ဒီစာအုပ်ပုံးကိုရှင်းမယ်လို့ကြံစည်နေတာကြာပြီ ပျင်းနေတာနဲ့လေ...
တွေ့လားကော်ဖီရနံ့နှစ်အုပ် အဲဒါကိုယ့်စာအုပ်မဟုတ်သေးဘူး(ကညိမ်းနဲ့ညီရဲအတွက်) ကိုယ်ဝယ်ထားတာက အန်တီတင့်ကိုလက်ဆောင်ပေးလိုက်ပြီ ကိုယ့်အတွက်တစ်အုပ်အသစ်ပြန်ဝယ်ရဦးမယ် ....
ဆရာကြီး(ကိုညိမ်း)ရဲ့ ကောင်းကင်ဇာတ်လမ်းလေး ကြိုက်လွန်းလို့ ပရင့်အောက်လုပ်ထားတာ
စခရင်မ်သန့်ရှင်းရေးလုပ်တဲ့အရည်...အဲဒါ Note Book ၀ယ်တုန်းကပါလာတာလားမသိ တစ်ခါမှမသုံးဖြစ်သေးဘူး
ဟိုတလောက ဟာ့ဒစ်ကြွသွားတဲ့ ကိုယ့်ရဲ့ လက်ဆွဲတော်ကြီးပေါ့
အဟဲ တစ်ခါတည်း သန့်ရှင်းရေးလုပ်ပေးလိုက်တယ်...ဟော..ပြောင်လက်သွားပြီ အသစ်အတိုင်းပဲ
မနှစ်တုန်းက ဆေးမှတ်တမ်းတွေ
အိပ်ခါနီး ယူယူဖတ်ပြီး စာအုပ်စင်မှာပြန်မထားဖြစ်တဲ့ စာအုပ်တွေ ပြီးတော့...ကိုလေးရဲ့ လီမီတက်အက်ဒီရှင်
အရင်တုန်းက ပို့စ်စကပ်လေးတွေဝယ်တာ သိပ်ဝါသနာပါတယ် ငယ်တုန်းကပေါ့...ခုတော့ ဒီတစ်ခုကိုပဲ စာသားလေးကြိုက်လို့သိမ်းထားတာ...ဒါက မျက်နှာဖုံးကစာသား
ဒါလေးက အတွင်းပိုင်းကစာသားလေး...
မိုက်တယ်နော် Miss” ဆိုတဲ့ လွမ်းဆွတ်တသခြင်းကို အဓိပ္ပါယ်လှလှလေးဖွင့်ထားတာ....
ကိုယ်ကလက်ရေးလေးတွေစုရတာကြိုက်တယ် လက်ရေးလှတာလေးတွေတွေ့ရင် သိမ်းထားတတ်တယ် ဒီစာအိတ်လေးက ရုံးက Supplier တစ်ယောက်ဆီက အကြွေးတောင်းစာလေးပါ
လက်ဆောင်ရထားတဲ့ တရုတ်ဖြစ်ပစ္စည်းလေးပါ...တာချီလိတ်တရုတ်တန်း တာလော့ရပ်က
အရောင်လေးတွေကတော့လှတယ်... သိပ်မကိုင်ဖြစ်ဘူး ..ကိုယ်ကနဲနဲအစွဲကြီးတယ် ပိုက်ဆံမ၀င်တဲ့အိတ်ဆို မကိုင်တော့ဘူး ပစ်ထားတာ
အမ်ဘမ်အဟောင်းလေး နှစ်အုပ်တွေ့တယ် ဒီပုံလေးက အနန္တမေတ္တာရိပ်မွန်က ကလေးလေးတွေကို မွေးနေ့မုန့်သွားကျွေးတုန်းက
တော်တော်ကြာပြီ 2002 တုန်းကထင်တယ် ဘွဲ့ယူတာလဲ အဲနှစ်ပဲ ဆံပင်တုနဲ့ယူရတာ ကတုံးဖြစ်နေလို့
မီး,ဘယ်တစ်ယောက်လဲ ပြောပြနိုင်ရင် မုန့်ကျွေးမယ်...
ကျောင်းတုန်းက မန်းလေး ပုဂံ ပုပ္ပါး ခရီးထွက်တုန်းက long long ago ကပုံတွေပြန်ကြည့်ရတာ လူပုံတွေက ရယ်စရာလေးတွေ...
မိုးငွေ့နှင့်အတူ ဖြစ်တည်မှုအစ.....
ဒီစာအုပ်ထဲမှာ ကိုယ်ဖြစ်ချင်တဲ့ ကိုယ်plan လုပ်ထားတဲ့ အိပ်မက်သေးသေးလေးတစ်ခုရှိတယ်
Note Book မရှိခင်က မိုးငွေ့ရဲ့ စာကြမ်း စိတ်ကူးရတိုင်း ချရေးဖြစ်ခဲ့တဲ့နေရာ
တခါက အသည်းကွဲဒိုင်ယာရီတစ်ပုဒ်
အင်္ဂလိပ်စာကျောင်းတက်တုန်းက သီချင်းကူးထားတာလေးတွေ
Mango ကက်သလောက်စာအုပ်လေးပါ ကြိုက်လို့ သိမ်းထားတာ
မဂ္ဂဇင်းတွေထဲက ကိုယ်ကြိုက်တဲ့ စာမျက်နှာတွေကိုဖြဲပြီး ယူထားတာ ဟိဟိ
ရုံးပိုင်းဆိုင်ရာစာရွက်စာတမ်းအစုံအစေ့ထည့်ထားတဲ့အိတ်
မပန်ရဲ့စာတွေ ကြိုက်လို့ ပရင့်အောက်ထားတာ
မသက်ဝေရဲ့ အတူတူဆိုရင်
ကိုကြီးကျောက်ရဲ့ ဇ၀နတွေလွှမ်းနေတတ်တဲ့စာတွေ
မနော်ရဲ့ အက်ဆေးလှလှတွေ
အဲလိုညှပ်ပြီးသိမ်းထားတယ် စုပြီး
လွင်ပြင်နဲ့မစံပယ်ကိုလက်ဆောင်ပေးဖို့ ကြိုးညှိခြင်းကဗျာစာအုပ်နဲ့ ကော်ဖီရနံ့
လူကြုံနဲ့ပို့ထားပေးတယ် .. ကော်ဖီရနံ့နောက်တစ်အုပ်က ဖြိုးအတွက်ပါ...
အင်း 12နိုဝင်ဘာ...ဒီနေ့ဆိုရောက်ပြီ
အင်း 12နိုဝင်ဘာ...ဒီနေ့ဆိုရောက်ပြီ
မချောစုရဲ့ ဟင်းချက်စာအုပ်လဲဝယ်ထားတယ်...
အားလုံးရှင်းသွားပြီ...လို့ထင်တယ်...အမှန်တကယ်တော့ ပုံးထဲကမလိုအပ်တာလေး ဖယ်ပြီး ပြန်စီလိုက်တာပါပဲ... ...။ နက်ဖန်ရုံးပိတ်တယ် ပျော်စရာ...။ ဘာလုပ်ရင်ကောင်းမလဲ အိမ်မှာ...ပူတင်းဂျယ်လီလုပ်စားမယ် ရှမ်းခေါက်ဆွဲချက်မယ် ဟုတ်တယ်...။ ပြီးတော့ ဆိုင်တစ်ခုမှာ ၀ိုင်းရီဆာ့ဗ်သွားလုပ်ပေးဖို့ရှိတယ်... ဘာအတွက်လဲဆိုတာ နောက်မှပြောပြမယ်...။
မိုးငွေ့
10 comments:
မီးက ဟိုးနားကတစ်ယောက်လေ သိပါတယ် ကဲ
ပြောပြီးပြီနော် မုန့်ကျွေးတော့
ပါးစပ်ဟထားတယ်........
ပစ်ပစ်စီမှာလည်းမကြီးလိုဘဲ
စာအုပ်သေးသေးလေးတွေများကြီးရှိတယ်..
လာဖတ်လာကြည့်သွားပါတယ်...များထှာ...
လှတ ပတ ပစ္စည်းလေးတွေ ကြည့်သွားတယ်..။
အစ်မက အမှတ်တရတွေ သိမ်းဆည်းရတာ ကြိုက်တာပဲ တူတယ်း)
ဒါနဲ့ လက်ရေးလှတယ် အကြွေးတောင်းတာတော့ မကောင်းဘူးးP
ကြည်စင်ကောင်းကင်ကို ပရင့်ထုတ်ထားတာမြင်တော့
အားနာလိုက်တာ....အကြွေးအတွက်.....ဟီးးးးးးးးး
ဒီစာအုပ်ပုံးလေး ရှင်းတာကို ဘေးကနေ ထိုင်ကြည့်ရင်း အဲဒီပုံးထဲမှာ မမိုးငွေ့ရဲ့ စိတ်ကိုလည်း တွေ့လိုက်ရတယ်၊ လက်လေးလှလှကလေး တွေကို စုတတ်တာ၊ ပိုက်ဆံအိတ်နဲ့ ပတ်သက်ပြီး မူတစ်ခု ထားတာ၊ မဂ္ဂဇင်း စာမျက်နှာတွေ ဆုတ်ထားတတ်တာ၊ ကြိုက်တဲ့ စာတွေကို ပရင့်ထုတ်ပြီး သိမ်းထားတတ်တာ.....၊ အများကြီးမှ တကယ့်ကို အများကြီးပဲ...။း)
မုန့်ဝယ်ကျွေးမယ်ဆိုလို့အစ်မကို အသေအကျေရှာတာတွေ့ဘူး။တစ်ခါမှ မမြင်ဘူးတာကို။တွေ့ဘူးတွေ့ဘူးဘယ်မှာရဲ။
ရှင်းလင်းတယ်ဆိုတော့ ဘယ်သူတွေက မမကို လာရှုပ်လို့လဲလို့ ဟဟဟ တကယ်က စာအုပ်ပုံးရှင်းတာ ဖြစ်နေတယ် :P :P
မမမိုးငွေ့ လက်ရေးလှတယ် :D :D
ကျေးဇူးပါ အစ်မ မိုးငွေ့ ။ ဟိုနေ့ကတောင် အစ်မ ဘလော့က တရုတ်ထမင်းကြော်ကို ဝင်ကြည့်ဖြစ်တယ်။
Post a Comment