အထဲက ချိစ်အရသာငံကျိကျိနဲ့ဆိမ့်မွှေးနေတဲ့ ၀က်သားလုံးကြော်
ဝက်သားနုတ်နုတ်စင်းပြီး အစာပလာတွေနဲ့ခုလိုနယ်နှပ်ထား
ကျွန်မကတော့ ပိုပြီးနူးညံ့တဲ့ ၀က်ဂုတ်သားကိုသုံးပါတယ်...
အသားထဲကို ချိစ်ထည့်ပြီး ဒီလိုလုံး
ဟောဒီလိုလုံးလုံးလေးလုပ်ပြီး ပန်းကန်ထဲထည့်ထား
လှတပတ cheesy meatball လုံးလေးတွေ
၁)၀က်သားကြိတ်ပြီးသား 500 ဂရမ်
၂)ကြက်ဥအလုံးကြီးတစ်လုံး
၃)ဂျုံမှုန့်ခွက်တစ်ဝက်
၎)တရုတ်နံ့နံသုံးပင်နဲ့ကြက်သွန်မှိတ်နုတ်နုတ်စင်းထား
၅)ကြက်သွန်ဖြူနီတစ်ဥဆီ နုတ်နုတ်စင်းထား
၇)ပဲငံပြာရည်အကြည်စားပွဲဇွန်းတစ်ဇွန်း
၈)ကြက်သားမှုန့်စားပွဲဇွန်းနှစ်ဇွန်းနဲ့ ဆားအနဲငယ်
၉)ဆန်းဝှိစ်ချိစ်အချပ်နှစ်ခုသေးသေးဖဲ့ထား
ဝက်သားကြိတ်သားကိုဇလုံတစ်ခုထဲထည့် အစာပလာတွေအကုန်လုံးနဲ့ရောနယ်ပြီး ဆယ့်ငါးမိနစ်လောက်နှပ်ထားပါ...။ ပြီးရင် ချိစ်ထည့်လုံးပြီး ဆီများများမှာ မီးနဲနဲနဲ့ကြော်ပေးမယ်...။ ချိစ်တွေက အပြင်ဖက်ပေါက်ထွက်လာပြီး ဒယ်အိုးတော့နဲနဲကပ်လိမ့်မယ်...။ စိတ်ရှည်ရှည်နဲ့ကြော်ပါဆက်ပြီးတော့...။ ရလာတဲ့အသားလုံးတွေကို ဆီစစ်စက္ကူနဲ့စစ်ပြီး ငရုတ်သီးဆော့ သို့မဟုတ် တာတာဆော့နဲ့တို့စား အရမ်းကောင်းပဲ မွှေးအီပြီး ချိစ်အရသာလေးနဲ့...။
အသားလုံးစားပြီး အီမှာစိုးလို့ ပင်စိမ်းသီးထောင်းချဉ်ချဉ်စပ်စပ်ကလေးစားပါဦး
ပင်စိမ်းသီးကိုချဉ်ချင်းတက်နေတဲ့မမအတွက်(မစံပယ်)စပါယ်ရှယ်ထောင်းထားတာ
ပင်စိမ်းသီးထောင်းအတွက်လိုအပ်တာတွေက ငရုပ်သီးစိမ်းအတောင့်နှစ်ဆယ်၊ ကြက်သွန်ဖြူလေးတက် ပုစွန်ခြောက်နဲ့ ငပိတကော်စာ ပင်စိမ်းသီးတစ်လုံးတို့ပဲဖြစ်တယ်....။ ငရုတ်သီးစမ်းကြက်သွန်ဖြူနဲ့ ပုစွန်ခြောက်တို့ကိုမွှေးနေအောင်လှော်လိုက်ပါ...။ ငါးပိကိုလဲမီးကင်မယ် အခါတိုင်း ငပိထောင်းပုံစံအတိုင်းပဲ ကင်ထားတာတွေအကုန်ညက်အောင်ထောင်းမယ် ဆားနဲနဲပဲထည့်မယ် ပြီးမှ သေးသေးစိပ်ထားတဲ့ ပင်စိမ်းသီးထည့်ထောင်းမယ်...။ အဝေးရောက်သူများ အစားနဲ့နှိပ်စက်တာ မဟုတ်ရ... မျှဝေခြင်းသာ ဖြစ်ပါတယ်....:P
မိုးငွေ့
2 comments:
ခေါ်ကျွေးမယ့်နေ့ကိုစောင့်နေပါသည်။း))
အွန်..ချားကျင်တယ်ချားကျင်တယ်..။ သရေကျလွန်ပြီးတေတွားရင် အစ်မမိုးငွေ့တာဝန်နော်..
Post a Comment