Friday, 8 June 2012

Sky.....




အုံ့ဆိုင်းမှိုင်းညိုနေတဲ့ မိုးကောင်းကင်ကြီးအောက်မှာ.....တိတ်ဆိတ်ကြေကွဲစွာနေရစ်ခဲ့ရတော့မှာလား....။

မင်းဟာ ကိုယ့်ရဲ့ ကောင်းကင်တစ်ခုပါ အိန်ဂျယ်....။
ရာသီအလီလီမှာ အရောင်တွေအမျိုးမျိုးပြောင်းလဲနေတဲ့ တိမ်စိုင်တွေနဲ့အလှဆင်ထားတဲ့ ကောင်းကင်ပေါ့..။

အိန်ဂျယ်ရေ....ကောင်းကင်ကနေ အတောင်ဖြန့်ကျက်ဆင်းမလာပါနဲ့...ခုလိုရာသီမျိုးမှာ မိုးစက်တွေသီပြီး ခိုဆင်းခဲ့ပါ.. ကိုယ်မျှော်ကြည့်နေပါ့မယ်......။

မိုးသက်လေကင်းတဲ့အခါ ပြာလွင်တဲ့ကောင်းကင်...တခါတလေ လိမ္မော်ရောင်တောက်တဲ့ တိမ်တွေကြောင့် အရောင်အဆင်းတွေပြောင်းလဲတဲ့ကောင်းကင်....ကိုယ်ကတော့ မီးခိုးရောင်တွေမှိုင်းညို့နေတတ်တဲ့ မိုးရာသီရဲ့ ကောင်းကင်ကို ပိုနှစ်သက်မိတယ်.......။ အဲခါမျိုးမှာ ကောင်းကင်ကြီးကို မော့ကြည့်ရတာ ကိုယ့်ရဲ့စိတ်ဝိညာဉ်တွေကို သိမ်းနှုတ်ယူငင်သွားသလိုလဲ ခံစားရတတ်တယ်....။ အဲဒါမကောင်းဘူးလေ နာကျင်ရတယ်.....။ ဒါပေမယ့် အိန်ဂျယ် ကိုယ်အဲဒီဝေဒနာတွေနဲ့အသားကျနေတတ်ခဲ့ပြီ......။

ငယ်စဉ်တုန်းက မြက်ခင်းပြင်ကျယ်ကြီးမှာ ပက်လက်အိပ်ပြီး ကောင်းကင်ကြီးကို အကြာကြီးခဏခဏကြည့်ခဲ့ဖူးတယ်....။ အဲဒီတုန်းကတည်းက ကောင်းကင်ကို ချစ်တတ်ခဲ့တယ်ဆိုတာ ကိုယ်ခုမှရိပ်မိလာတယ်....။

ဒါပေမယ့် အဲတုန်းက ကောင်းကင်ရဲ့ ဖြူဆွတ်တဲ့အတောင်ပံတစ်စုံရဲ့စွမ်းအားကိုယ်မသိခဲ့ဘူး.... လင်းလက်တဲ့ မျက်ဝန်းတစ်စုံရဲ့ စွမ်းအားကို ကိုယ်မမြင်တတ်ခဲ့ဘူး..... ဖြူစင်တဲ့ အပြုံးတစ်ပွင့်ကို ကိုယ်မကြည့်တတ်ခဲ့ဘူး...သာယာနာပျော်ဖွယ်ကောင်းတဲ့ အသံကို နားမထောင်တတ်ခဲ့ဘူး....။

တကယ်တော့ အဲဒီအရာတွေအားလုံးဟာ ကိုယ့်ရဲ့ အိန်ဂျယ်ဖြစ်လာမယ့်မင်းအတွက် ကောင်းကင်ကပေးခဲ့ဖူးတဲ့ အတိတ်နိမိတ်လက်ဆောင်တွေပါပဲ....။

....God Bless U အိန်ဂျယ်.......း)

မိုးငွေ့

6 comments:

လွင်ပြင်လှိုင်းငယ် said...

ကောင်းကင်ကပေးတဲ့ နိမိတ်တဲ့လား။
အတိတ်မှာ အရိပ်တွေပြည့်နေရင်တောင်
အရိပ်တွေ ပင်လယ်ထဲပစ်ချ
ငွေ့ရည်ပျံပြီး တိမ်တိုက်တွေအဖြစ်
အိန်ဂျယ်နားမှာရော မနေချင်ဘူးလား။

စံပယ်ချို said...

မိုးစက်တွေသီ အလွမ်းတွေစီလို့
အက်ဆေးတပုဒ် ရေးထုပ်ခဲ့ပြီ

blackroze said...

မကြီရယ်..
အိန်ဂျယ်နဲ့ ဆုံစည်းပါစေလို့
ဆုတောင်းပေးတယ်နော်

San San Htun said...

ကိုယ်လည်း ကောင်းကင်ကို ချစ်တယ်..

ညိမ်းနိုင် said...

သများလည်း ကောင်းကင်ကို ဂျစ်ဒယ်....

ပုံ/ တိမ်တစ်စ

ဆူးသစ် said...

အစွဲအလမ်းကတော့ ကြီးမြဲပါပဲ။ အိန်ဂျယ်နားလည်နိုင်ပါစေ။