Wednesday, 31 October 2012

ရင်ဖွင့်ဖော်.....




မင်းကိုမြင်နေရတယ်.... ကိုယ်နှုတ်ဆက်ရမလား  ကိုယ်ဘာလုပ်ရမလဲ....

အရောင်တွေ ဘာကြောင့်မှောင်နေသလဲ....။ မင်းရဲ့ရှေ့တော်ပြေး အဖြူရောင်အလင်းတန်းတွေရော ဘယ်ရောက်ကုန်ပြီလဲ....။ အနက်ရောင်အတောင်ပံတစ်စုံနဲ့ မင်းစိတ်တွေသုန်မှုန်နေတယ်...။ အတိတ်ပုံရိပ်တွေ ထပ်ကြပ်မကွာလိုက်ခံနေရတဲ့မင်းကို ကိုယ်ဘယ်လိုဖြေသိမ့်ပေးရမလဲ...။

အဲဒီညက စကားလုံးတွေအများကြီး လွင့်လာခဲ့ကြတယ်....။ အားမနာပါနဲ့လေ... ကိုယ်ဟာ မင်းအတွက် ထာဝရ ရင်ဖွင့်ဖော်ပါ...။ မင်း တစ်ခုခုခံစားရတိုင်း ကိုယ့်ကိုတိုင်တည်ပါ.... ကိုယ်မင်းပြောမယ့် စိတ်ညစ်စရာစကားဖြစ်ဖြစ် ပျော်စရာစကားဖြစ်ဖြစ် အချိန်မရွေးနားထောင်ပေးမှာပါ...။



မင်းဟာ ကိုယ့်အတွက် အိန်ဂျယ်မဖြစ်နိုင်ဘူးဆိုရင်တောင်မှ မင်းအမြဲတမ်းစိတ်ချမ်းသာပျော်ရွှင်ဖို့အတွက် အရာရာကိုဖန်ဆင်းပေးမယ့်ကိုယ်...မင်းရဲ့ အိန်ဂျယ်တော့ဖြစ်ချင်ပါတယ်...။

ကျေးဇူးပါ အိန်ဂျယ် ကိုယ့်ကို အရင်ဆုံးနှုတ်ဆက်တဲ့အတွက်...း)

ps. အခုမှသတိရလို့ ကိုယ်တင်ထားတဲ့ ပုံလေးတွေက Halloween Night အတွက် ဒီဇိုင်းတွေဖြစ်နေတယ် တိုက်တိုက်ဆိုင်ဆိုင်

မိုးငွေ့

6 comments:

Yoemyaykya said...

ကောင်းလိုက်တာ။အဲလိုရင်ဖွင့်ဖော်ရှိမယ်ဆိုရင်လေ။

စံပယ်ချို said...

လူသားတိုင်းအတွက် မရှိမစြဖ်လိုအပ်တာကတော့
ရင်ဖွင့်ဖော်ပါပဲနော်
(မင်းကိုမြင်နေရတယ်.... ကိုယ်နှုတ်ဆက်ရမလား ကိုယ်ဘာလုပ်ရမလဲ
အရောင်တွေ ဘာကြောင့်မှောင်နေသလဲ)
ချစ်တဲ့ sis jasmine.

Anonymous said...

ထရီဆာ့မှာ မရှိဘူး အမ မိုးငွေ့ရယ် ... လိုချင်မိပါရဲ့ ....း)

ညီလင်းသစ် said...

ကိုယ်စောင့် နတ်သမီးပဲ ခေါ်ခေါ်၊ guardian angel လို့ပဲ သုံးသုံး... ရင်ဖွင့်ဖော်၊ တိုင်ပင်ဖော်ဆိုတာ တကယ့်ကို မရှိမဖြစ် လိုတာ သေချာပါတယ်...။

ညိမ်းနိုင် said...

သများလည်း ရင်ဖွင့်ချင်တယ်......တိရား.....မမိုး..... :P

အိမ်မက်စေရာ said...

ခံစားချက်တွေ အရမ်းလှနေတယ် အိန်ဂျယ်လ်..း)
လူတိုင်းရဲ့ ရင်ထဲမှာလဲ ကိုယ်ပိုင်အိန်ဂျယ်လ်လေးတွေ ရှိကြမယ်ထင်ရဲ့..
ခံစားချက်လေးတွေ ထပ်တူကျနေတယ်..
အိမ်မက်