home made mini burgers
ဟမ္ဘာဂါလုပ္တာ အဆန်းတော့မဟုတ်ပေမယ့်
ကိုယ်တိုင်ဒီလိုမျိုးတစ်ခါမှမလုပ်စားဖူးသေးဘူးလေ...။ အပြင်မှာ
ဒီလိုပဲအလွယ်တကူဝယ်ဝယ်စားဖြစ်နေတာ...။ ရန်ကုန်မှာတော့
ဘာဂါအကောင်းဆုံးဆိုင်က ကျွန်မအထင် အင်းလျားလမ်းက
ဘာဂါဘာစတာဆိုင်တစ်ဆိုင်ပဲရှိမယ်ထင်တယ်... တခြားဆိုင်ကောင်းကောင်းတော့
သိပ်မတွေ့သေးဘူး... သွားမစားဖြစ်သေးတာလဲပါမယ်...။
Market Place
အောက်ထပ်အနောက်နားကဆိုင်တစ်ဆိုင်တော့ရှိတယ် သူကအဓိကရောင်းတာက
နိုင်ငံခြားကလာတဲ့ လက်ဖက်ရည်နဲ့ကော်ဖီစစ်စစ်တွေ ဘာဂါနဲ့ ဟော့ဒေါ့ကိုတော့
Take away ဆိုပြီး ခပ်ကြီးကြီးရေးထားတာတွေ့တယ်... အရသာဘယ်လိုနေလဲတော့မသိဘူး
မမြည်းရသေးဘူး...။
လိုအပ်တာတွေက ၀က်သားကြိတ်သား ၂၀၀ ဂရမ်၊ ကြက်ဥတစ်လုံး၊ ကြက်သွန်တစ်ဥနုတ်နုတ်စင်း၊ ပေါင်မုန့်ကြွပ်မှုန့်ထမင်းစားဇွန်း နှစ်ဇွန်း၊ ကြက်သားမှုန့်လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ငရုတ်ကောင်းမှုန့်လက်ဖက်ရည်ဇွန်းတစ်ဇွန်း။ ပုံမှာက ကြက်သားပါလုပ်တော့ ထည့်ရမယ့်အစာကို နှစ်ဆလုပ်ထားပါတယ်...။ အသားထဲကို အစာပလာတွေအားလုံးထည့်နယ်ပြီး အောက်ပါပုံထဲကလို အပြားဝိုင်းလေးတွေလုပ်ထားတယ်...။ ပုံမှန်ဘာဂါအတွက်နှစ်ခုနဲ့ မီနီဘာဂါလေးတွေအတွက် ငါးခုရတယ်...။
အသားတွေကို ညကတည်းကလုပ်ပြီးရေခဲသေတ္တာထဲ တစ်ညသိပ်ထားတယ်.... နောက်နေ့မနက်စာအတွက်လေ...
ဘာဂါထဲထည့်မယ့် ခရမ်းချဉ်သီး သခွါးသီးနဲ့ကြက်သွန်နီကို အကွင်းလိုက်လှီးထားတယ်..
ပြီးတော့ ...ချိစ်နဲ့မိုင်ရောနစ် အဲနေ့က ဆလပ်ရွက်ဝယ်မရလို့ မထည့်လိုက်ရဘူး...
ကျွန်မကတော့ ဘာဂါအလုံးထက် ဂျုံကြမ်းနဲ့လုပ်ထားတဲ့ Season မုန့်ဆိုင်က ပေါင်မုန့်ချောင်းကိုပိုကြိုက်တယ်
ထောပတ်နဲ့ မကပ်တဲ့ဒယ်မှာမီးနဲနဲနဲ့ကြော်မယ် အသားပြားကို
အချိုတည်းဖို့ ကော်ဖီဂျယ်လီနို့ဆမ်း(ဒဏ်ရာများနဲ့တခြမ်းပဲ့အသည်းနှလုံး)
Enjoy!!!!!!
မိုးငွေ့
9 comments:
အဲဒီမမမိုးငွေ့ဟာလေ ရိုးမြေကျရဲ့ အကြိုက်တွေပဲခဏခဏလုပ်ကျွေးနေတာသိပ်ကျေးဇူးတင်တာပဲ။ ဘာဂါတော့အရမ်းကြိုက်တယ်။ မီနီဘာဂါ၊ဂ်မ္ဘိုဘာဂါ………… ဂလုဂလုဂလု……….
လုပ်နည်းလေးသေချာဖတ်ခဲ့တယ်
အားတဲ့နေ့လုပ်ပြီး ပြန်ကျွေးမယ်နော်
ချစ်တဲ့ sis jasmine
နောက်ဆုံးစကားစုလေးကို သဘောအကျဆုံး......
ဘာတဲ့.....ဒဏ်ရာများနဲ့ တခြမ်းပဲ့အသည်းနှလုံးတဲ့......
သူ့ခမျာ ဒဏ်ရာတွေနဲ့အပြင် တခြမ်းပါ ပဲ့နေသေးတဲ့ အသည်းနှလုံး တစ်ခုကို အချိုတည်းပစ်ဖို့ မဝံ့မရဲ ဖြစ်သွားရတယ် မမိုးငွေ့ရေ...။း)
အိုးးးးး...အသည်းယားစရာ၊ ချစ်စရာအလွန်ကောင်းပါတဲ့ မမိုးရဲ့ အိုဘယ့် mini burgerး)))ရမ်းးးး ကြိုက်စ်စ်စ်...
စကားမစပ်..ဘာဂါစာလုံးပေါင်းမှာ g တစ်လုံးပိုပြီး r တစ်လုံးလိုနေပါတယ် ချစ်မရေ..း)
ကိုယ်တိုင်တော့ လုပ်မတတ်ဘူး... ဒါပေမယ့် ကိုယ်တိုင်တော့ စားတတ်တယ်... :D
သေချာတော့ မှတ်သွားတယ် အမရေ...
ကိုယ့်ကို သူများဆရာလုပ်လို့မရအောင်... :P
thanks Moe Pachi for spelling bugger...:)
ကျေးဇူးပါပဲ ။စပိုချယ်ကလုပ်ကျွေးမယ်တဲ့
ဘာဂါလေးမြည်းစမ်းသွားပါတယ်အမ
Post a Comment