Monday, 18 June 2012

My Lunch Box.....



ရုံးကထမင်းဟင်းကိုအီလာလို့ အပြောင်းအလဲလေးဖြစ်အောင် စိတ်လဲပါနေလို့ထမင်းဗူးလေးထည့်ခဲ့တာ...။ ထမင်းကြော် ဘာထမင်းကြော်လဲတော့မသိ မီးမီးကြိုက်သလိုကြော်ထားသည့်ထမင်းကြော်ပေါ့....။ ထမင်းကို ပဲငံပြာရည်အနောက်နဲ့နယ်ထားတယ်....။ ကြက်သွန်ဖြူကိုဆီသတ် ၀က်သားလေးစင်းထားတာ နဲနဲထည့်ကြော်တယ် ... ငရုတ်ပွ ဥနီထည့်ကြော်တယ် ကြက်ဥတစ်လုံးဖေါက်ထည့်တယ်...ထမင်းထည့်ပြီး ကြက်သားမှုန့်ထည့်မွှေတယ်...။ ရခါနီးကျ ငရုတ်ကောင်းလေးဖြူးလိုက်ပါတယ်....။


ထမင်းကြော်နဲ့စားဖို့ ကြက်သွန်ချဉ်


                    ‌ယောက္ဖဆိုတာရိုက်ပွဲ ခယ်မဆိုတာလိုက်ပွဲ... ဟိဟိ ထမင်းကြော်လိုက်ပွဲပါ


              ဗိုလ်ချုပ်ဈေးက၀ယ်ခဲ့တဲ့ ကညွတ်ကိုကြော်ပြီးကော်ရည်ဆမ်းထားတာ


10 comments:

စံပယ်ချို said...

အိပ်ယာထနောက်ကျလို့ဆာနေတာနဲ့အတော်ပဲ
ကညွတ်ဒီမှာဈေးကြီးတယ်
အရမ်းကြိုက်တယ်

Phyu Lwin said...

ကညွတ်တော့ အရမ်းကြိုက်တယ်. ထမင်းကြော်လည်း ကြိုက်တာပဲ :D

blackroze said...

မကြီးမိုးငွေ့ ငပိထမင်းသုတ်လေး
သုတ်စားပါလား ဟင်..
သုတ်နည်းလေးသိချင်လို့ပါ..

Candy said...

ကညွတ်....
ဒီမှာ ၅ချောင်း ၆ချောင်းလောက်ကို ဈေးအများကြီးပေးရတယ်...
မစားနိုင်ဘူး ဟင့်

Thameesan said...

ကိုယ်ကအစားကြီးတော့
စားရမှာအားနာစရာ..း))

Iora said...

စားချင်စဖွယ်လေး..
အိုင်အိုရာ

Han Kyi said...

ထမင်းကြော် အနှီလောက်နဲ့ဆိုရင် ဦးဟန်ကြည်ကတော့ နံကြားတောင် မကပ်ပေါင်ဗျာ...သုံးဇွန်းလောက်ခပ်လိုက်ရင် တက်တက်ပြောင်မှာပါပဲ...အိမ်း ၀မှကြောက်တဲ့လူများကျတော့လည်း အငတ်ခံကြရသကိုးး)

မီးမီးငယ် said...

မိုးငွေ့ အတိုင်းဘဲ..၊
ကိုယ်တို့ လည်းမနက်ဖန်အတွက်ထမင်းဗူးကို၊
ထမင်းကြော်လေးလုပ်ထားလိုက်ပြီ...။

လွင်ပြင်လှိုင်းငယ် said...

နောက်ကျမှရောက်လာတော့ကျန်တော့ဝူးထင်ပါတယ် အဟင့်အဟင့်

Mon Petit Avatar said...

I love both fried rice and stir-fried asparagus, they both look delicious sis!