ရုံးထမင်းဗူးထဲထည့်သွားဖြစ်တဲ့ ပြည်ကြီးငါးပဲကြာဇံသုပ်
ထိုင်းစတိုင်လ်အသုပ်တွေကတော့ ဆီမပါတာများတယ် လုပ်ရတာလည်းလွယ်ကူမြန်ဆန်တယ်...။ ပြည်ကြီးငါး အသေးရှစ်ကောင်ကို ဆားထည့်ထားတဲ့ရေဆူဆူမှာ သုံးမိနစ်လောက်ပြုတ်ပြီး ရေအေးနဲ့ပြန်ဆေးပြီး အကွင်းလိုက်လှီးထားမယ်...။ ကြက်သားထည့်ချင်ရင် ကြိတ်ထားတဲ့ကြက်သား နည်းနည်းကိုပြုတ်ထည့်မယ်...။ ရေနွေးဖျောထားတဲ့ ပဲကြာဇံလက်တစ်ဆုပ်စာ...နဲ့ ပါးပါးလှီးထားတဲ့ ခရမ်းချဉ်သီးတစ်လုံး..။ အဲဒါတွေအဆင်သင့်ဖြစ်ပြီဆို အချဉ်ရေလေးဖျော်ပြီး လောင်းထည့်နယ်လိုက်ရုံပဲ...။
အချဉ်ရည်လုပ်နည်း
ကြက်သွန်ဖြူ တစ်လုံးနုတ်နုတ်စင်း
ငရုတ်သီးစိမ်းကြိုက်သလောက် နုတ်နုတ်စင်း
နှမ်းလှော်ထောင်းဟင်းခတ်ဇွန်းတစ်ဇွန်း
မြေပဲလှော်ထောင်း ဟင်းခတ်ဇွန်းတစ်ဇွန်း
ငါးငံပြာရည် ဟင်းခတ်ဇွန်းတစ်ဇွန်း
သကြားလက်ဖက်ရည်ဇွန်းတစ်ဇွန်း
သံပုရာသီးတစ်လုံးအရည်ညစ်ထား
နံနံပင်အနည်းငယ်
ပါဝင်ပစ္စည်းတွေအားလုံးကိုရောပြီးတစ်ခွက်ဖျော်ထား...။ စားခါနီးမှာ အသင့်ပြင်ထားတဲ့ ပြည်ကြီးငါးထဲကို အချဉ်ရည်လေးလောင်းထည့် နှမ်းဆီလေးတစ်စက်နှစ်စက်ဆမ်းပြီး သေချာနယ်လိုက်ရင် ချဉ်ငံစပ်လွှတ်ကောင်းတဲ့ အသုပ်တစ်ခွက်ရပါပြီ...။
မိုးငွေ့
7 comments:
ပုံကြည့်ပြီးစားချင်လိုက်တာ
အရသာရှိတဲ့ပုံပဲနော်
ကြိုက်လို့ နဲနဲစားခဲ့ပါတယ်
ချစ်တဲ့ jasmine
ပြည်ကြီးငါးသုပ်လေးအားပေးသွားပါတယ်
ညီမလေးနဲ့ပြည်ကြီးငါးမတည့်ဘူးဆိုတော့ ပါဆယ်ပဲထုပ်သွားပီ။ဖေဖေနဲ့မေမေကိုကျွေးဖို့။
ကြက်ဥကြော်လေးနဲ့ ထမင်းစားကာနီးမှာ ဒီပို့စ်ကိုဖတ်
မိတာကိုက ကျွန်တော်မျိုးကြီးသေသင့်ပါတယ်......
ပြည်ကြီးငါးကိုဘာလုပ်လုပ်ကြိုက်တယ်။ပဲကြာဇံလေးနဲ.
ရောသုတ်ထားတာပိုကောင်းမဲ့ပုံဘဲ။အချဉ်ရည်လုပ်နည်း
လေးလဲမှတ်သွားပါတယ်။
အို..
လွှတ်ကောင်း၊တကယ်ကောင်း
စားလို့ကောင်းမှကောင်းး)
အဲဒီ ချဉ်ငံစပ် ပြည်ကြီးငါးသုပ်ကို ကျွန်တော်ကလဲ လွှတ်ကို ကြိုက်တာ...:P
Post a Comment