Wednesday, 31 August 2011

ကြက်သားဖက်ထုပ်ပြုတ်

ကြက်သားဖက်ထုပ်ပြုတ် 





ခုတလော အပြုတ်တွေ အပေါင်းတွေအရမ်းစားချင်စိတ်ပေါက်နေတယ်...။ ကိုယ့်ဘာသာပဲကိုယ် လုပ်စားရတာပေါ့ ဘယ်သူကမှလာမကျွေးဘူးကိုးး...း( စီးတီးမတ်မှာ ဖက်ထုပ်ရွက် အခုနှစ်ဆယ်ပါတာ နှစ်ထုပ်ဝယ်...။ ကြိတ်ထားပြီးသားကြက်သား ၁၀၀ဂရမ်...။ တရုတ်နံနံတစည်း ကြက်သွန်မှိတ်တစ်စည်း နဲ့ ကြက်သားလုံးတစ်ထုပ်ဝယ်ပြန်ခဲ့တယ်....။

ကြက်သားထဲကို တရုတ်နံနံနဲ့ ကြက်သွန်မှိတ်နှုတ်နှုတ်စင်းပြီးထည့် ငရုတ်ကောင်းမှုန့် ပြောင်းမှုန့် ဆီနည်းနည်း ဆန်အရက်နည်းနည်း ကြက်သားမှုန့် ပဲငံပြာရည်အကြည်ထည့်နှယ်ပြီး ဗူးထဲအဖုံးပိတ် ရေခဲသေတ္တာထဲ ထည့်ထားလိုက်တယ်...။ နောက်နေ့မနက်ကျ.... ရေအိုးဆူဆူတည်ပြီး ခနောခဲတစ်ခဲနဲ့ ကြက်သားလုံးတွေကိုပြုတ်ထားလိုက်တယ်...။ ဖက်ထုတ်ရွက်ထဲကို နှပ်ထားတဲ့ ကြက်သားလက်ဖက်ရည်ဇွန်း တစ်ဇွန်းလောက်ကော်ထည့်ပြီး ဟိုဖက်ဒီဖက် ဖိကပ်လိုက်တယ်...။

ရေနွေးအဖြူနောက်တစ်အိုးတည်ပြီး ဖက်ထုပ်သုံးမိနစ်လောက်ထည့်ပြုတ်ပြီး စားမယ့်ပန်းကန်ထဲ ထည့်လိုက်တယ်။ ဖက်ထုတ်ပေါ်ကို မြေပဲဆန်ထောင်း ကြက်သွန်ဖြူဆီချက် သကြား ငံပြာရည်နဲ့ အချဉ်လေးကြိုက်ရင် သံပုရာသီးလေးညှစ်ထည့် ကြက်သွန်မှိတ်လေးဖြူးပြီး ပူပူလေးသောက်ရအောင်....။ ဖက်ထုပ်သားလေးက ချောခနဲ ချောခနဲနဲ့ လည်ချောင်းထဲကို ၀င်သွားတာများ....ရှလွတ်...။


မိုးငွေ့

13 comments:

သဒ္ဓါလှိုင်း said...

ကြက်သားဖက်ထုပ်ပြုတ်လေး လာစားပါတယ်မမိုး.။
Happy blog day မမိုး!
ချစ်တဲ့
မမိုး

Angelhlaing(May everybody be happy and healthy! said...

စားချင်လယ် မမ :):)

သက်တန့်ချို said...

ကြိုက်တယ်မိုးငွေ့ရေ အေးတဲ့အချိန်အဲဒီဖက်ထုပ်ပြုတ်လေးနဲ့ဆိုတအားလိုက်ပဲ ဟိဟိ လာငမ်းသွားပါတယ် ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖက်ထုပ်တစ်ပွဲဗျို့...
ချောကနဲ ချောကနဲဆိုလို့ ကိုယ့်ကိုများ ခေါ်နေသလားလို့ လိုက်ရှာမိသေးတယ်။ ;)

Evy said...

မိုးအေးအေးလေးမှာ သောက်လိုက်ရရင် အရမ်းကောင်းမှာ အသေအချာ

Cameron said...

မိုးတွေဆက်တိုက်ရွာမယ်ဆိုတာ ဟုတ်မယ် ဒေါက်တာအိမ်လည်ထွက်တာတာကိုးးး..း))

mstint said...

ဖက်ထုတ်ပြုတ်ဆိုရင် နှစ်သက်တဲ့အစာထဲမှာပါတယ် မိုးငွေ့ရေ။ ကျေးဇူးနော် လုပ်စားလိုက်အုံးမယ်း))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မဒမ်ကိုး said...

ပြုတ်ကြပါ ရှလွတ်ကြပါနော်

ဟင့်
သွားရေတွေကျလိုက်တာနော်....း(

မမိုး တစ်ပန်းကန်လောက် ဗျိုးးးးးးးးးးးး

ချစ်တဲ့
မဒိုးကန်

မောင်ဘုန်း said...

အားရား ရှိသမျှဆိုင်တွေပိတ်လို့  စားစရာမရှိပါဘူးဆို ... ဗိုက်ဆာလိုက်တာ ....အဟီး ....
happy blog day ပါနော် အစ်မ ....

Han Kyi said...

ဟဲ့...လူမမာ နာလန်ထပဟဲ့...စားနိုင်သောက်နိုင် ပါးစပ်ကြီးနဲ့ဖြစ်လာပြီ...ပုံကြည့်ရင်းနဲ့ ကွန်ပျူတာပေါ်ကို သွားရည်တွေတော့ ကျကုန်ပါပြီဗျာ...လုပ်ရက်ပါပေ့...ဒီဒေသမှာ အစားအသောက်က ရှားပါတယ်ဆိုမှ...မြင်သာမြင်ရ မကြင်ရဖြစ်ရပြီပေါ့...

Mon Petit Avatar said...

Can you guess what I bought this evening? Well, wonton sheet, of course. Thanks to your post, I feel like eating that soup but may be later this week. Thank you for the recipe, sis.

လင်းခေတ်ဒီနို said...

စားချင်ဒယ် စားချင်တယ် . . မမိုးကို နောက်ပိုင်း ချိတ်အားကြီးဆိုးတယ် .. ကဗျာတွေ မရေးပဲ. . ကျနော်ဗိုက်ဆာအောင် အားကြီးလုပ်လို့း))))))

SHWE ZIN U said...

စားချင်တယ် ညီမ ရေ ဗိုက်ဆာနေတာ