Friday, 18 May 2012

ကျွန်မ၏မနက်စာ.....

မီးမီးကြိုက်ကြိုက် မနက်စာလေး
ဘိုစာထဲမှာဆို အီတလီစာအကြိုက်ဆုံး
အဟီးး .. ဒါမယ့် သိပ်မချက်တတ်ဘူး...




စပါ့ဂတီချက်နည်းက ထွေထွေထူးထူးပြောပြစရာမလိုတော့ဘူးထင်တယ် အားလုံးသိနေကြပါပြီ... ။ အိမ်ရှင်မဘလော့ဂါတွေလည်း ခနခနတင်တတ်တဲ့ပို့်စ်လေးမဟုတ်လား...။ အရင်တုန်းက ဒီမှာ တစ်ခါတင်ဖူးတယ် အဲဒီတုန်းကချက်တာ အမယ်ဒီလောက်စုံဘူးထင်ပါတယ်...။ ခုက ဗီတီယိုလေးကြည့်ပြီး ထည့်မယ့် အစာပလာတွေ နဲနဲပိုစုံလာတယ်...ဒါတောင် အော်ရီးဂန်းနိုး နဲ့ ပါစလေ ဆိုတဲ့ အီတလီ ဟင်းခတ်တွေ မရခဲ့လို့... ဒီဖက်မြေနီကုန်းစီးတီမတ်မှာက အဲဒါတွေမစုံဘူး...။ ဓမ္မာစေတီလမ်းက မားကတ်ပလေ့စ်ကို မသွားချင်တော့လို့ ပါစတာပေ့စ်ပုလင်းထဲလဲဒီအမွှေးအကြိုင်တွေပါပြီးသားပဲဆိုပြီး နေလိုက်တာ...။ ချိစ်လဲ ပါ့စတာချိစ်ပဲရခဲ့တာ...အမျှင်ခြစ်ထားပြီးသားလေးအထုပ်နဲ့လာတာ...။ တကယ်ဆို စပါ့ဂတီပေါ်ကို ဖြူးစားဖို့က ပါမဆင်ချိစ် အမှုန့်လေးရရင်ပိုကောင်းတာ... ခုတော့ရှိတဲ့ ချိစ်လေးဖြူးပြီး မိုက်ခရိုဝေ့ထဲ စက္ကန့်လေးဆယ်လောက်လှည့်လိုက်တယ်...။


အမဲသားက သိပ်မလတ်လို့ ၀က်သားကြိတ်ပြီးသား 100ဂရမ်ဝယ်ခဲ့တယ်
သုံးထပ်သားအပါးလွှာထားတာကို နှစ်ပြားလှီးထားတယ်...
ခရမ်းချဉ်သီးအနှစ်တစ်ခွက် ကြက်သွန်ဖြူ နီနုတ်နုတ်စင်းတစ်ခွက်


ပါစတာပေ့စ် သံလွင်ဆီနဲ့ ဟင်းချက်ဝိုင်နီ



ကြက်သွန်ဖြူနီကို သံလွင်ဆီလေးပူရင် ထည့်ကြော်...မွှေးလာရင် ၀က်သုံးထပ်သားလှီးထားတာ ထည့်ကြော် နှစ်မိနစ်လောက်မွှေပေးနေ...ပြီးရင် ၀က်သားစင်းထားတာထည့် သုံးမိနစ်လောက်ထပ်မွှေ ခရမ်းချဉ်သီးအနှစ်ထည့် ဆားနဲနဲထည့် ဆက်မွှေပေးနေ....ပြီးတော့မှ ပါစတာပေ့စ်ကို အဲဒီပုလင်းရဲ့ သုံးပုံတစ်ပုံလောက်ခပ်ထည့် ၀ိုင်နီဟင်းခတ်ဇွန်း သုံးဇွန်းစာထည့်လိုက်... အဆက်မပြတ်မွှေ ရေနွေးလေးနဲနဲထည့်ပြီးနှပ်ထား...။ အမှန်တော့ မုန့်ဖုတ်စက်ရှိရင် အဲဒီအိုးလိုက်ကို မပြီး မုန့်ဖုတ်စက်ထဲမှာ bake လုပ်လိုက်ရင် အိုကေပြီ...။ စပါဂတီလေးပွဲစာရပါပြီ....။



ဒီဂါးလစ်ဘရက်ကို ပီဇာကော်နာမှာစားကတည်းက ကြိုက်တာ
စမ်းလုပ်ကြည့်တာ မုန့်ဖုတ်စက်နဲ့မဟုတ်ဘဲ မိုင်ခရိုဝေ့ထဲထည့်တော့ မုန့်တွေက မာကုန်တယ် ဟင့်....



ကြက်သွန်ဖြူကို သံလွင်ဆီနဲ့ ဆီချက်လုပ်ထားတာ မုန့်ပေါ်ဆမ်း ချိစ်လေးဖြူးလိုက်တယ် ချိစ်နဲနဲ နည်းသွားတယ်နော် များရင်အမျှင်လိုက်လေးဖြစ်ပြီး သိပ်ကောင်းတယ်...



မိုးငွေ့

10 comments:

ထရီဆာ (Teresa) said...

ဂွီ...............ရှလွတ်....:D

ချစ်ကြည်အေး said...

တူတူပဲ စပက်ဂတီ အရမ်းကြိုက်တယ်။ ဆိုင်ကဟာတွေက အချဉ်ကဲလို့ အိမ်မှာပဲ လုပ်စားတယ်း)))ကြက်သွန်ဖြူပေါင်မုန့် ကြိုက်တာချင်းလည်း တူတယ်း))) ဗိုက်ဆာထှာ...

Cameron said...

တူဆို...တစ်လတည်းမွေးတဲ့ ညီအစ်မတွေကိုးးး...မမချစ်ရဲ့..

မဒမ်ကိုး said...

ပြန်ခါနီးမှာတွေ့သွားလို့ စိတ်နာနာနဲ့ပြန်သွားတယ် မမမိုးငွေ့း))


သများဗိုက်ဆာလို့း))

ချစ်တဲ့

ဒိုးကန်

Anonymous said...

ထမင်းသွားစားတော့မယ်
အစားသောက်ပို့စ်တွေ မဖတ်ချင်ဝူးး)

မောင်ဘကြိုင်

Anonymous said...

Me too, I love spaghetti and garlic bread!
Mon Petit Avatar

Candy said...

ဟိုနေ့ကပဲ ကန်ဒီ့ညီမ စပါဂတီ လုပ်ကျွေးသေးတယ် ဟိဟိဟိ.. သူက ဘိုစာတွေ ကျွမ်းတယ် ကန်ဒီနဲ့များ ကွာပါ့..

မမလုပ်စားတာတွေ့တော့ ပြန်သရေယိုသွားတယ် ဟီး

မီးမီးငယ် said...

တို့ လည်းအီတလီခေါက်ဆွဲဆိုရင်၊
ပါစတာတွေပိုကြိုက်တယ်။
ခရမ်းချဉ်သီးနဲ့ မဟုတ်ဘဲ
တခြားအသားငါးပင်လယ်စာနဲ့ ၊
အရွက်လေးတခုခုလောက်ထဲ့တာတွေလေ။
ထောပတ်လေးမွှေးမွှေးနဲ့ သိပ်အအီလည်းဟုတ်ဘူး။
တအားစားကောင်းတယ်။
မိုးငွေ့ လည်းကြိုက်မှာဘဲ။

ဟန်ကြည် said...

မနက်စာအတွက်များ အနှီလောက် ကရိကထများရတယ်လို့ မိုးငွေ့ရယ်...ဦးဟန်ကြည်တို့ကတော့ အိမ်ရှေ့မှာ ပဲပြုတ်လို့အော်တဲ့အသံကြားရင် လာဦးလို့ လှမ်းခေါ်ပြီး ထမင်းကြမ်းခဲဆီဆမ်းပေါ်မှာ ပဲပြုတ်ပူပူလေးတင်ပြီး အုပ်ထည့်လိုက်ရင် တစ်ဝမ်းငြိမ်းတာပ...မပိုင်လားဗျာ...

ပျိုးယုဝသုန် (Pyo Yu Wathone) said...

မိုးငွေ့ရဲ့ မနက်စာလေးလာငမ်းသွားတယ်.. ကိုယ့်မှတော့ ဘလက် ကော်ဖီတစ်ခွက်နဲ့သာ... ဟင့်