Monday, 6 February 2012

ရင်ထဲကနှင်းဆီ.....




ရင်ထဲက နှင်းဆီ
နေခြည်မရ လေပြေမကျလည်း
ကိုယ့်ရင်ထဲက အကြင်နာတွေနဲ့ 
လန်းဆန်းလို့
နှင်းဆီအလှမှာ ယစ်မူး
တကိုယ်တည်း ကြည်နူးမိတယ်
မြူမှုန်တွေအုံ့ဆိုင်း
အလွမ်းငွေ့တွေ ဝေတိုင်း
မျက်ရည်ဝိုင်းလို့
နှင်းဆီအလှ မှုန်ပြပြကို
ခပ်ဆွေးဆွေးလေး ငေးဖြစ်တယ်။
တစ်ယောက်တည်း နေ့ ညတွေမှာ
နှင်းဆီရနံ့တွေက လူးလွန့် လှုပ်ရှား
ကိုယ့်အနား မွှေးပျံ့နေခဲ့တယ်
ကျေးဇူးပါ နှင်းဆီ
ကိုယ့်နေ ရက်တွေအတွက်
သင်းပျံ့တဲ့ ရနံ့တွေနဲ့ 
အိပ်မက်တွေ မက်ခွင့်ရတဲ့အတွက်ပေါ့။ 

8 comments:

မဒမ်ကိုး said...

ပန်းစီးလေးခြောက် သွားပီလားမမိုးရေး)

ချစ်တဲ့

မဒိုးကန်

San San Htun said...

နှင်းဆီပန်းလေးက သိပ်မွှေးသကိုး..

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ဘာနှင်းဆီများလဲ မိုးငွေ့ရယ်... ကဗျာလေးမြင်တာနဲ့ဘာနှင်းဆီမျိုးပါလိမ့်လို့သိချင်သွားပြီ.. ပြောရင်းတောင်နှင်းဆီနံ့ရလာသလိုလို... ဟိဟိ..
အဲ..ဟုတ်တာပေါ့... ခေါင်းလျော်ရည်က အနံ့လေးပဲ ..

Anonymous said...

သော့တစ်ချောင်း လာဖတ်ပြီးကတည်းက ခုမှရောက်ဖြစ်တယ် မိုးငွေ့ရေ....။ ရင်ထဲကနှင်းဆီကဗျာလေး ဖတ်သွားပါတယ်..။

ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ

blackroze said...

ဖတ်ရင်းနဲ့နှင်းဆီခင်းလေးထဲရောက်သွားသလိုဘဲ

Angelhlaing(May everybody be happy and healthy! said...

ရင်ထဲက နှင်းဆီ
နေခြည်မရ လေပြေမကျလည်း
ကိုယ့်ရင်ထဲက အကြင်နာတွေနဲ့ 
လန်းဆန်းလို့
နှင်းဆီအလှမှာ ယစ်မူး
တကိုယ်တည်း ကြည်နူးမိတယ်

နူးညံ့တဲ့ ဖွဲ့ဆိုမှုလေး ပဲမမရေ..

ညီရဲသစ် said...

နှင်းဆီရနံလေးတွေ လှိုင်သင်းနေတဲ့ ကဗျာလေးကို လာဖတ်ပါတယ် အစ်မ...

အမ်တီအန် said...

ရဲရဲနီစွေးတဲ့ ဆူးနဲ့နှင်းဆီ...
ပန်းထဲမှာ နှင်းဆီအကြိုက်ဆုံး...