ဒီလမ်းကြားလေးက
ကိုယ်ဖြတ်လျှောက်နေကျပါ။။။ ဒါပေမယ့်
အဲဒီညတုန်းကမင်းနဲ့တစ်ခါလေးပဲဖြတ်လျှောက်လိုက်ရလို့ ကိုယ့်အတွက်
အမှတ်တရလမ်းကြားလေးဖြစ်သွားပြီသိလား အိန်ဂျယ်….။ ပြီးတော့ အဲဒီလမ်းထိပ်က မင်းနဲ့
မိနစ်ပိုင်းကလေးအတူထိုင်ခဲ့ဖူးတဲ့ အုတ်ခုံလေးကိုရောပဲ။
ဒါပေမယ့်ကွယ် ကံကြမ္မ္မာ္မအပြောင်းအလဲက
သိပ်ကိုမြန်ဆန်လွန်းပါတယ်….။ ကိုယ့်နှုတ်ကထွက်သွားတဲ့ စကာတစ်ခွန်းက
ကိုယ့်ရင်ဘတ်ကို မြှားအစင်းပေါင်းမြှောက်စွာပြန်ထိမှန်စေခဲ့တယ်….။
ယောကျာင်္းတစ်ယောက်ရဲ့မာနနဲ့ သိက္ခာကို ထိခိုက်သွားခဲ့တဲ့ ကိုယ့်စကားကြောင့်နာကျည်းမှုတွေနဲ့ ကျောခိုင်းထွက်သွားခဲ့တဲ့ မင်းကျောပြင်ကို မှုန်ဝါးမှိန်ဖျော့တဲ့အထိ ကိုယ်ကြည့်နေခဲ့မိတယ်….။
ယောကျာင်္းတစ်ယောက်ရဲ့မာနနဲ့ သိက္ခာကို ထိခိုက်သွားခဲ့တဲ့ ကိုယ့်စကားကြောင့်နာကျည်းမှုတွေနဲ့ ကျောခိုင်းထွက်သွားခဲ့တဲ့ မင်းကျောပြင်ကို မှုန်ဝါးမှိန်ဖျော့တဲ့အထိ ကိုယ်ကြည့်နေခဲ့မိတယ်….။
ကိုယ်တောင်းပန်ပါတယ် အိန်ဂျယ်…။ ကိုယ့်ကို
မင်းခွင့်မလွတ်ပေးနိုင်တော့ဘူးတဲ့လား…။
ကိုယ့်ဆီကိုဘယ်တော့မှပြန်မလာတော့ဘူးတဲ့လား….။
ဖဘသုံးရင် မီးမစိမ်းတဲ့ မင်းနာမည်က ကိုယ့်ဆိုဒ်ဘားမှာ
အမြဲတမ်းထိပ်ဆုံးမှာပေါ်နေကျ….။ ဒီနေ့ကိုယ်တချက်လှမ်းကြည့်လိုက်တော့
မင်းပျောက်နေတယ် ကိုယ်ချက်ချင်း search မှာသွားရှာလိုက်တာ…။ မင်း ကိုယ့်ကို
unfriend လုပ်ထားတယ်…..။ ကိုယ့်ကိုမင်းတကယ် စိမ်းပြတ်နိုင်တယ်နော်….။ အင်းလေ
အစကတည်းက ကိုယ်ဟာ မင်းအတွက် စွဲလန်းတမ်းမက်စရာဘာမှ မှမရှိခဲ့တာဘဲ…။
ကိုယ်တကယ်စိတ်မကောင်းဘူး…အဲဒီညက ကိုယ့်ကိုအမုန်းများစွာနဲ့ ကျောခိုင်းထွက်သွားတဲ့ မင်းကျောပြင်ကို ကိုယ့်တစ်သက်ဘယ်တော့မှမေ့မယ်မထင်ဘူး….။ ပြီးတော့ ကိုယ့်ဖုန်းကိုဆက်ပြီး အကြာကြီးစကားလုံးတွေနဲ့ ပစ်ဖေါက်ခွဲသွားခဲ့တဲ့ မင်းအသံတွေ….။ ကိုယ်ဘာမှပြန်မပြောနိုင်ခဲ့ဘူး…။ ကိုယ်တောင်းပန်ပါတယ် အိန်ဂျယ်…ကိုယ်တကယ်တောင်းပန်ပါတယ်…. ကိုယ့်ကို အဲလိုထားမသွားပါနဲ့…..။ မင်းမရှိရင် ကိုယ့်ကမ္ဘာအမှောင်ကျသွားလိမ့်မယ်….။ ကိုယ့်စကားလုံးတွေအားလုံးသေဆုံးသွားလိမ့်မယ်……။ ကိုယ့်မျက်ရည်တွေ ချောင်းစီးကုန်လိမ့်မယ်..။

ဖဘမှာတောင် unfriend လုပ်ထားတာ ကျန်တဲ့
ဂျီတော့တို့ ဖုန်းတို့ကိုလဲ မင်းဘလော့လုပ်ထားလိုက်ပြီမဟုတ်လား…။ ကိုယ်ဟာ မင်းအတွက်
တကယ်ပဲ မုန်းစရာမိန်းမတစ်ယောက်ဖြစ်သွားပြီလား အိန်ဂျယ်…ဟင်….ပြောစမ်းပါဦး။
11 comments:
ဟင့်အင်းအိန်ဂျယ်ပြန်လာမှာပါမမရယ်
အဲလောက်ဝမ်းမနည်းနေပါနဲ့
စိတ်ဆိုးတုန်းခဏကောက်တာနေမှာပါ.....အချော့ခံချင်
လို့ပဲနေမယ်..... :D
ဟယ်...လုပ်ရက်လိုက်တာ....နာ့မမကို..
မမ..သူထားလဲ ဂရုစိုက်မနေနဲ့သိလား..
သူ့ကြောင့် မမဘယ်လောက်စိတ်ဆင်းရဲနေရလဲဆိုတာ
ညလေး ကိုယ်ချင်းစာတယ်...
ခွင့်လွှတ်ပေးပါ အိန်ဂျယ်ရယ်.....း(
မိုးငွေ့က အိန်ဂျယ်အတွက်မုန်းစရာမကောင်းပါဘူး
ချစ်တယ်တဲ့ ဂျက်ကိုတိုးတိုးလေးလာပြောပြတယ်
အိန်ဂျယ်တစ်ယောက် အတောင်ပံတွေဖြန့်ပြီး အနီးဆုံးကို ပျံသန်းလာပါစေ..
ဘာဖြစ်လို့ စိမ်းကားလွန်းရတာလဲ အိန်ဂျယ်လ်ရယ်..
ပွင့်လင်းပြီး ဟန်မဆောင်တက်တဲ့ ကောင်မလေးက အိန်ဂျယ်လ်ကို နာကျင်ပါစေဆိုတဲ့ ဆန္ဒ တစ်စလေးတောင် မပါဘူးဆိုတာ အိန်ဂျယ်လ် တစ်ယောက် အမြန်ဆုံးသိနိုင်ပါစေ..တို့တွေ ဝိုင်းကူပြီး ဆန္ဒပြုပေးတယ်နော်..
းD
ဖတ်နေရင်းနဲ့ဆွေးလာပီမမရယ်။ ဘယ်လိုပြောရပါ့။ အဲဒီခံစားချက်ကိုကောင်းကောင်းသိတယ်။နားလည်တယ်။
အိန်ဂျယ်ရယ် အဲ့လိုတော့ လုပ်ပါနဲ့ နာ့သာမီးလေးသနားပါတယ်
အိုကွယ်... ကံကြုံတွဲ... ကံကုန်ခွဲပေါ့... လမ်းခွဲတာ ဝမ်းနည်းစရာမှ မဟုတ်တာနော...
အိန်ဂျယ်က စိတ်ကောက်နေတုန်း ခဏပါ... ဒီလိုဘဲ ယောက်ကျားလေးဆိုတော့ တခါတလေ စိတ်ကောက်ပေးရတယ်လေ...
Post a Comment