Monday, 26 November 2012

စပိန်အောမလက်ကြော်၊ ငါးကြင်းပေါင်း၊ ငံပြာရည်ကြော်နဲ့ ကြက်သားငါးပိချက်





အာလူးနှစ်လုံး၊ငရုတ်ပွနှစ်လုံး၊ကြက်သွန်နီနှစ်လုံးသေးသေးစိပ်ထား...။ ကြက်ဥငါးလုံးကို ဆားနဲနဲ ကြက်သားမှုန့်ထည့်ပြီးပွအောင်ခလောက်ထားပါ...။ သေးသေးစိပ်ထားတဲ့ သုံးမျိုးကို ထောပတ်နဲ့နွမ်းနေအောင်ကြော်ပေးပြီး ကြက်ဥထဲရောထည့်မွှေထားပါ....။ ဆီပူပူမှာ အစာပလာတွေရောထားတဲ့ ကြက်ဥကိုလောင်းထည့်ပြီး မီးဖြေးဖြေးနဲ့ ပုံမပျက်အောင်ကြော်ပေး အပေါ်က ကြက်သွန်မှိတ်ဖြူးပေး..။ ဒါဆို မွှေးပျံ့တဲ့ စပိန်အောမလက်ကြော်ရပြီရှင့်...။

 
ငါးကြင်းပေါင်း  Evy's Kitchen ဆီက ပေါင်းနည်းလေးယူထားတာ..။ အရမ်းစားကောင်းတယ် ထမင်းပူပူလေးနဲ့စားတာ...ငါးအသားနုနုလေးနဲ့ ပဲငံပြာရည် ငရုတ်ကောင်းအရသားလေးနဲ့လေ...


ဆီပူပူမှာ ကြက်သွန်ဖြူဆီသတ် ရွှေဝါရောင်သန်းလာရင် ငရုတ်သီးခွဲခြမ်းထည့်ကြော် နှစ်မိနစ်လောက်မွှေပေးပြီးရင် ပုဇွန်ခြောက်မှုန့်ထည့်ကြော်... ငံပြာရည်ထည့်ကြော် ဆီပြန်လာတဲ့အထိတည်ပေး ရပြီ..


ငံပြာရည်ကြော်+တို့စရာသခွား သရက် ခရမ်းကြွ့ပ်



                                                     ကြက်သားငါးပိချက်


ငါးပိချက် ချက်နည်းက လူတိုင်းသိပြီးသားမို့ အထူးတလည်မပြောပြတော့ဘူးနော်...။ သူ့ကိုတော့ ဆလပ်ရွက်နဲ့တွဲစားတာပိုကောင်းတယ်...။

စားမြိန်ကျန်းမာအဟာရကြွယ်ဝလို့ ပျော်ရွှင်ကြပါစေ....း)


မိုးငွေ့

8 comments:

Evy said...

အဲဒီငါးပေါင်းကို သိပ်ကြိုက်ပဲ

ပျိုးယုဝသုန် (Pyo Yu Wathone) said...

နောက်နေ့ ဘာစားရင်ကောင်းမလဲ မစဉ်းစားတော့ဘူး .. မိုးငွေ့ဆီမှာပဲလာကြည့်လိုက်တော့မယ်ဟယ် ..ကောင်းထှာ

အလင်းသစ် said...

ကြက်သား ငါးပိချက်လေး စားချင်လိုက်တာ... :)

မိုးနတ်ကြယ်စင် said...

တော်တော်ကောင်းမဲ့ပုံ...ရှလွတ်...ဗိုက်ဆာထှာ..

အိမ်မက်စေရာ said...

အိမ်မှာ လုပ်စားကြည့်ဦးမှ..သွားရည်ကျစရား)

စံပယ်ချို said...

တိုးလာပြန်ပြီ ဟင်းချက်နည်းလေးတွေ
ငံပြာရည်ကြော်လေးကြည့်ပြီးထမင်းစားချင်စိတ်ပေါက်လာတယ် ......

ညီလင်းသစ် said...

စပိန်အောမလက်ကို အလုပ်က စားသောက်ဆိုင်မှာ ရတိုင်း စားဖြစ်တယ် မမိုး...၊ အရမ်းကြိုက်တယ်၊ တို့စရာ ပန်းကန်ကို ကြည့်ပြီးတော့လည်း ဗိုက်တွေ ဆာလာပြန်တယ်..၊း)

မမိုးချက်တဲ့ ဟင်းလေးတွေက ကျန်းမာရေးနဲ့ ညီညွတ်ပြီး စားချင်စရာ ကောင်းလှတယ်...။

Yoemyaykya said...

ဒီနေ့ ထမင်းချိုင့် ပုရွက်ဆိတ်တက်လို့ ကောင်းကောင်းမစားလိုက်ရဘူး။ မမချက်ပြတာတွေပဲ မျက်လုံးနဲ့ငမ်းသွား။ အဲလေစားသွားတော့မယ်။