Saturday, 27 August 2011

ဖျားနေသောည... ဖျားနေသောနေ့

GOSH!!!! စားချင်တာတွေကို ဂူဂယ်ကနေယူစားနေရတယ် သနားထှာ.....း(



မိုးလေးအေးအေး
ချမ်းစီးစီးမှာ
ခေါက်ဆွဲပြုတ်ပူပူသောက်ချင်တယ်...။

နှာရည်ယိုရွဲ တရွှဲရွှဲ
အငွေ့တထောင်းထောင်းနဲ့
ခေါက်ဆွဲပေါင်းလည်းစားချင်တယ်..။

လည်ချောင်းနာနာ
ချောင်းတဟွတ်ဟွတ်ပေမယ့်
ကော်ဖီ ဘလက်တော့သောက်ချင်တယ်...။

ဝိတ်လျှော့ပါတယ် လျှော့ပါတယ်
ပြောဆိုရင်းနဲ့
“မယ်ခေါင်”နဲ့အတူ
ဆူရှီ ဆာရှိမိ တန်ပူရာလည်းစားချင်တယ်...။

ဟမ်.......!!!!
နေမကောင်းတောင်
ငတ်ကြီးကျတယ်........လို့
မပြောလိုက်ပါနဲ့...
ဓါတ်စာဖြည့်စွပ်တာပါ...အဟဲ...။(ကဗျာမဟုတ်တဲ့ ကဗျာ)

မိုးငွေ့

13 comments:

thadarhline said...

မမိုး နေမကောင်းဘူးလား။ ဂရုစိုက်အုံးနော်။ မမိုးစားချင်တာ ကျွေးချင်ပါရဲ့..
ချစ်တဲ့
သဒ္ဓါ

ညိမ်းနိုင် said...

နေမကောင်းဘူးလား...ဂရုစိုက်ဗျိုး...။မမိုးစားချင်တာတွေ
ကို ကျွန်တော်လည်းစားချင်လာပြီဗျာ...လူပမာလာမေးရင်း
လူပမာ့ဓာတ်စာတွေ လာကပ်စားဦးမှထင်ရဲ့....:)))

အနှိုင်းမဲ့ said...

နှာရည်ယိုရွဲ တရွှဲရွှဲနဲ့ ခေါက်ဆွဲပေါင်းတော့မစားချင်ပါနဲ့
ခေါက်ဆွဲပန်းကန်ထဲ နှာရည်တွေကျကုန်မှဖြင့် :P

ချော(အစိမ်းရောင်လွင်ပြင်) said...

မမိုးနေမကောင်းဘူးလား
နီးနီးနားနားဆိုရင် စားစရာလေးချက်ပြုတ်ပြီး လာပို့ပါတယ်။
ခုတော့ ဂူဂဲလ်ကနေ ရှာစားနေတာ သနားပါတယ်
း)

Mon Petit Avatar said...

Take care and wish I could send those food by DHL. Black coffee and tempura, humm, sound great!

စံပယ်ချို said...

နေမကောင်းဖြစ်နေတာပေါ့ ဂရုစိုက်နော်
ဘာတွေချက်ပြီးလာပို့ရမလဲ....
မြန်မြန်နေကောင်းပါစေရှင်။

ချစ်ကြည်အေး said...

အဟီး ငါ့ညီမလေး ခေါက်ဆွဲပြုတ်ကျွေးမဲ့ အမကို မျှော်ရင်း ဂူဂယ်နဲ့ ပေါင်းဖက်နေရရှာတယ်...။ သနားလဒယ်....:P

mstint said...

'ကျန်းမာခြင်းသည်လာဒ်တစ်ပါး' တဲ့ မိုးငွေ့ရေ။
ကျန်းမာရေးကို ဂရုစိုက်ပါနော်။ နေကောင်းရင် စားချင်တာမှန်သမျှ စားလို့ရပြီး စိတ်သွားတိုင်း ကိုယ်ပါတယ်မဟုတ်လား။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ညီလင်းသစ် said...

နေမကောင်းဘူးလား မမိုးငွေ့..၊ ဂူးဂဲလ် ကနေတောင် လိုက်ရှာနေပုံ ထောက်ရင် အတော်လေး စားချင်နေပုံ ပါပဲ၊ ပုံတွေကလည်း ကြည့်တာနဲ့ စားချင်စရာ...၊း) ကျန်းမာရေးတော့ ဂရုစိုက်ပါ၊ အမြန်ဆုံး ပြန်ပြီး နေကောင်း လာပါစေဗျာ...၊

rose of sharon said...

စားချင်လိုက်တာကွယ်... Take care sis !

blackroze said...

မကြီးမိုးငွေ့
ဆေးမှန်မှန်သောက်နော်..
မကြီးစားချင်တာတွေညီမလည်းစားချင်တယ်အဟီးးး

Han Kyi said...

သြော်...မိုးငွေ့ခမျာ ဖျားနေရှာသဟဲ့လို့ ဆေးကုပေးဖို့ ပြေးလာလိုက်တာ...ပို့စ်အစကတည်းက တင်ထားလိုက်တဲ့ ပုံတွေကြည့်ပြီး သောက်ညင်ကတ်သွားတယ်...ဘယ့်နှယ်လူမမာပါလိမ့်နော်...သူများလူမမာများ ဖျားနေရင် အစားပျက်...အသောက်ပျက်...ဒီလူမမာကျမှ ပါးစပ်တပြင်ပြင်နဲ့...တော်ပေါ့...ဆေးလည်းမပေးတော့ဘူးဗျာ...လူနာလည်း မမေးတော့ဘူးဗျာ...မြင်သမျှအစားအသောက်တွေ လုစားပြီး ပြန်သွားပြီ . . .ဟား ဟား...

အလင်းသစ် said...

ထပ်ပြီးဖြည့်ချင်တယ်..ဟဲ...
ရခိုင်သင်္ဘောသီးသုတ်နဲ့၊ ရခိုင်မုန့်တီကို
ကုလားအော်သီးထောင်းနဲ့များ လွေးလိုက်ရ...ဟမ်မရေး.. ချွေးတွေပျံပြီး ..အဖျားတွေအကုန်လစ်ပေရော့..
ပြောရင်း တံတွေးမြိုချလိုက်ရတယ်..ဂလု။။။။
ကျန်းမာပါစေဗျာ။။။