Monday, 11 June 2012

စပါ့ဂတီပင်စိမ်းယိုးဒယားကြော်






 







မီးမီးရဲ့ မနက်စာလေးပါ စားကြပါဦး


ဟိုတလောက လုပ်စားဖြစ်တဲ့ စပါ့ဂတီလေးပိုနေသေးတာနဲ့ ယိုးဒယားလိုပင်စိမ်းရွက်နဲ့ကြော်စားကြည့်မယ် စိတ်ကူးရသွားတယ်...။ ကျမသွားထိုင်နေကျ Black Canyon ကော်ဖီဆိုင်လေးမှာ အဲဒါမျိုးရောင်းတယ်....။ မနက်စောစောမထချင်တာနဲ့ ညကတည်းက စပါ့ဂတီခေါက်ဆွဲကိုပြုတ်ပြီး ရေခဲသေတ္တာထဲထည့်သိမ်းထားတယ်။

လိုအပ်တာလေးတွေကတော့

၁)စပါဂတီခေါက်ဆွဲ(သုံးယောက်စာ)
၂)၀က်သားကြိတ်ပြီးသား100ဂရမ်
၃)ငရုတ်ပွနှစ်လုံး အစေ့ထုတ်အမြှောင်းလိုက်လှီးထား
၎)ငရုတ်သီးအနီ ငါးတောင့် အစောင်းလိုက်လှီးထား
၅)မုန်လာဥနီတစ်ဝက် အချောင်းလိုက်လှီးထား
၆)ပင်စိမ်းရွက်တစ်စည်းခြွေပြီးရေဆေးထား
ရ)ကြက်သွန်နီတစ်လုံးနဲ့ကြက်သွန်ဖြူသုံးမွှာ သေးသေးစင်းထား
၈)ပဲငံပြာရည်အကြည်တစ်ဇွန်း
၉)ကြက်သားမှုန့်တစ်ဇွန်း
၁၀)ဆီသုံးဇွန်း

ဒယ်ထဲကိုဆီထည့်ပြီး ဆီပူလာရင် ကြက်သွန်ဖြူနီကိုမွှေးအောင်ကြော်မယ် ၀က်သားထည့်မယ် နှစ်မိနစ်လောက်မွှေပြီးရင် ငရုတ်သီးအနီရောင် ငရုတ်ပွ ဥနီ တခါတည်းဆက်ထည့်ပြီး မွှေပေးပါ။ ပဲငံပြာရည်အကြည်ထည့် ပင်စိမ်းရွက်အုပ် စပါ့ဂတီခေါက်ဆွဲထည့် ကြက်သားမှုန့်ထည့်ပြီး နောက်နှစ်မိန်စလောက်မွှေပေးပြီးရင် အိုးချလို့ရပါပြီ....။ ပင်စိမ်းနံ့မွှေးမွှေး ငရုတ်သီးစပ်စပ်လေးနဲ့ စပါ့ဂတီခေါက်ဆွဲကြော်လေးကို ကျမက မနက်စာအဖြစ် ကော်ဖီပူပူလေးနဲ့ တွဲထားပါတယ်...။ ငရုတ်သီးလေးစပ်ရင် ကော်ဖီလေးသောက်လိုက်နဲ့ ဗယ်ရီးဂွတ်ပဲဗျာ....။


မိုးငွေ့


11 comments:

blackroze said...

တကယ်ကို ဂွတ်ရှယ်ပါဘဲ
မကြီးမိုးငွေ့

လွင်ပြင်လှိုင်းငယ် said...

မိုးငွေ့ မနက်စာလေးက အမိုက်စားလေးပဲ။
အိန်ဂျယ်ကိုရော မကျွေးလိုက်ဘူးလား ဟိ ။

စံပယ်ချို said...

သများလဲကြက်သားနဲ့လုပ်စားမယ်

အမ်တီအန် said...

ကောင်းမှကောင်း..
အိမ်မှာ ကြော်စားဦးမှ...

ညိမ်းနိုင် said...

မီးမီးချက်တဲ့ စပါဂတ်တီ....သများမကြိုက်ပါပြီ...:P

San San Htun said...

spaghetti ဝယ်ထားတာနဲ့  အတော်ပဲ..ချက်စားဦးမယ်...

ညီလင်းသစ် said...

မမိုးငွေ့ရဲ့ Spaghetti bolognaise က အမိုက်စားပဲဗျ၊ ငရုတ်သီးတွေနဲ့ ဆိုတော့ ခပ်မြန်မြန်လေး ကုန်သွားမှာ သေချာတယ်...။

Candy said...

အခွင့်သင့်ရင် မမမိုးငွေ့လက်ရာကို ဘလော့မောင်နှမတွေနဲ့အတူ စားချင်ပါသေးတယ် :D :D

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ိမိုးငွေ့ရဲ့ မနက်စာလေးက ရှယ်ပဲ .. ဘာမှမစားရသေးခင်ကြည့်မိတော့ ဗိုက်တောင်ပိုဆာသွားပြီ၊ နောက်ရက်မှ မိုးငွေ့ပြောသလိုကြော်စားကြည့်ဦးမယ်။ လောလောဆယ် မြန်မာပင်စိမ်းက မရှိဘူး။ ဒီတော့ ရှိတဲ့ ယိုးဒယားပင်စိမ်းနဲ့ ကြော်မယ်ကွယ်..။ ရှလွတ် .. တွေးရင်းကို စားချင်လာပြီ။ ဒီတစ်ယောက် ဝိတ်တွေတိုးလာရင်တော့ မိုးငွေ့ကြောင့်ပဲနော် ..ခိခိ

Han Kyi said...

စပါဂတီဆိုတာ ကြားဖူးရုံပါပဲ မိုးငွေ့ရေ...ဘာပဲပြောပြော ပုံကြည့်ရတာတော့ စားချင့်စဖွယ်ရှိသား...အလကားကျွေးမယ့်လူရှိရင်တော့ စားဖြစ်အောင်စားရမယ့် စားဖွယ်စာရင်းမှာ စပါဂတီကို စာရင်းတို့လိုက်ပါကြောင်းဗျား...

မောင်သီဟ said...

သွားရည်ကျရတာကိုက ငါ့ဒုက္ခပါလားနော်
ဂလု အု ဗိုက်ဆာလယ်