မီးဖိုထဲ မ၀င်ဖြစ်တာကြာပြီ.... ကိုယ်နဲ့မဆိုင်တော့သလိုလို...။ ဘာတွေအလုပ်ရှုပ်မှန်းမသိပါဘူး....။ ဒီနေ့တော့ရုံးပိတ်ရက်လေးလဲဖြစ်တော့ ရှမ်းဝက်သားပေါင်းလေးလုပ်စားမယ်ဆိုပြီး မနေ့ကတည်းက လိုအပ်တာလေးတွေ ကြိုဝယ်ထားတာ...။ ရှမ်းလူမျိုးတွေစားတဲ့အတိုင်း ထမင်းနဲ့မဟုတ်ဘဲ ကောက်ညှင်းနဲ့စားမယ်...။ ဒါကြောင့် ညကတည်းက ကောက်ညှင်းဆန်း တစ်ကီလိုထုပ်လေးကို ရေစင်စင်ဆေးပြီး စိမ်ထားတယ်....။ မနက်လင်းတော့ ကောက်ညှင်းပေါင်းနေတုန်းမှာ ၀က်သားပေါင်းထုပ်လေး လုပ်ဖို့ ပြင်ဆင်ရတယ်....။ လုပ်နည်းလေးက လွယ်ပါတယ်...။ ပြောပြမယ် ...။

ပါဝင်ပစ္စည်းတွေ
၁) ၀က်သားငါးဆယ်သား
၂)ကြက်ဥတစ်လုံး
၃)ပင်စိမ်းရွက်နဲနဲ
၎)စပါးလင်တစ်ပင်နဲ့ နံနံမြစ်
၅)ငရုပ်သီးစိမ်း(အနီ) ခုနှစ်တောင့်
၆)ကြက်သွန်နှစ်ဥ
ရ)ကြက်သွန်ဖြူ ငါးမွှာ
၈)ကြက်သားမှုန့်
၉)ပြောင်းမှုန့်လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ ဆီနဲနဲ
၁) ၀က်သားငါးဆယ်သား
၂)ကြက်ဥတစ်လုံး
၃)ပင်စိမ်းရွက်နဲနဲ
၎)စပါးလင်တစ်ပင်နဲ့ နံနံမြစ်
၅)ငရုပ်သီးစိမ်း(အနီ) ခုနှစ်တောင့်
၆)ကြက်သွန်နှစ်ဥ
ရ)ကြက်သွန်ဖြူ ငါးမွှာ
၈)ကြက်သားမှုန့်
၉)ပြောင်းမှုန့်လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ ဆီနဲနဲ
ဝက်သားကို ပေါင်သားထက် ဂုတ်သား(သို့)မိုးခုသားကိုရရင်ပိုကောင်းပါတယ်... သူက နူးညံ့တယ်လေ။ အသားကိုနုတ်နုတ်စင်းပြီး ဇလုံတစ်ခုထဲထည့်ထားပါ...။ ကြက်သွန်နီနဲ့ဖြူကိုသေးသေးစင်း စပါးလင် နံနံမြစ်နဲ့ ငရုတ်သီးစိမ်းတွေကို ငရုတ်ဆုံထဲထည့်ထောင်း ပင်စိမ်းကို ပါးပါးလှီး...။ အဲဒီအစာပလာတွေအားလုံကို အသားဇလုံထဲထည့် ကြက်ဥဖောက်ထည့် ကြက်သားမှုန့် ပြောင်းမှုန့် ဆီနဲနဲထည့်ပြီး သမအောင်နယ်ပေးပါ....။ ငရုတ်သီးပါတော့ လက်အိတ်စွပ်ပြီးနယ်ပါ လက်စပ်မှာစိုးလို့လေ...။ နယ်ပြီး ဆယ့်ငါးမိနစ်နှပ်ထား...။ ငှက်ပျောဖက်ကို အ၀တ်ရေစိုနဲ့သန့်ပြီး လိုချင်တဲ့ အရွယ်အစားဖြစ်အောင် ကပ်ကြေးနဲ့ညှပ်ထား...။
ငှက်ပျောဖက်ကိုအထဲမှာ အသေးလေးတစ်ရွက်ထပ်ပြီး အသားထည့် ၀ါးတံလေးနဲ့ထိုးလိုက် အိုကေပြီ....။ အဲဒီဝက်သားပေါင်းထုပ်ကို မုန်ညင်းစောနဲ့ ကောက်ညှင်းကို ထမင်းအစားထိုး စားကြည့် သိပ်ကောင်း၏....။ ကောက်ညှင်းပေါင်းပုံက ရိုက်ဖို့မေ့သွားလို့.....။ မုန်ညင်းစောလုပ်နည်းကတော့ အားလုံးသိပြီးသားဖြစ်မှာပါ မရေးပြတော့ဘူးနော်....။
ထုပ်ရတာ သိပ်တော့အဆင်မပြေဘူး
မုန်ညင်းစောလေးနဲ့ပါတွဲဖက်စား
မိုးငွေ့
16 comments:
အိမ်ပြန်ရောက်ရောက်ခြင်းထမင်းစားနေတုံး၊
ဖွင့်ကြည့်မိတာ..။
ကိုယ့်ထမင်းပုဂံလေးကိုဘေးရွေ့ ပြီး။
အ၀စားသွားပြီနော်..။
ခေါင်းစဉ်လေး မြင်တာနဲ့တင် စားချင်သွားပြီ။
ငှက်ပျောရွက်နဲ့ဆိုတော့ အနံ့လေးက မွှေးနေမှာပဲ။ အဖော်ကောင်းရင် လုပ်စားအုံးမှပဲ။
စားချင်လိုက်တာ မမိုးရယ်..
သွားရည်ကို ကျရော
ညကြီးသန်းကောင်လဲ ဗိုက်ကဆာလာပြီ ..
တကယ်ကို စားချင်စရာလေးရယ်
စားချင်လိုက်တာ.....ကောက်ညှင်းပေါင်းလေးနဲ့ဆို ကောင်းမှကောင်း ....ရှမ်ပြည်ကိုသတိရသွားပြီဗျာ..လွမ်းတယ်..တောင်ကြီးက ကျိုင်းတုံဆိုင်ကို...
It seems delicious sis!
Mon Petit Avatar
ရှမ်းဝက်သားပေါင်းထုပ် လုပ်နည်းလေး ဖတ်ပြီးမှတ်သွားတယ် မိုးငွေ့ရေ။
တီတင့်က ဝက် အမဲ မစားပေမယ့် သားနှစ်ယောက်က ကြိုက်မှကြိုက်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
လုပ်မစားတတ်ပေမဲ့ ကိုယ်အရမ်းကြိုက်တဲ့အစားအစာ :)
သများလဲသေချာဖတ်ခဲ့တယ် ကြက်နဲ့လုပ်စားမယ်
ဟုတ်ကဲ့ ဒီလုပ်နည်းလေးအတိုင်းကို ကြက်သား ငါး ငါးဥတွေနဲ့လဲ လုပ်စားနိုင်ပါတယ်...။
စားချင်၏..ဟဟဟဟ
အိမ်က ညီမလေး တစ်ယောက် ပြောနေတာ။ ဟို အိန်ဂျယ်ရေးတဲ့ အစ်မလေ တဲ့။ ၀က်သားပေါင်းထုတ်လုပ်ပြထားတာ စားချင်လိုက်တာ။ အားရင် လုပ်စားဦးမှ တဲ့။ အဲဒါ နည်းလာကြည့်တာ ညီမလေး မိုးး)))))
မီးမီးတော့ ကျုပ်ကို ၀ိတ်တွေတိုးအောင် ဖန်နေပြန်ပြီ..ခိခိ..စားချင်လိုက်တာဟာ.. အားမှလုပ်စားဦးမယ်..
နင်ကတော့လေ လုပ်လည်း လုပ်တတ်ပါပေရဲ့... တော်ပါ့...
ချစ်တဲ့
မမဝသုန်
လွယ်သားပဲ လုပ်စားကြည့်မယ်..
အမရေ..
ပစ်ပစ်ပြန်လာလည်၇င် တွေ့ကြရအောင်နော်
ဟီးးဟီးး
ထမင်းစားဖိတ်နော် ပစ်ပစ်ကိုလေ..
Thanks a lot Nyi-ma-lay. I will try this one at home. But I have a problem. It is not easy to find banana leaves here... :( So what I should use instead of banana leaves?
ငှက်ပျောဖက်မရှိလဲ ကြွေပန်းကန်ထဲထည့်ပေါင်းလို့ရပါတယ် ကိုကြီးငယ်...း)
Post a Comment