ပ န်းကလေး မွှေးမြမြ
နေခြည်အောက်မှာ
လန်းဆန်းလို့ဝေဖြာ
ရနံ့တွေထုံအီသင်းတာမို့
နမ်းခဲ့မိတယ် ပန်းကလေးရယ်
လေပြေအလာဘယ်ညာယိမ်းလို့
ရှောင်ဖယ်ကာမသွားပါနဲ့
ဒီမောင်သာဆွတ်ခူးလို့ယူငင်
တယုတယနဲ့မြတ်နိုးပါ့မယ်
နွမ်းခြောက်ကာသွားလည်း
ရနံ့လေးမွှေးမြမြ
ထာဝရသိမ်းထားပါ့မယ်....။
ကျမ၏ကဗျာဆရာ
10 comments:
မနွမ်းသောချစ်ခြင်းနဲ့
မပြယ်သောသစ္စာအကြောင်း
ဖော်ကျူးထားတဲ့ကဗျာလေးတစ်ပုဒ်မို့
ကဗျာဆရာအပေါ်အပြည့်အ၀.ယုံကြည်ပေးလိုက်ပါ :D
ခင်မင်လျှက်
ကဗျာလေးဖတ်ပြီး ပြုံးနေမိတယ်...း)
နွ မ်းေ ခြာ က် ကာ သွား လ ည်း
ရ နံ့ က ေ လ း ေ မႊ း မြ မြ
ထာ ဝ ရ သိ မ်း ထား ပါ့ မ ယ် ။
ဆိုတော့ သက်ဆုံးတိုင် ရိုးမြေကျ ချစ်သွားပါ့မယ်လို့ ဆိုလိုချင်တာများလား...
ကဗျာလေးနဲ့  ပန်းလေးက လှလိုက်တာ မိုးငွေ့ ရယ်
ကဗျာရဲ့ စိတ်ကူးလေး လှလိုက်လေ...ဒါပေမယ့် မော်ဒန်ဆန်လွန်းနေတော့ ရစ်သမ်အလိုက်အတိုင်း သံစဉ်ပြေအောင် အားစိုက်ပြီး ဖတ်ယူရတယ်...
ဟားးး နူးညံ့ချက်ကတော့ကွာ ....း)))
သဘောကျသွားတယ်မမိုးရေ
ချစ်တဲ့
ဒိုးကန်
ကောင်းလိုက်တဲ့ ကဗျာ
ကဗျာနုနုရွရွလေးး)း)
ကြိုက်၏
နူးညံ့တဲ့ ကဗျာဆရာရဲ့ လက်ရာ.:):)
ရေးထားတာကသိမ်သိမ်မွေ့မွေ့လေး...
ချစ်တဲ့
ဝသုန်
Post a Comment