Thursday, 8 November 2012

ပဲကြာဇံကြော်.....


 ပဲကြာဇံကြော်
 

ကြက်ရင်အုံသား 100 ဂရမ်ပါးပါးလှီး ပြောင်းမှုန့် ပဲငံပြာရည် ငရုတ်ကောင်းနဲ့နယ်ထား..၊ မုန်ညင်းဖြူတစ်ထုပ်လိုသလိုလှီး၊ ဥနီတစ်ဝက်အပြားအစောင်းလှီး၊ တရုတ်နံနံ၊ ကြက်သွန်မှိတ်နဲ့ ဆီသတ်ဖို့ ကြက်သွန်ပင်ပါးပါးသေးသေးလှီး။

 စီးတီးမတ်က၀ယ်တာ ကိုးရီးယားကြာဇံလို့ပြောတယ် သာမန်ပဲကြာဇံတွေထက်အပင်ပိုကြီးပြီးတုတ်တယ်..။ အဲဒါကိုရေနွေးဆူဆူမှာ အနူးပြုတ်ပြီး ရေအေးပြန်ဆေး မကပ်အောင်ဆီနဲနဲနဲ့ ပဲငံပြာရည်အနောက်နယ်ထား

 
ဆီပူရင် ကြက်သွန်ပင်တစ်မိနစ်လောက်ကြော်ပြီး ဥနီထည့်ကြော်


 ဥနီနဲနဲနွမ်းလာတာနဲ့ ကြက်သားထည့်ကြော် သုံးလေးမိနစ်လောက်အဆက်မပြတ်မွှေပေး


 ကြက်သားရရင် မုန်ညင်းဖြူထည့်ကြော် ကြက်သားမှုန့်ထည့် အပေါ့အငံမြည်း

ဟင်းရွက်ရရင် ကြာဇံထည့် သေသေချာချာမွှေပေး မီးလျှော့... ရပြီဆို ကြက်သွန်မှိတ်နဲ့တရုတ်နံနံအုပ်လိုက်တော့...
 


များသောအားဖြင့် ကြာဇံကြော်ဆို ဆန်ကြာဇံလောက်ပဲကြော်စားဖြစ်တာများတယ်....။ ပဲကြာဇံကို ဟင်းချိုခတ်သောက်တာတို့ သုပ်စားတာတို့ပဲလုပ်တတ်ကြတာကိုး..။ ဟိုတလောက Evy's Kitchen ဆီက ကြော်နည်းလေးနဲနဲလေ့လာထားတယ်...။ ကျွန်မပဲကြာဇံကြော်ကသူ့လောက်တော့ အရောင်အသွေး မစုံလှဘူး...။ ဒီကိုးရီးယားကလာတဲ့ ပဲကြာဇံလေးက စားလိုက်ရင် စေးစေးနဲ့ စားကောင်းတယ် အထုပ်ကို ဓါတ်ပုံရိုက်မပြလိုက်ရဘူး...။

မိုးငွေ့


8 comments:

Yoemyaykya said...

နေ့လည်စာစားချိန်နဲ့ တကယ့်ကွက်တိပဲ။ ဂြီဂြီ……….

Evy said...

စားချင်စရာလေးရယ်

Yoemyaykya said...

နေ့လည်စာစားချိန်နဲ့ တကယ့်ကွက်တိပဲ။ ဂြီဂြီ……….

မြတ်နိုးသူ said...

ပဲကြာဇံကြော်တော့မစားဘူးဘူး
ဆန်ကြာဇံပဲစားဖူးတယ်အမ
စားချင်စဖွယ်လေးမို့စားသွားပီနော်အမ။

ညီလင်းသစ် said...

အခု အလုပ်မှာ နေ့လယ်စာစားချိန်...၊ မာတောင့်တောင့် ဆာလာမီ ဆင်းဒဝစ်ခ်ျတစ်ခု ကိုက်ရင်း မမိုးငွေ့ရဲ့ ပဲကြာဇံကြော်ကို သွားရည်တစ်မြားမြားနဲ့ ငေးနေရတဲ့ ဘဝ...။း(

Candy said...

Coral Kitchen တဲ့... နာမည်လေးက လှလိုက်တာ စားစရာတွေကလည်း သရေယိုချင်စရာ

မိုးသက် said...

ဟုတ်ပ.. ပဲကြာဆန်ကြော်စားဖူးဘူး.။
လုပ်စားဦးမယ်.။ ဒါနဲ့ ဟိုးနေ့က ကျွန်တော်တောသားငမိုး
က မမိုးငွပ်ကြီးပြောပြောနေတဲ့ Americano သွားသောက်ကြည့်တာ ..။ ခါးထှာ...။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကြာဇံကြော်လည်းကြိုက်တယ်
ကြာဇံချက်လည်းကြိုက်တယ်
ရန်ကုန်လာလည်ရင် လုပ်ကျွေးနော် )