အမှန်တော့ စပါ့ဂတီခေါက်ဆွဲကြော်ကို သူများဘလော့မှာ သွားလျှောက်လည်ရင်းတွေ့ခဲ့လို့ စားချင်တာနဲ့ ကြော်ကြည့်လိုက်တာ....။ အရွက်တွေကိုတော့ များများစားစားမထည့်တော့ပါဘူး...။ အိမ်မှာ ရှိတဲ့ မုန်ညင်းဖြူထုပ်နဲ့ မုန်လာဥနီနှစ်လုံးသုံးလိုက်တယ်....။ ကြက်ရင်အုံသားကိုပါးပါးလှီးပြီး မိုးငွေ့တို့ရဲ့ မာရီနိတ်တစ်စတိုင်အတိုင်းပဲ ကြက်သားမှုန့် ငရုတ်ကောင်း ပဲငံပြာရည်အကြည် ပြောင်းမှုန့်နဲ့ ဆီနည်းနည်း နယ်ပြီးနှပ်ထားလိုက်တယ်...။ မုန်ညင်းဖြူကိုလှီးပြီး ရေဆေးထား ဥနီနှစ်လုံးကိုအမြောင်းလေးတွေလုပ်ပြီး အပွင့်ဖော်လိုက်တယ်...။ စပါဂတီကို ရေဆူဆူမှာ ဆားခတ်ပြီးပြုတ်လိုက်ပါတယ်....။ နူးလာရင် ရေအေးဆေးပြီး ကြာညို့ ငံပြာရည်နဲ့ ဆီထည့်ပြီးနယ်ထားလိုက်တယ်....။ ဒယ်ပူပူမှာ ဆီထည့်ပြီး ဓါးပြားရိုက်ထားတဲ့ ကြက်သွန်ဖြူကိုထည့်ကြော်... မွှေးလာရင် ကြက်သားကိုကြော်... ကြက်သားရရင် အရွက်တွေထည့်ပြီး အရွက်မနွမ်းတနွမ်းအချိန်မှာ စပါဂတီိထည့် ခရမ်းချဉ်သီးဆော့စ် ထမင်းစားဇွန်းတစ်ဇွန်းထည့်ပြီး အပေါ့အငံမြည်း ကြည့်... အိုကေရင်ရပါပြီကွယ်........။
9 comments:
ဘယ်လိုပဲကြော်ကြော်ခေါက်ဆွဲဆိုရင်တော့
ကြိုက်လို့နဲနဲတော့ပေးစားပါနော်...
အဲကောင်းတယ်တော့ ...
အကုန်ပဲစားလိုက်တော့မယ်.....
ကျေးဇူးတင်ပါတယ်...ဗိုက်လဲပြည့်သွားပါပြီ။
မြည်းရုံနဲ့မဝလို့ အဝစားသွားတယ် မမရေ...:):)
စပါ့ဂတီခေါက်ဆွဲကြော်လေး အားပေးသွားတယ် မိုးငွေ့ရေ။ ဒီတစ်မျိုးထဲဆိုတော့ မတင်းတိမ်ဘူးဖြစ်နေတယ် ဘာကျွေးအုံးမလဲး))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အယ် စောစောစီးစီး ဂလုတယ်ဗျာ
မြင်သာမြင်ရပြီး မစားရဖူးဝူးးးး
ဂလုဂလု
မောင်ဘကြိုင်
ဟိုဟာချက်ပြလိုက်...ဒီဟာချက်ပြလိုက်နဲ့
အိမ်ချင်းနီးနေတာတောင်
တစ်ခါမှလုပ်စားသမျှမုန့်တွေဆိုတာ အရိပ်ယောင်တောင်မတွေ့ရဘူး..း(
စားချင်လိုက်တာနော်။
မကြီးမိုးငွေ့ရေ
ဘာခေါက်ဆွဲကိုဘယ်လိုဘဲကြော်ကြော်..
မီးမီးကတော့အများကြီးစားသွားတယ်..
တို့လဲ စပါ့ဂတီအဖတ်ကို အဲဒီလိုတွေ လျှောက်လုပ်စားတတ်တယ်။ တခါတလေကြော်စားတယ်။ တခါတလေ နန်းကြီးသုပ်လိုသုပ်စားတယ်။ တခါတလေ ရှမ်းခေါက်ဆွဲလို ကော်ရည်နဲ့လဲသုပ်စားဖူးတယ်။ အားလုံးကောင်းတယ်။ မယုံရင်စမ်းလုပ်စားကြည့်..း))
အဟိ... အဲဒါအမဆီသွားလည်ရင်းကပဲ တွေ့ခဲ့လို့ လုပ်စားကြည့်ထှာ.....ကျေးဇူး တခြားဟာလေးတွေပါ လုပ်စားကြည့်ဦးမယ်....။
Post a Comment