယ့် အောက်တိုဘာညရဲ့နောက်ဆုံးမှာသာသောလကတော့ ကိုယ့်စိတ်ကူးတွေ ကိုယ်ရဲ့တမ်းတလွမ်းဆွတ်မှုတွေကို ချစ်ခြင်းအားဖြင့် မင်းဆီကို အရောက်ပို့ဆောင်ပေးလိမ့်မယ်လို့ ကိုယ်ယုံကြည်ပါတယ်…..။
မြောက်ပြန်ဆောင်းလေအေးက… ရင်ထဲကြောထဲစိမ့်ခနဲနေအောင်တိုက်ခတ်လိုက်တယ်….။ လှုပ်ခတ်သွားတဲ့ ကုက္ကိုကိုင်းနောက်ကွယ်မှာ…. တိမ်မျှင်စငယ်လေးနောက် ပုန်းလျှိုးနေတဲ့ အောက်တိုဘာညရဲ့နောက်ဆုံးမှာသာတဲ့လ……။ ခပ်ရဲရဲ ကိုယ်ထင်ပြလိုက်ပါ လမင်းငယ်…..။ ကိုယ်နဲ့အတူ အောက်တိုဘာရဲ့နောက်ဆုံးညကို နှုတ်ဆက်လိုက်ကြရအောင်…။
မိုးငွေ့
3 comments:
အောက်တိုဘာရဲ့နောက်ဆုံးညမှာသာတဲ့လ….
ဟာ မနေ့ညက သာတဲ့လကို ကြည့်လိုက်ရဘူး
လမင်းငယ်က ရိုးမြေကျရဲ့ အိမ်နာမည်ပဲမမ
ကတောက်...အနှီညက ဒီမှာ မိုးအုံ့နေတာ ဆိုးပ...း)
မြူနှင်းတွေကြားက
သာနေတဲ့ လမင်း
အိန်ဂျယ်ရဲ့ ရင်တွင်းမှာလည်း လင်နေမှာပါ ။
Post a Comment