Wednesday, 6 June 2012

ရွှေမိုးသည်းပြောတဲ့ ကဗျာတစ်ပုဒ်အကြောင်း


ရွှေမိုးညိုလို့  သူငိုနေမှာလား
ကိုယ့် အလွမ်းတွေကို
သူသိအောင်ပြောပေးပါရွှေမိုးရယ်
သူနဲ့ တွေ့ ခဲ့တဲ့အိပ်မက်တွေအကြောင်း
အဖြူရောင်တွေအကြောင်း
ရင်ခုန်သံတွေအကြောင်း
ကိုယ်မရေးဖြစ်ခဲ့ တဲ့  (ဘယ်လိုမှရေးလို့ မရတဲ့ )ကဗျာတွေအကြောင်း
သူ့ ဆံနွယ်လှလှလေးတွေအကြောင်း
သူ့ အပြုံးချိုချိုလေးတွေအကြောင်း
ကိုယ့်တို့ ရဲ့  အလွဲတွေအကြောင်းရောပေါ့
သူမြင်သာအောင် လျှပ်ပန်းလေးတွေချွေချ
သူသိအောင်ပြောပေးပါနော်။ ။
(ကျွန်မ၏ကဗျာဆရာ)



10 comments:

မောင်သီဟ said...

မိုးသည်းရင်လွမ်းလွန်းတယ်ဆိုလေမလား ကဗျာဆရာရယ်
မိုးသည်းးးးးလွန်းတယ်

Anonymous said...

ရွှေမိုးညိုလို့  သူငိုနေမှာလား
ကိုယ့် အလွမ်းတွေကို
သူသိအောင်ပြောပေးပါရွှေမိုးရယ်
သူနဲ့ တွေ့ ခဲ့တဲ့အိပ်မက်တွေအကြောင်း
အဖြူရောင်တွေအကြောင်း
ရင်ခုန်သံတွေအကြောင်း
ကိုယ်မရေးဖြစ်ခဲ့ တဲ့  (ဘယ်လိုမှရေးလို့ မရတဲ့ )ကဗျာတွေအကြောင်း ........

လွင်ပြင်လှိုင်းငယ် said...

တိမ်တွေပြိုလို့ ရွှေမိုးက ငိုရတာလား
ရွှေမိုးငိုရင် ထမ်းတဲ့အလွမ်းတွေကို
သူ့ကိုယ်ပေါ်ကို ငိုချပေးပါနော်။
ဟိ
အတွန့်တက်လိုက်တာ

လွင်ပြင်လှိုင်းငယ် said...

တိမ်တွေပြိုလို့ ရွှေမိုးက ငိုရတာလား
ရွှေမိုးငိုရင် ထမ်းတဲ့အလွမ်းတွေကို
သူ့ကိုယ်ပေါ်ကို ငိုချပေးပါနော်။
ဟိ
အတွန့်တက်လိုက်တာ

စံပယ်ချို said...

ရွှေမိုးလေးညို
အလွမ်းတွေပြိုတော့မိုးငွေ့လေးကိုလွမ်းမိပါရဲ့

အမ်တီအန် said...

ရွှေမိုးညိုတာ ကြိုက်ပေသိ
လျှပ်ပန်းတွေနွယ်ပြီး မိုးတွေထစ်ချုန်းတာတော့
အင်မတန်ကို ကြောက်၏။

ညိမ်းနိုင် said...

တိမ်ပြိုမိုးတွေအကြောင်း မိုးတွေကတစ်ဆင့်ပြောပြနေတာ
လား ကိုရွှေကဗျာဆြာရဲ့.....:)))

San San Htun said...

ကိုယ့် အလွမ်းတွေကို
သူသိအောင်ပြောပေးပါရွှေမိုးရယ်...
ကိုယ်မရေးဖြစ်ခဲ့ တဲ့  (ဘယ်လိုမှရေးလို့ မရတဲ့ )ကဗျာတွေအကြောင်း
သူ့ ဆံနွယ်လှလှလေးတွေအကြောင်း...
သူ့ အပြုံးချိုချိုလေးတွေအကြောင်း...
သူသိအောင်ပြောပေးပါနော်။

ကြိုက်၏...

blackroze said...

မိုးရွာလေး သဘောကျပေမဲ့
မိုးခြိမ်းတာနဲ့ မိုးကြိုးပြစ်တာကိုတော့
အရမ်းကြောက်၏..

မဒမ်ကိုး said...

ဝါဆိုဝါခေါင်မှာကွယ် ရွှေမိုးလေးကညိုတော့ ........



ချစ်တဲ့

ငဂျာရစ်