တုပ်ကွေးကွေးပြီး နာလန်ထခါစ မမချစ်(ချစ်ကြည်အေး)ကို မနေ့က အွန်လိုင်းမှာတွေ့တော့ နှုတ်ဆက်ရင်း အမ ဆန်ပြုတ်သောက်မလား ပြုတ်ပေးမယ်ဆိုတော့ ... အင်း သောက်ချင်တယ်....အီကြာကွေးလေးနဲ့တဲ့....။ အိုကေ...နက်ဖြန်မနက်စာလေးပြုတ်ကျွေးမယ်လို့ပြောလိုက်တယ်....။ ချစ်မမကလည်း တော်တော်လေး သဘောကျသွားတယ်.....။
ဒါနဲ့ ဒီဆန်ပြုတ်လေးကို ပြုတ်ဖြစ်သွားတယ်....။ ဆန်ကဗူးတစ်ဝက် မုန်လာဥနီအလုံးတစ်ဝက် အာလူးတစ်လုံး....။ ဆန်ကို ဆားနည်းနည်းနဲ့အရင်ပြုတ်ပြီး... ဥနီနဲ့အာလူးကို နုတ်နုတ်ကလေးလှီးပြီးနောက်မှထည့်လိုက်တယ်....။ ဆန်လုံးပွလာတော့မှ နည်းနည်းအအေးခံပြီး လက်ကြိတ်စက်နဲ့ အကုန်ကြေသွားအောင်ကြိတ်လိုက်တယ်...။ ပြီးမှ မီးဖိုပေါ်ပြန်တင်...ရေနွေးထပ်ရောပြီးတည်ထားတယ်...။ ဆန်ပြုတ်နပ်ပြီဆိုရင် ကြက်သွန်ဖြူဆီချက် ချက်ထားတဲ့အထဲက ကြက်သွန်ဖတ်ချည်းတစ်ဇွန်းခပ်ပြီး ဆန်ပြုတ်အိုးထဲထည့်လိုက်တယ်...။ ဆိုတော့ ဆန်ပြုတ်လေးက ကြက်သွန်ဖြူဆီချက်နံ့လေးမွှေးနေရော....။ စားခါနီးအီကြာကွေးညှပ်ထည့် ငရုတ်ကောင်းလေး နည်းနည်းဖြူး ကြက်သွန်မှိတ်လေးဖြူးပြီးသောက်ပါလေ...။
မိုးငွေ့
မိုးငွေ့
17 comments:
ချစ်ညီမ မိုး....
အရမ်း သောက်လို့ ကောင်းမှာပဲ...။ အမက ဆန်ပြုတ်နဲ့ အီကြာကွေး အရမ်းကြိုက်တာ၊ မဖျားဘဲလည်း သောက်နေတာရယ်။ ကျေးဇူးပါ ညီမလေးရေ၊ ဂရုစိုက်မှုလေးအတွက် အိန်ဂျယ်လေးလည်း အစစ အဆင်ပြေပါစေလို့၊ စီးပွားရေး၊ ကြီးပွားရေးနဲ့ သမီးရည်းစားအရေးပါ အောင်မြင်ပါစေလို့.....ဆုတောင်းပေးပါ၏။ ပြန်လာဖြစ်ရင် တရုတ်တန်းကြီး တတန်းလုံး အပြတ်ဝယ်ကျွေးမယ်နော်.....
အမချစ်လိုပဲ သဒ္ဓါလည်းတုတ်ကွေးဖျားတာ အကြီးအကျယ်ပဲမမိုး။ ခုမှနလံထခါစ။ ခက်တာက သဒ္ဓါက ဆန်ပြုတ်ကိုမကြိုက်လို့ မစားသွားရဘူးးး။
ချစ်တဲ့
သဒ္ဓါ
စားချင်စဖွယ်လေး..ဒါပေမယ့် ဆန်ပြုတ်ကြိုက်ဘူး ညီမလေးက :)
မမချစ်ကြည်လိုမဖျားတော့ မသောက်ရတော့ဘူးပေါ့လေ..း)))
ဆန်ပြုတ်အခုတစ်လောအရမ်းကို ခံတွင်းတွေ့နေတာ..
မချက်ဖြစ်တာနဲ့ခုထိမစားရသေးဘူး...
အီကြာကွေးလေးစားချင်လိုက်တာ..
ပြောနေရတာကြာပါတယ်
အိမ်မှာရှိတဲ့ကြက်ရိုးနဲ့ဆန်နဲ့ရောပြီးပြုတ်လိုက်ပြီ
ကျန်တာတွေလဲရှိနေလို့.....ကျက်ခါနီးမှ
အီကြာကွေး သွားဝယ်မယ်.....
ခုတော့ အစမ်းစားသွားတယ်နော်...အိမ်မှာခုမှချက်နေတာမို့ပါ။
နောက်တစ်ခါ ဆန်ပြုတ်အီကြာကွေး စားချင်တယ်ဆိုရင် ဘယ်သူ့ဆီသွားရမယ်ဆိုတာ စာအုပ်ထဲမှာ ရေးမှတ်ထားလိုက်ပြီ မိုးငွေ့လေးရေး))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မမချစ်အတွက်လုပ်ပေးတာ
မဒိုးကန်သွားရေကျသွားပါကြောင်း..း)
ကျွန်တော့် ရန်ကုန်ကို လာပြီး အမြင်လေးမျှသွားတာ ကျေးဇူးပါ။
ဆန်ပြုတ်မြင်ရတာ လူမမာတောင် လုပ်ချင်မိ သွားတယ်၊ စားကောင်းမယ့် ပုံပါပဲ...။း)
မကြီးချစ်အတွက်ဆန်ပြုတ်လေးကို
သူများပါကပ်တီးသွားတယ်နော်..
ချစ်တဲ့ Blackroze
ဆန်ပြုတ်တော့ကြိုက်ဘူးဗျ...၊ဒါပေမယ့် အားပေးသွား
တယ်ဗျိုး......:)
မချစ်နဲ့တူတယ်
ဆန်ပြုတ်ဆို မဖျားလဲကြိုက်တယ်
ဖျားရင်ပျော်တယ် ဆန်ပြုတ်သောက်ရလို့လေ..
တစ်ရက်တော့ ကချင်ဆန်ပြုတ်လေး ပြုတ်သောက်ဦးမှး)
အိုးးးး တော်တော်စားကောင်းမယ့်ပုံပဲ။ သတ်သတ်လွတ်ကလေး ၊ ကြက်သွန်ဆီချက်ကလေးနဲ့ပါလား။ ငရုတ်ကောင်းနဲ့ ကြာကွေးလေးတွေက အပေါ်မှာ ဖလန်းဖလန်းနဲ့ စားချင်စရာလေးတော်။ သွားရည်ကျသွားတယ်.... မိုးငွေ့ရေ...။
ခင်တဲ့
မချစ်ရဲ့ ဆန်ပြုတ်ကို လာအားပေးတဲ့ အစ်ကိုအစ်မ မောင်လေးညီမလေးတွေကို ကျေးဇူးအများကြီးတင်ပါ.....။ ချောရဲ့ ကချင်ဆန်ပြုတ်လေးကို စိတ်ဝင်စားတယ် မြန်မြန်တင်ပေးနော်.......း)
ဆန်ပြုတ်တော့ မကြိုက်ဖူး ညီမ... တခြားဟာ တခုခု လုပ်ကျွေးမယ်ဆိုရင် ဖျားချင်တယ်... ဟီဟိ
ဆန်ပြုတ်ကစားချင်စရာလေး အမလည်းဆန်ပြုတ်ကြိုက်တယ်။ တခါတလေ ဘရိတ်ဖတ်စ်ကို ဗီယက်နမ်ကလာတဲ့ ဟင်းသီးဟင်းရွက် ဆန်ပြုတ်တို့ မှိုဆန်ပြုတ်တို့ ဆီးဖုဒ်ရေညှိဆန်ပြုတ်တို့ ခေါက်ဆွဲခြောက်တွေလို ရယ်ဒီမိတ်ဗူးလေးတွေနဲ့ လာတဲ့ဟာကို လုပ်စားဖြစ်တယ်။ ရေနွေးထည့်လိုက်ရုံပဲလေ.. ကိုယ့်ဟာကိုယ်ပြုတ်ရင် ကြာလို့...း))
ရို့စ်ဆီကို အလည်ရောက်လာတဲ့ အတွက်ရော၊ Link လေးပါ ယူသွားတဲ့ အတွက် ကျေးဇူးနော်။ ရို့စ်က ဆန်ပြုတ် သိပ်မကြိုက်ပေမယ့် မမိုးငွေ့ ချက်ထားတာ စားချင်စရာလေး။
Post a Comment