စောင့်ရတဲ့ရက်တွေက ရှည်ရှည်လာတယ်...
လမိုက်ညတွေက များများလာတယ်...
အလွမ်းတွေက ခါးခါးလာတယ်.....။
ကောင်းကင်မှာ ကိုယ့်ကိုနှစ်သိမ့်ဖို့ ကြယ်ကလေးတွေ တစ်လုံးတစ်လေတောင် ရှာမတွေ့ဘူး...။ ကိုယ့်မျက်ရည်တွေကို မိုးစက်က အဖော်ပြုလို့....ဟိုးးး အဝေးကို လှမ်းမျှော်ကြည့်တော့ အမှောင်ထုတွေက ထူထူထဲထဲ.. တိတ်ဆိတ်မှုတွေကခြောက်လှန့်..ညဉ့်အော်သံတွေတောင် ပျောက်ဆုံးနေကြတယ်...။
အိန်ဂျယ်ရေ....... မင်းဘယ်မှာ ပုန်းနေလဲ...ကိုယ့်မှာ မင်းလိုကိုယ်ယောင်ဖျောက်သူကိုမြင်နိုင်စွမ်းတဲ့ တန်ခိုးပိုင်ဆိုင်ချင်လိုက်တာ...။ မိုးပေါက်တစ်စက် ကော်ဖီတစ်ခွက်နဲ့ အဖော်ပြု ... အလွမ်းတွေကိုဖျော်သောက်ကြည့်မိတယ်...ကော်ဖီခါးခါးထက် အလွမ်းတွေက ပိုခါးတယ်..။
ကိုယ် ငိုနေတာသိလား.... ??
မိုးတိမ်တွေလဲ ငိုနေတယ်....
ကိုယ်ကတော့ မင်းကိုလွမ်းလို့....
မိုးတိမ်တွေကတော့ ပင်လယ်ကိုလွမ်းလို့တဲ့....
အလွမ်းရဲ့ဖြစ်တည်မှုအစဟာ....ဝေးလွင့်ခြင်းလား....။ နီးနီးလေးပေမယ့်လည်း လူတချို့ကလွမ်းတတ်ကြတယ်တဲ့.....။ အဝေးဆုံးကိုရောက်နေလည်း လွမ်းချင်မှလွမ်းတယ်တဲ့...။ မင်းနဲ့ ကိုယ်ကကျတော့ရော....။
မင်းနဲ့ကိုယ်က နီးနီးကလေးလဲ မဟုတ် အဝေးကြီးမှာလည်းမဟုတ်ကြဘဲနဲ့ လွမ်းရတယ်......။
မိုးစက်တွေက အေးစိမ့်နေတာပဲ အိန်ဂျယ်........သူတို့က ကိုယ့်အတွက်အလွမ်းဖြေလေးတွေပေါ့...။
မိုးငွေ့

11 comments:
ကြိုက်တယ် မမီး.....
မိုးတွေနဲ့ ရောယောင်ငိုမိတယ် ဆိုပါတော့ :D
ကိုယ်တိုင်လဲ
ကော်ဖီတခွက်သောက်ရင်း----
မင်းကိုစောင့်နေမိတယ်။
ချစ်တဲ့
မိုးရာသီအလွမ်းကို မိုးငွေ့နဲ့အတူလွမ်းသွားတယ်
ကြုံဘူးတယ်..
မိုးရေထဲမှာ မျက်ရည်ကျရတာ ပိုပြီး ငိုလို့ ကောင်းစေသလားမသိ..
'ကောင်းကင်မှာ ကိုယ့်ကိုနှစ်သိမ့်ဖို့ ကြယ်ကလေးတွေ တစ်လုံးတစ်လေတောင် ရှာမတွေ့ဘူး' အဲ့စကားစုလေး
ကိုတော့အတော်သဘောကျသဗျ၊ပိုင်ရှင်မသိအောင်
ယူသုံးဦးမယ်....:P
ပစ်ပစ်စီမှာလည်း မိုးတွေရွာနေတယ်အမ
နောက်ဖေးဝရံတာလေးတောင်
အကြာကြီးမရပ်ဖြစ်ဘူး..
မိုးလေးများစွေရင် တို့များတော့ ဒေါ်မိုးငွေ့ရေ
ဗျစ်ရည်ဆိုင်(သို့)ခွက်ပုန်းဆိုင်အရိပ်ကိုလစ်ခနဲ့ခိုလိုက်တာပါပဲဗျား)း)
အိန်ဂျယ်သိပါစေဗျာာာ
မိုးငွေ့ စာလေးတွေက ကဗျာလေး ဖတ်ရသလိုပဲ..မိုးတွေနဲ့ အတူ လွမ်းသွားပါတယ် ခင်ဗျ...
အလွမ်းပြေမိုးလေးတွေက တကယ်အလွမ်းပြေနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့နော်..
ခင်တဲ့
အိမ်မက်
ကွက်တိပဲ။ အခု မိုးရွာနေတယ်။ ဖတ်နေတာကလည်း မိုးရာသီအလွမ်းတဲ့။း)
ခင်မင်စွာဖြင့်
မြတ်
Post a Comment