Monday, 27 February 2012

တနင်္ဂနွေမနက်ခင်းစာ.....



ခေါက်ဆွဲကြော်စားချင်နေတာ ဒီတနင်္ဂနွေလုပ်စားဖြစ်တယ်.....။ ခါတိုင်းကြော်နေကျ ဂေါ်ဖီထုပ်တွေ မုန်ညင်းတွေမထည့်တော့ဘဲ ကြက်ဥနဲ့ ပဲငံပြာရည် ကြက်သားမှုန့်ဆီနဲ့နယ်ထားနဲ့ ခေါက်ဆွဲကိုအရင်မွှေပြီး ခနဘေးဖယ်ထားတယ် ကြက်သွန်ဖြူဆီသတ် ကြက်သားလေးကြော်ပြီး ခေါက်ဆွဲပြန်ထည့်တယ် ကူးချိုင်(ကြက်သွန်မှိတ်)လေးဖြူးလိုက်တယ် ဒါပါပဲ လွယ်တယ်...။ သူ့နဲ့တွဲဖက်ဖို့ Clear Soup တစ်ခွက်လုပ်လိုက်တယ်...။ ကြက်သားမှုန့်ရည်ဆူဆူထဲကို ကြက်သားလုံးထည့် မုန်လာဥနီထည့် ငရုတ်ကောင်းထည့် အိုးချတော့ ပဲကြာဇံလေးနဲနဲခတ်လိုက်တယ်...။ အချဉ်ကိုတော့ မုန်လာဥနီခြစ်ထားတာကို နှမ်းဆီလေးသုံးလေးစက်နဲ့ ရှာလကာရည် ဆားလေးဖြူးပြီးနယ်ထားတယ် မွှေးမွှေးချဉ်ချဉ်လေး...။ ဟင်းရည်ကြည်ကြည်လေးကို ပူပူလေးတွဲသောက်..... ကောင်း၏.....။


မိုးငွေ့

11 comments:

လွင်ပြင်လှိုင်းငယ် said...

ဗိုက်တောင်ဆာလာပြီ
နဲနဲချားသွားပါတယ်

ချစ်ကြည်အေး said...

စားချင်တယ် ညီမမိုးရေး) စားချင်စဖွယ်လေး....

Cameron said...

ပန်လာခဲ့လေ...ကြော်ကျွေးမယ်....။

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ဂွတ်သကွယ်...

ညီရဲသစ် said...

ပြီးပြည့်စုံတဲ့ မနက်ခင်းစာလေးပါဘဲ...

စံပယ်ချို said...

ဟယ်သူက လူရွှေးပြီးကျွေးတယ်
ဟီးဟီးဟီး(ငိုသံ)
များတို့လဲကြိုက်တတ်ပါတယ်
ကောင်းတာတွေအားလုံးပေါ့
သူခေါက်ဆွဲ စားချင်လို့လာတာကို
ချစ်တဲ့ jasmine

ပန်းချီ said...

ဂလု..ဂလု တောင်ဖြစ်သွားတယ်း))

မဒမ်ကိုး said...

ဒါလဲစားလို့ဖြစ်တာဘဲ
နည်းလိုက်တာ ဟိဟိ

ချစ်တဲ့

ဒိုးကန်

အမ်တီအန် said...

ကိုယ်တွေသာဆို အနည်းလေး နှစ်ပွဲစီ စားမှ ၀မည်..။

မောင်သီဟ said...

သွားရည်ကျအောင် ဒုက္ခပေးကြတဲ့
ဘလော့ဂါ မမတွေ
အစားသောက်ပို့စ်တွေဖတ်ပြီးတိုင်း ဗိုက်ဆာရတယ်

Candy said...

သားရေကျသွားပြီ မမ :D