ညီမတစ်ယောက်လိုချစ်ခင်ရသောသူက ကိုယ့်ကို ဒီသီတင်းကျွတ်လာကန်တော့သွားတာ.....။ လပြည့်နေ့က အရင်ဦးစွာ အိမ်မှာ မွေးသမိခင်ကို Aldorado ကိတ်မုန့်တိုက်က Cheese ကိတ်ရယ် ငွေရယ်နဲ့ ကန်တော့ပါတယ်...။ ပြီးတာနဲ့ အဖွားနဲ့ ဦးလေးတို့ကိုသွားကန်တော့ဖြစ်ခဲ့တယ်...။
အဖွားက အသက်ရှစ်ဆယ်ကျော်နေပြီ... သားသမီးမြေးတွေကိုလည်း မမှတ်မိတော့ဘူး...။ ကျွန်မတို့ကန်တော့တဲ့မုန့်ကိုထုတ်ကြီးပြီး တစ်ခါးတည်းဖောက်စားပါတယ်..။ အဲဒီကတဆင့် မြောက်ဒဂုံမှာ ရှိတဲ့ အဖေ့ညီကို သွားကန်တော့ပါတယ်...။ ဦးလေးကတော့မရှိတော့ပါဘူး ဦးလေးမိန်းမ အဒေါ်ကိုကန်တော့ခဲ့တယ်... တစ်နှစ်မှတစ်ခါဆုံဖြစ်တဲ့ အစ်မ၀မ်းကွဲနဲ့ ဓါတ်ပုံတွေ ရိုက်ခဲ့တယ်...။ မြောက်ဒဂုံကပြန်လာတော့ အိမ်မှာခနနားပြီး ညနေသုံးနာရီမှာ ညီမတစ်ဝမ်းကွဲတစ်ယောက်က သန်လျင်ကျိုက်ခေါက်ဘုရားမှာ ဆီမီးတစ်ထောင်သွားထွန်းဖို့ခေါ်ထားလို့ စုရပ်နေရာကို ကားသွားစီးကြတယ်...။
ကျိုက်ခေါက်ဘုရားက ညနေခြောက်နာရီမှ ဆီမီးထွန်းမှာမို့ သန်လျင်ကျော်ပြီး ကျောက်တန်းနဲ့ သန်လျင်အစပ်က သာသနာ့သိပ္ပံဘုန်းတော်ကြီးကျောင်းက ဘုန်းဘုန်းကိုဝတ္ထုကပ်ရင်း ကျောင်းဝင်းထဲက ဆီမီး 2700 ထွန်းညှိပူဇော်တာကိုပါဝင်ဆင်နွှဲခဲ့ကြပါတယ်...။
ပါဒခေတ်က ရှေးဟောင်းဘုရားတစ်ဆူဖြစ်ပါတယ်..။ ဘုရားကိုတွေ့ရှိခဲ့ပုံအကျဉ်းကို ဘုန်းဘုန်းကပြောပြခဲ့ပါတယ်...။ ပါဒခေတ်မှာ အုတ်တွေ အင်္ဂတေတွေမရှိသေးတော့ ဂ၀ံကျောက်ကိုလေးဒေါင့်တုံးပြီး ဘုရားဆင်းတုတော်တွေထုခဲ့ကြပါတယ်...။ ဒီဘုရားကို ကျောက်တန်းမြို့နယ်က ရွာကလေးမှာ ချုံနွယ်တွေကြား ခေါင်းတော်ပြတ်ပြီး လှောင်းလျက်အနေထားမှာတွေ့ခဲ့ရပါတယ်...။ အဲဒီခေတ်က ဌာပနာကို ဦးခေါင်းတော်မှာ ထည့်သွင်းတာကြောင့် ဌာပနာဖောက်ပြီးယူသွားလို့ ဦးခေါင်းတော်ပြတ်နေတယ်လို့ ယူဆခဲ့ကြပါတယ်...။ ဘုန်းဘုန်းက ဂ၀ံကျောက်နဲ့ထွင်းထုထားတဲ့ ဘုရားကို ဗိသုကာပညာရှင်များနဲ့ တိုင်ပင်ပြီး ဦးခေါင်းတော်ပြန်ဆက် ခန္ဓာတော်ကို အင်္ဂတေကိုင် ရွှေသင်္ကန်းကပ်လှူပူဇော်လိုက်တဲ့အခါတော့ ခုလို့ပုံထဲကအတိုင်း သပ္ပာယ်လှတဲ့ ရုပ်ပွားတော်တစ်ဆူဖြစ်လာခဲ့ပါတယ်...။ ဘုရားရဲ့နာမဘွဲ့တော်ကတော့ သီဟသကျသိဒ္ဓိ (ဘုန်းဘုန်းနှုတ်ကပြောလို့မှတ်ထားတာပါ...ဘွဲ့တော်မှားခဲ့ရင် ကျွန်မအပြစ်သာဖြစ်ပါတယ်)...။ လောလောဆယ် ကျောင်းဆောင်ကိုအကြီးဆောက်လှူထားပါတယ်...။ ကျွန်မတို့သွားတော့ ပါကေးကြမ်းခင်းတောင် ပေါလစ်မသုတ်ရသေးပါဘူး...။ စိတ်ဝင်စားသူများလှူချင်သူများ သန်လျင် GTC ကျောင်းကျော်သွားပြီးဆယ်မိနစ်လောက်ဆိုရင် လမ်းမရဲ့ညာဖက်ခြမ်းမှာ သာသနာ့သိပ္ပံဘုန်းတော်ကြီးကျောင်းဆိုတဲ့ ဆိုင်းဘုတ်လေးထောင်ထားတဲ့ ရွာအ၀င်လမ်းကလေးရှိပါတယ်...။ လမ်းကကျဉ်းပြီး နဲနဲကြမ်းပါတယ် အထဲကို ဆယ့်ငါးမိနစ်လောက်မောင်းရပါတယ်...။
ဘုန်းဘုန်းက ရွာထဲက ကလေးတွေကို လပြည့်ညမှာ အအေးဗူးတွေဝေပေးနေတာပါ
ဆီမီး နှစ်ထောင့်ခုနှစ်ရာ အားလုံးန၀င်းဂဏန်းနဲ့မို့ ဆီမီးကိုလည်းကိုးဂဏန်းနဲ့ပူဇော်တာပါ
ညခြောက်နာရီမှာ ကျိုက်ခေါက်ဘုရားကိုဆီမီးတစ်ထောင်ပူဇော်ဖို့ပြန်လာခဲ့ကြပါတယ်...။ ဘုရားရှေ့မှာ ကားတွေများ ပိတ်ညှပ်သိပ်လို့..။ ဘုရားဝင်းထဲကို မနည်းဝင်ခဲ့ရတယ်...။
ကျိုက်ခေါက်စေတီ ရင်ပြင် သောကြာဒေါင့်မှာ ဆီမီးတစ်ထောင်ပူဇော်နေကြပုံ
ကျိုက်ခေါက်ဘုရားပေးက မြင်ရတဲ့ သီတင်းကျွတ်လပြည့်လ
ကျိုက်ခေါက်ဘုရားလှေကားအဆင်း
လမ်းမပေါ်ကနေဖူးမြင်နေရတဲ့ ဆံတော်ရှင်ကျိုက်ခေါက်စေတီတော်
ရေကျော် သီတင်းကျွတ်ပွဲဈေးတန်းကလုပ်တာ ငါးရက်ပါ လပြည့်ကျော်တစ်ရက်က နောက်ဆုံးနေ့.. ပွဲဈေးထဲဘာများရှိမလဲ ရေမုန့်နဲ့ဗူးသီးကြော်ဆိုင်ပေါ့...။ ဘာပဲဖြစ်ဖြစ် အပျင်းပြေ ကျွန်မနဲ့ ပွဲဈေးလေးထဲမှာဘာတွေရောင်းကြသလဲဆိုတာ လိုက်ကြည့်ရအောင်...။
ရေကျော် 51လမ်းအထက်လမ်းကပြတဲ့ ဗုဒ္ဓ၀င်ပန်းချီဗီနိုင်းတွေ
ရေကျော်ပွဲဈေးတန်းထိပ်က မိုးပျံပူပေါင်းအရုပ်စုံတွေ
မုန့်အာပုံ
အာတာပူစီ
ရောင်စုံထိုင်ဝမ်အအေးတွေ
ကောက်ညှင်းကျည်တောက်
ငုံးနဲ့ ငုံးဥကြော်
ထမနဲ
ကျောက်ကျောရောင်စုံတွေ
ဝက်သားတုတ်ထိုး
မစားရတာတောင်အတော်ကြာပြီ
ဆူရှီလိတ်နဲ့ကြက်ကြော်
အုန်းနို့အာပုံမုန့်
လူနဲ့လှည့်တဲ့ ရဟတ်.. စီးကြမလား
ပင်လယ်ဓါးပြသဘောင်္တဲ့
ငါးရာဖိုး သုံးကွင်းတဲ့ ပစ်ကြမလား
အကြော်မျိုးစုံ
ဆန်မုန့်ပေါင်း
ရေမုန့်
ပုရစ်ကြော်
တက်တူးကပ်ခွာ ရေစိုခံ
ကွမ်းယာအချို
ပန်းဆိုးတန်းမှာရောင်းတဲ့ မုန့်လက်ကောက်တဲ့ နာမည်ကြီးတယ်ဆိုပဲ တစ်ထောင်ဖိုးလေးခု... ၀ယ်စားဖြစ်လိုက်သေးတယ်
အရောင်တွေဆိုးထားတဲ့ ငုံးကြော်တွေ... ငုံးမစစ်ဘူးလို့လဲပြောကြတယ် ကြက်ပေါက်တွေတဲ့
အဲလိုဆီသန့်သန့်နဲ့ကြော်တာပါ... ဟီးး
လမ်းငါးဆယ်ထဲက ကာတွန်းပြပွဲ
ညနေပိုင်းက မိုးတွေအသည်းသန်ရွာသေးတယ်.....
တိမ်တွေကြားထဲက လပြည့်ကျော်တစ်ရက်ရဲ့ လပြည့်လ
7 comments:
အင်း...မုန့်တွေမြင်တော့လည်း စားချင်ပါရဲ့...ဒီမှာတော့ လပြည့်လည်းမူး လပြည့်ကျော်လည်း ရူးနေကြတော့ ဘယ်မှတောင် မထွက်ဖြစ်ပေါင်ဗျာ...း(
ကိုယ်လမ်း၅ဝ မှာနေတုံးကတော့
ဒီလိုပွဲတွေမရှိခဲ့တာနာတယ်ကွာ...
ရေကျော်ပွဲဈေးလည်ရတာကို ငယ်ငယ်တည်းက သဘောကျတာာာ စားချင်တဲ့မုန့်ဝယ်စားဗိုက်ကားခဲ့တဲ့ အတိတ်တွေကို လွမ်းတယ်
အာတာပူစီ စားချင်တယ်.... :D
ကိုယ်တိုင်ပွဲဈေးတန်းကို ရောက်သွားသလိုပါဘဲဗျာ ။ သီတင်းကျွတ်လေပြီဆိုတော့
ဘုရားပွဲများ စည်ကားနေရောပေါ့ ။
ဟို ကာတွန်းလေးကြိုက်တာ..
"ဟဲ့..ငါ့ကိုမှတ်မိလား
ကျာင်းတက်တုန်းက
နင်ငါ့ကို ချစ်ခွင့်တောင်းဘူးတယ်လေ..”
:P
ရေကျော်ပွဲကို ကြားပဲကြားဖူးတာ..
အမတင်ပေးမှပဲသေချာမြင်ဖူးတော့တယ်.
ပွဲဈေးကမုန့်တွေစားချင်လိုက်တာ
မုန့်လေးစားရင်..ကာတွန်းလေးလိုက်ဖတ်..မိုက်မှာနော်..
Post a Comment