လိုင်းကောင်းချက်နော် သုံးလပိုင်းကတည်းက ခရီးသွားလိုက်တဲ့ ပုံတွေက ခုမှတင်လို့ပြီးသွားတယ်...။ ခရီးသွားပို့စ်တွေက အခန်းဆက်တွေသိပ်ရှည်ကြတယ်...။ မိုးငွေ့ကတော့ သများတွေလို သိပ်မရေးတတ်ဘူး ရေးတတ်သလို တင်တတ်သလိုပဲတင်လိုက်ပါတယ်...း) ကျေးဇူးတင်ပါတယ်...။

ဟိုက်!!! ပန်းဒေ အကုန်ဂျောက်ထိုးဖစ်ကုန်ပီ....
တော်ပီ ပြင်တော့ဘူးဒီပုံတောင်မနည်းတင်ထားရတာ
ကွကို စောင်းငဲ့ကြည့်ကြနော် ..

အဲဒါ ဆင်လိပ်ပြာတဲ့

ထမ်ဆမ်းဂူမ၀င်နားက သစ်ခွပန်း

ထမ်ဆမ်းဂူအသွားလမ်းပေါ်ကစတော်ဗယ်ရီခင်း

မွေတော်ကက္ကူက ပန်းတွေ

ပင်းတယလှိုဏ်ဂူတောင်ပေါ်က မြင်ရတဲ့ ရှုခင်း

စိန်ပန်းပြာပြာတွေ

ပဲပန်း ...စောက်ထိုးဖြစ်နေတယ် သီးခံတော်မူကြပါ...
မနှင်းဆီလဲ မတည့်တတ်တော့ဘူး လင်းရေ...


ပင်းတယကအပြန်ဝင်တာ ဘုတ်တလုတ်ရေကန်တဲ့ ငယ်တုန်းကကြားဖူးတဲ့ မနော်ဟရီနတ်သမီးညီအစ်မခုနှစ်ဖော်ရေလာချိုးတဲ့ကန်ထင်တယ်..

နှင်းဆီးပန်းပုံတွေကတော့ မနှင်းဆီမူပိုင် ကဖမမအတွက်ပါ




သစ်ခွပန်းတွေကိုစိုက်ရတာ သဘောကျလှချေရဲ့
သစ်ခွပန်းကိုကြိုက်ရချေရဲ့ဆိုတဲ့ မောင်မောင်ဘကြိုင်အတွက်

ဘာအပင်လဲတော့မသိ တစ်ပင်လုံးပန်းတွေနဲ့ မွှေးနေရော

အဲဒီပန်းနာမည်သိကြရင်ပြောပြပါ မြို့မဈေးထိပ်မှာ ထိုင်ရောင်းနေတာ
ပန်းနာမည်ကို မေးခဲ့ပါသေးတယ် မေ့သွားလို့

ရွှေဘုန်းပွင့်ဘုရားအောက်က နှင်းဆီစိုက်ခင်း

ရွှေဘုန်းပွင့် ဘုရားအဆင်းက လဲပွင့် သိပ်လှတယ်....
အဲဒီပုံရအောင် လှေကားအဆက်းလက်တန်းပေါ်ခက်ခက်ခဲခဲတက်ရိုက်ထားတာ..

ရန်ကြီးအောင်ဘုရားကုန်းပေါ်ကမြင်ရတဲ့ တောင်ကြီးမြို့မြင်ကွင်း

တောင်ကြီးမြို့ကိုရွှေဘုန်းပွင့် ဘုရားပေါ်ကတွေ့ရတဲ့ မြင်ကွင်း ၀ိုးတ၀ါး
ဘိုင့်ဘိုင်တောင်ကြီး

တောင်ကြီးကနေရန်ကုန်ပြန်လာပြီ ကားပေါ်ကလှမ်းရိုက်တဲ့ နေ၀င်ချိန်အလှတွေ

ဒီပုံလေးကြိုက်တယ်း)



11 comments:
ပုံလေးတွေကြည့်ကောင်းလိုက်တာ။ကွန်းကတော်တော်
တာပဲ ၃လပိုင်းကပုံတွေအခုမှတင်ပြီးတယ်ဆိုတော့ ဟိ။
အားပေးလျက်ပါ
I went to the same trip like you sis during thin gyan, the weather was amazing in Pindaya, right? I will post some pic too. I love the sunset pic, thx for sharing sis!
မေးခဲ့ဖို့မေ့နေတဲ့ပန်းက သရဖီပန်းလို့ခေါ်တယ် ညောင်ရွှေက
ဂျက်တို့ဖွားဖွားအိမ်မှာရှိတယ်
စိန်ပန်းပြာတွေမြင်ရတော့ တောင်ကြီးကိုလွမ်းတယ်
ပုံတွေကဂျက်ရဲ့ အလွမ်းကိုတိုးစေတာပဲ
း) တောင်ကြီးမြို့ကို အလည်တစ်ခေါက်ပြန်ရောက်ခဲ့ရသလို ခံစားမိတယ် ထမ်းဆမ်းဂူကိုရောက်ဖူးသေးဖူး မွေတော်ကက္ကူဘုရားမှာ အချိန်တော်တော်ဖြုန်းဖြစ်ခဲ့တယ် ဆည်းလည်းသံတချွင်ချွင်နဲ့ သာယာအေးမြနေတဲ့ နေရာလေးဆီကို ပြန်သွားချင်တယ်
ပုံတွေကြည့်ပြီး လွမ်းတယ်တောင်ကြီးလို့ အသံထွက်ရေရွတ်မိရဲ့
ပုံ
မောင်ဘကြိုင်
ဟိဟိ မောင်မောင်က မမဆီက အလွမ်းဓါတ်ကူးသွားပုံရတယ်...
ရှုခင်းတွေနဲ့ ပန်းလေးတွေ လာကြည့်သွားတယ် မိုးငွေ့ရေ... အရမ်းလှတာပဲကွယ်.. လွမ်းမောစရာ ကောင်းလိုက်တာ..
ချစ်တဲ့
မမဝသုန်
တောင်ကြီးမရောက်တာတောင်ကြာခဲ့ပြီ။
၁၀ နှစ်လောက်ရှိတော့မယ်။
သတိရတယ်..။
အစားတွေတ၀ကြီးစားခဲ့တယ်ပေါ့..။
လှလိုက်တဲ့ပန်းတွေ
ချစ်လိုက်တာ ပန်းလေးတွေကို
သရဖီပန်းတွေကလည်း ရှားရှားပါးပါးမို့ တင်ပေးတာ ကျေးဇူးပါ မမိုးရေ..
ပုံတွေကြည့်ရင်း တောင်ကြီးကိုရော မဟေသီလေးကိုရော လွမ်းတယ်ဗျာ.......ပြန်လာမှ နှစ်ယောက် ကမ္ဘာတော့ပါတ်ဘူး...တောင်ကြီးတခွင်ပြဲပြဲစင်အောင်ပတ်လိုက်ဦးမယ်....အခုတော့ လွမ်းလိုက်ဦးမယ်ဗျာ...
ဘိုင့်ဘိုင်တောင် ဆိုတဲ့တောင်က အတော်ကြီးသလား၊
နာမည်ကလည်းတစ်မျိုးကြီးနော်...ဘိုင့်ဘိုင်တောင် ကြီး
တဲ့ ဟီးဟီး....:)))
ကဖမမအတွက်နှင်းဆီတွေကို လင်းကကြိုက်ပေမယ့်
လှိုင်ကမကြိုက်ဘူးဆိုလို့ ကောင်းကင်နဲ့ဟန်နီ့ကိုပဲ ပေး
လိုက်တော့မယ်နော်မနှင်းဆီ.....
ဒီပုံလေးကိုကြိုက်တယ်..ကိုကြိုက်တယ်။
စိန်ပန်းပြာကတော့ဘယ်တော့မှမမုန်းဘူး။
ဒုတိယနောက်ဆုံးပုံလေးလည်းကြိုက်တယ်။
ကိုယ်တိုင်သွားလိုက်ရသလိုဘဲ။ စိတ်ထဲတောင်ချမ်းစိမ့်စိမ့်ဖြစ်လာသလို။
အိုင်အိုရာ
Post a Comment