မီးဖိုချောင်ထဲမ၀င်ဖြစ်တာတော်တော်ကြာပြီ...။ အားချိန်ကိုမရှိတာ....ပိတ်ရက်ကလဲ ဒိတ်ကအပြည့်လေ....။ ဒါကြောင့် မီးဖိုထဲခဏကလေးဝင်မွှေတုန်း ရိုက်ထားတာ...။ အိမ်မှာ ကင်မရာပျက်နေတာလဲပါတယ်...။ ဖုန်းနဲ့ရိုက်ထားတာတွေတင်ဖို့ရှိတယ်..။ ဖုန်းရဲ့ usp ကြိုးကလည်းပျက်နေတယ် ...ကဲ...အဲဒါနဲ့ပဲသူများတွေ သရေကျအောင် ပုံတွေ မတင်ဖြစ်တာ...။ ခုက အသစ်စက်စက်ရထားတဲ့ အိုက်ပက်ကြီးနဲ့ရိုက်ထားတာ (နဲနဲကြွားလုံးဝင်မယ်)...။ သိပ်မသုံးမတည့်ပါဘူး ဒီမှာက နေရာတိုင်းလိုင်းမရတာနဲ့ လိုင်းမကောင်းတာနဲ့။ ဂိမ်းလဲဆော့ရတာ ၀ါသနာမပါ....ပြီးရော....။ ဘာလုပ်ဖို့တုန်း...။ လောလောဆယ် MTV ကြည့်တယ် သီချင်းနားထောင်တယ်...။
တကယ်တော့ ဟင်းချက်ရတာကို မွေ့လျော်ခုံမင်တဲ့သူတစ်ယောက်အတွက် မီးဖိုချောင်ဆိုတာလဲ သူ့ဘ၀ရဲ့ နေရာလေးတစ်ခုပဲလေ...။ မချက်တာကြာရင် လက်ရည်ကျသွားမစိုးရသေးတယ်...။ ၀ယ်ဖတ်လိုက်ရတဲ့ mini cook စာအုပ်လေးတွေ....။ အဲဒီထဲကအတိုင်း ပြန်မချက်ဖြစ်တာကများပါတယ်...။ အိုကေ ...ချက်မယ် ချက်မယ် ချက်မယ် ဟင်းပွဲတွေပြောပါတယ်.....။ မုန့်ဖုတ်သင်တန်းလဲမတက်ဖြစ်ဘူး.... သူတို့အချိန်နဲ့ ကိုယ့်အလုပ်ချိန်နဲ့တိုက်နေတယ်....။ ဆရာခေါ်သင်ဖို့ကျတော့ အိမ်မှာ 0ven ကမရှိ...ဟူးး အဆင်မပြေသေးဘူး.။ မုန့်အရမ်းလုပ်ကြည့်ချင်နေတာ ...။ လောလောဆယ် သူများဘလော့ကမုန့်ကိုပဲ သွားသွားငမ်းနေရတယ် ...။
ကြက်သားငပိချက်နဲ့အတို့အမြှုပ်(ဆလပ်ရွက်၊ခရမ်းကျွတ်သီး၊ မုန်ညှင်းရွက်ပြုတ်)
တိုဖူးဦးနှောက်
တရုတ်တန်းက၀ယ်ခဲ့တာ ပဲနို့ရည်ကိုအခဲလုပ်ထားတာ သကြားရည်နဲ့သောက်တယ်
ဒါက အိမ်မှာ ထန်းညက်ရည်ဆမ်းထားတာ
တရုတ်တန်းက၀ယ်ခဲ့တာ ပဲနို့ရည်ကိုအခဲလုပ်ထားတာ သကြားရည်နဲ့သောက်တယ်
ဒါက အိမ်မှာ ထန်းညက်ရည်ဆမ်းထားတာ

ကျွန်မ၏လက်ရာထမင်းသုပ်....
ဘာထမင်းသုပ်လဲတော့မသိဘူး အိမ်မှာ ဗိုက်ဆာဆာနဲ့တွေ့တာ
အကုန်ကောက်ထည့်သုပ်ထားတာ...
ထမင်း ကြက်သွန်နီ ဆီချက် ငါးကြင်ကြော်အသားမျှင်ထားတာရယ် ဆီတိုဖူးရယ်ကိုနယ်နှပ်ပြီး
အားလူးငပိကြော်ဖြူးလိုက်တယ် ကြက်သွန်ဖြူထည့်တယ် ..။
ထမင်းသုပ်လေးစားလိုက် ခါဂျက်ဥအနီ သရက်သီးစိမ်းနဲ့ ငြုတ်သီးလေးကိုက်လိုက်နဲ့ ဂွတ်ပဲ...။

ဝက်သားကို အတုံးလိုက်ပဲငံပြာရည်လေးနဲ့
ပြုတ်ကြော်လေးလုပ်ပြီး ပြန်လှီးထားတာ...။ အချဉ်ရည်နဲ့တို့စား...ရှလွှတ်...။
ပြုတ်ကြော်လေးလုပ်ပြီး ပြန်လှီးထားတာ...။ အချဉ်ရည်နဲ့တို့စား...ရှလွှတ်...။
11 comments:
ဗိုက်ဆာနေချိန်ကြည့်လိုက်မိတာကိုက မှားတာ.. ခုလောလောဆယ် ခေါက်ဆွဲထုတ်တွေပဲရှိတော့ဘာစားရမှန်းကိုမသိဘူး..ချက်ရမှာကလည်းဘာမှမရှိဘူး..ဟိဟိ.. တယောက်ယောက်ကများထမင်းလာစားဟဲ့ဆိုရင်အပြေးကလေးသွားမိမှာပဲ... ဒါပေမယ့် ကျေးဇူးရှင်မကြီးတွေကလည်းအကြောင်းများသိနေလေရော့သလားပဲ..တယောက်ကမှ မခေါ်ကြဘူးး.. အို..ဘယ်လောက်သနားစရာကောင်းလိုက်တဲ့ တင့်သူငယ်ချင်းလြ မီးမီးရာ.. နော...
ချစ်တဲ့
Mona
မိုးညီမလေးးး
အိုင်ပက်ကြီး အသုံးမတည့်ရင် အစ်မ ပြန်လာရင် ယူသွားပေးမယ်လေ....း)))
အနစ်နာခံလိုသူ ^_^
ကြက်သားငါးပိချက်နဲ့ တို့စရာတွေအကုန်နီးပါးမသွားပါပြီ
ချစ်တဲ့ jasmine
ဗိုက်တောင်ဆာလာပြီမမ..:):)
သူတို့(ဘလော့ဂါအမျိုးသမီးများ) ချက်ကြပြုတ်ကြပြီဆို
ကျုပ်တို့ (ဘလော့ဂါအမျိုးသားများ) ကသွားရည်တမြမြနဲ့ ဒုက္ခအတော်ရောက်တာ
တခါခါ ပို့စ်ဖတ်ရင်း အစားသောက်ပုံတွေကြည့်ရင်း
ဗိုက်တယ်ဆာတာ ဟွန့်
သရေကျလာပြီနော်... ဟွင်းဟွင်း :P
ဒီအချိန်မျိုးမှာမအိပ်ရင်ဗိုက်ကဆာလာတတ်တယ်။
အခုမိုးငွေ့ဘလော့လဲရောက်ရောဆာတဲ့စိတ်ကို
မထိန်းနိုင်လို့ခေါက်ဆွဲပြုတ်တော့စားလိုက်ပြီး)
အားပေးသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
စားလို့ တော်တော်လေး မြိန်မဲ့ပုံဘဲ... ကြည့်ရင်း သားရေတောင် ယိုတယ် အစ်မရေ...
ကြက်သားငပိချက်နဲ့ အတို့အမြုပ်ကို ကြိုက်တယ်....။ :)
အဲလိုမျိုးတွေအနှိပ်စက်ခံရတာများနေပြီ
ဗိုက်ဆာနေပြီ ဘာစားမလဲ
ရှလွတ်
ဟင်းချက်၇တာတော့ဝါသနာပါတယ်...ဒါပေမယ့်
ချက်ရင်းနဲ့ပျင်းပျင်းသွားတာခက်တာ...အချိန်အကြာ
ကြီးချက်ရင်ပိုဆိုးတယ်...သူများချက်ပြီးသားစား၇တာပိုကောင်းပါ
တယ်
နေခြည်
Post a Comment