
ရန်ကုန်ဆောင်းက မအေးရတဲ့အထဲ အဆင်မပြေမှု စိတ်တိုင်းမကျမှုတွေနဲ့ လူကပိုပြီး အိုက်စပ်စပ်နိုင်လွန်းလှတယ်...။ ဒီမနက် ကိုးနာရီမှာချိန်းထားတဲ့ အင်တာဗျူး....။ ကျွန်တော့်ကပဲ သူတို့မေးခွန်းတွေကို မဖြေနိုင်လောက်အောင်ညံ့ဖျင်းနေသလား မပြောတတ်တော့....။ ကျွန်တော့်အတွက် ညဖက် ကော်ဖီဆိုင်မှာ သီချင်းဆိုလို့ရတာလေးနဲ့ အခန်းငှားခ စားရေး သောက်ရေး မဖူလုံလို့ နေ့အလုပ်ကိုရှာနေတာ...။ အဆင်မပြေဘူးဗျာ....။
ဟူးးးး....။
အင်တာဗျူးရှိရာကနေ မြေနီကုန်းကားဂိတ်ဆီကို လမ်းလျှောက်လာလိုက်တယ်...။ ဘယ်ဆက်သွားရမလဲ စဉ်းစားမရတာနဲ့ မြို့ထဲက တိုက်ခန်းကိုပဲ ပြန်ဖို့ ဆုံးဖြတ်လိုက်တော့တယ်...။ စိတ်ကညစ်ညစ်နဲ့ လူစည်ကားတဲ့ နေရာကို မသွားချင်လဲသွားရဦးမယ်...။ အိုက်စပ်ပြီး စိတ်ပျက်ဖို့ကောင်းလိုက်တာ...။ မြို့ထဲကို ဘယ်ကားစီးစီး ရောက်တာမို့ ချောင်တဲ့ ကားစီးဖို့စောင့်လိုက်တယ်...။ လာသမျှကလဲ ငါးချဉ်သိပ် ကျပ်ပိတ်ညှပ်သတ်နေတာချည်းပဲ...။ မတတ်နိုင် လူများလည်းဒီကားစီးမှမြန်မြန်အိမ်ရောက်မှာ...။ နေရာလည်းရနိုင်မယ်ထင်ရတဲ့ အထူးကားတစ်စီးပေးတက်လိုက်တယ်...။ အထူးကားသာပြောတယ် နေရာကပြည့်လို့ မတ်တပ်ရပ်သူကရပ်ရတာပါပဲ....။ ကျွန်တော်အပါအ၀င်ပေါ့....။ ရှေ့ခန်းဖက်ကို တိုးဝင်လိုက်တယ်။ ကားစထွက်ပြီး မီးပွိုင့်မှာမိတော့ အရှေ့ဖက်ကို ကျွန်တော်လှမ်းကြည့်လိုက်တာ....။ ကျွန်တော့်မြင်ကွင်းထဲကို အလင်းတန်းတစ်ခုဖြတ်ပြေးသွားတယ်...။
ဒရိုင်ဘာနောက်ကျောက စတီးတိုင်ကိုကျောပေးပြီး ကျွန်တော်နဲ့ မျက်နှာချင်းဆိုင်အနေအထားမှာ နတ်သမီးလေးတစ်ပါး....။ ဘုရားရေ..... ဒီလောက်လှပချောမောတဲ့ မိန်းကလေးမျိုးကို ကျွန်တော့်တစ်သက် တစ်ခါမှ မမြင်ဖူးခဲ့တာသေချာပါတယ်....။ ကျွန်တော်က ကားရှေ့ဖက်ကိုလှမ်းအကြည့် တစ်ယောက်ယောက်ကိုစကားပြောရင်း ရယ်မောနေတဲ့ သူမနဲ့ အကြည့်ချင်းဆုံသွားတယ်....။ ကျွန်တော်နဲ့မသိပေမယ့် သူမက ကျွန်တော့်ကို လှမ်းပြုံးပြသလိုမျိုး အသိအမှတ်ပြုလိုက်တဲ့ အမူအရာမျိုးကိုခံစားလိုက်ရတယ်....။ တကယ်ဆို တခြားမိန်းကလေးတွေသာဆို သူတို့နဲမျက်လုံးချင်းဆိုင်သွားရင် ချက်ချင်းအကြည့်လွဲပစ်တတ်တာများတယ်... ကံဆိုးရင် မျက်စောင်းထိုးပါခံရမယ်....။ သူမကတော့ အဲလိုမဟုတ်ဘူး...။
အသားအရေလေးက ၀င်းလက်ကြည်စင်လို့ နက်ပြာရောင် ကချင်မနောတိုင်အဆင်နဲ့ ၀မ်းဆက်လေးဝတ်ထားတယ်...။ အကျီင်္ကရင်ဖုံးလက်ပျက်လေးမို့ လက်မောင်းသားတွေက ဆင်စွယ်ရောင်ပေါက်နေတယ်...။ ဒီလိုမျက်ဝန်းအိမ်မျိုးကို ကျွန်တော်သိပ်သဘောကျတာ...။ ဗာဒံစေ့ပုံ ဘေးတိုက်အလျားရှည်မျောမျောမျက်အိမ်ကို မဲနက်တဲ့ မျက်တောင်ရှည်ရှည်ကော့ကော့တွေနဲ့ ၀န်းရံထားတော့ မျက်ဆံနက်နက်တွေက တောက်ပလို့ ကြယ်ပွင့်လေးတွေလိုပဲ...။ မျက်ခုံးမွှေးတွေက နက်နက်စိပ်စိပ် ခပ်ထူထူကွေးကျသွားပုံလေးက သိပ်လှတာပဲ...။ နှာတံစင်းစင်း သန္တာရောင်တောက်နေတဲ့ ဆေးရောင်ကူမထားတဲ့ နှုတ်ခမ်းဖူးဖူးလေးတွေ...။ စောစောက ကျွန်တော့်ကို သွားလေးတွေပေါ်အောင်ပြုံးပြတာများ ပုလဲလုံးလေးတွေစီထားသလိုပဲ...။ အိုဗျာ... ပြစ်မျိုးမှဲ့မထင်လှတဲ့အလှမျိုး...။ ဒဏ္ဍာရီထဲက နတ်မိမယ်တွေကို မမြင်ဖူးပေမယ့် စာတွေထဲမှာ ဖွဲ့နွဲ့ထားသလို အလှမျိုးထက်ပိုမယ်ထင်ပါတယ်...။ ဆံကေသာပိတုန်းရောင်ဆိုတာ သူမဆံပင်တွေကမှ အစစ်...။ ဆံပင်တော်တော်ရှည်မယ့်ပုံလို့ ခန့်မှန်းမိတယ်...။ နောက်တွဲလေးထုံးထားတာ အထုံးတော်တော်ကြီးတယ်...။ သူမရှေ့က သူမနဲ့စကားပြောနေတဲ့ အမျိုးသားက စကားပြောရင်း သူမဆံပင်ကို ညင်ညင်သာသာပွတ်သပ်လိုက်သေးတယ်...။ သူ...သူတို့က ချစ်သူတွေပေါ့.... ဟုတ်လား...။
ဘယ်လိုစိတ်ခံစားမှုမျိုးမှန်းမသိဘူးဗျာ...။ ကျွန်တော့ဘ၀မှာတစ်ခါမှ မခံစားဖူးတဲ့ ခံစားမှုလေး...။ သေချာတာတော့ ကျွန်တော်သူမကို မြင်မြင်ချင်းချစ်မိသွားတာပဲ....။ တပြိုင်နက်ထဲမှာပဲ သူမဘေးနားက သူမပိုင်ရှင်ကြောင့် ကျွန်တော်တိတ်တိတ်ကလေးပဲ အသည်းကွဲသွားပါတယ်...။ သူမကိုကြည့်ပြီး...ကျွန်တော်ဖြစ်နေတဲ့ စိတ်ခံစားမှုနဲ့ Jame Blunt ဆိုထားတဲ့ “You Beautiful” သီချင်းကို ချက်ချင်းကြားယောင်မိသွားတယ်...။ သီချင်းစာသားထဲကအတိုင်း အခုအပြင်မှာ ကျွန်တော်တကယ်ဖြစ်ပျက်နေတာလေဗျာ...။ အဲဒီသီချင်းက ကျွန်တော်မကြာခဏဆိုနေကျ သီချင်းလေး...။ခုမှ သီချင်းအဓိပ္ပါယ်လေးက ပိုပြီးပီပြင်လေးနက်လာတယ်....။
ကဲ ... ဘယ်သူတွေကများ ကျွန်တော့်လိုအဖြစ်မျိုးကြုံဖူးမလဲ...။ မိနစ်ပိုင်း စက္ကန့်ပိုင်းအတွင်းမှာ မိန်းကလေးတစ်ယောက်ကို မြတ်မြတ်နိုးနိုးလေး ချစ်မိသွားတယ်.... ပြီးတော့ စက္ကန့်ပိုင်းလေးမှာပဲ အသည်းတွေ ကွဲကြေရတယ်ဗျာ...။ ဒီနေ့က ကျွန်တော့်အပေါ် ဘယ်လို ကံကြမ္မာဆိုးတွေများကျရောက်ရသလဲ...။ ငယ်တုန်းက ကျွန်တော်တို့ အင်္ဂလိပ်စာဆရာသင်ပေးဖူးတဲ့ စကားပုံလေးကို သတိရသွားတယ်...။ “Misfortune is never come alone, its come one after one” တဲ့....။နောက်ထပ် ဘယ်လိုကြမ္မာမျိုးထပ်ရောက်လာဦးမလဲ....။ အလုပ်လည်းမရ အသည်းလဲကွဲ...။ လူကို ခန္ဓာအားဖြင့် ထိခိုက်တာမဟုတ်ပေမယ့် စိတ်ပိုင်းဆိုင်ရာကိုတော့ ကြမ္မာဆိုးကျရောက်နေတယ်...။ ကျွန်တော်တို့ရဲ့ တွေ့ဆုံမှုက ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်ပဲလား...။ နောက်ထပ်ဘယ်မှာ ထပ်ဆုံတွေ့နိုင်ဦးမလဲဆိုတာ မသေချာမရေရာတဲ့ မျှော်လင့်ချက်ကြီးပါဗျာ....။ တချက်တချက် ကျွန်တော့်ကိုလှမ်းလှမ်းကြည့်တဲ့ သူမမျက်လုံးတွေကစကားတွေ အများကြီးပြောနေသလိုပဲ...။ ကျွန်တော့်စိတ်တွင်းခံစားမှုကိုများ သူမကဖတ်တတ်နေတာလား....။
မြို့ထဲကို အမြန်ရောက်ပါတော့လို့ ဆုတောင်းနေမိတယ်....မရောက်လဲ မရောက်စေချင်ဘူး...။ သိပ်မကြာခင်မှာပဲ ကျွန်တော်တို့ ကိုယ်စီလမ်းခွဲသွားရတော့မှာ...။ သူမကပဲ အရင်ကားပေါ်ကဆင်းသွားမလား ကျွန်တော်ပဲ အရင်းဆင်းရမလားမသိပေမယ့်... လူကျပ်ကျပ်သိပ်သိပ်ကြားမှာ ကျွန်တော့်စိတ်တွေက သူမနဲ့နှစ်ယောက်တည်းလို့ပဲ ထင်မှတ်မှားနေမိတော့တယ်...။ ကားထဲမှာ လူက လွှင့်လွှင့်မျောမျောနဲ့ ကြမ်းပြင်နဲ့ ခြေထောက်ကပ်မထားဘူးတောင် ထင်ရတယ်...။ ရင်ဘတ်ထဲဟာလာဟင်းလင်းနဲ့..... နောက်ဆုံးတော့ကျွန်တော်ဆင်းရမယ့် မှတ်တိုင်ရောက်တဲ့အထိ သူမတို့က မဆင်းသေး...။ ကျွန်တော်အပေါက်ဝမှာသွားရပ်ပြီး သူမကို တစ်ခန်ပြန်လှမ်းကြည့်တော့ ဗာဒံစေ့ပုံအလျားရှည်ရှည်နဲ့ မျက်ဝန်းတွေမှာအရည်လဲ့နေတာတွေ့လိုက်ရတယ်...။ ဘယ်လိုအဓိပ္ပါယ်မျိုးလဲဗျာ....။.
ကျွန်တော့်နတ်သမီးလေးက ကျွန်တော့်ဆီကို အရိပ်ယောင်လေးပြရုံ တခဏလေး ရောက်လာပြီး ကျွန်တော့်ကိုရူးရူးမိုက်မိုက်ဖြစ်အောင်ထားရစ်ခဲ့တယ်....။ ခုလိုဖြစ်ရတာ ဘယ်သူ့ကို အပြစ်တင်ရမလဲ ကျွန်တော့်မှာလည်းအပြစ်မရှိသလို သူမမှာလဲ အပြစ်မရှိဘူး........။ ကားပေါ်ကဆင်းပြီး တိုက်ခန်းရှိရာလမ်းထဲကို လျှောက်ဝင်လာလိုက်တယ်.....နေကလဲပူပြင်းလိုက်တာ..။ ကောင်းကင်ကိုမော့ကြည့်တော့ ကြည်ပြာရောင်နောက်ခံမှာ အဖြူရောင်တိမ်တောက်အထွေးတစ်ခု ပြေးလွှားနေလိုက်တာ..... ကျွန်တော့်အဖြစ်ပျက်ကလေးလိုပဲ တခဏအတွင်း အဲဒီတိမ်လိတ်တွေလဲ တစဆီလွှင်ြ့ပယ်ပျောက်ကွယ် သွားကြတယ်....။ သီချင်းစာသားလေးရဲ့ နောက်ဆုံးပိတ်စာကြောင်းလေးလိုပဲ “I will never be with you” တဲ့ ...သိပ်မှန်တာပေါ့....ဘယ်လိုမှမဆုံနိုင်မယ့်သူတွေလေ ဘယ်လိုလုပ်အတူရှိနေနိုင်တော့မလဲ...။
♫ ♥●••·˙˙·••●♥♫ ♫ ♥●••·˙˙·••●♥♫
You're Beautiful
My life is brilliant.
My life is brilliant.
My love is pure. I saw an angel.
Of that I'm sure.
She smiled at me on the subway.
She was with another man.
But I won't lose no sleep on that, 'Cause I've got a plan.
You're beautiful.
You're beautiful.
You're beautiful, it's true.
I saw your face in a crowded place,
And I don't know what to do,
'Cause I'll never be with you.
Yeah, she caught my eye,
As we walked on by.
She could see from my face that I was,
Fucking high,
And I don't think that I'll see her again,
But we shared a moment
that will last till the end.
You're beautiful.
You're beautiful.
You're beautiful, it's true.
I saw your face in a crowded place,
And I don't know what to do, 'Cause
I'll never be with you.
You're beautiful.
You're beautiful.
You're beautiful, it's true.
There must be an angel with a smile on her face,
When she thought up that I should be with you.
But it's time to face the truth,
I will never be with you.
ကျွန်တော့်နတ်သမီးလေးက ကျွန်တော့်ဆီကို အရိပ်ယောင်လေးပြရုံ တခဏလေး ရောက်လာပြီး ကျွန်တော့်ကိုရူးရူးမိုက်မိုက်ဖြစ်အောင်ထားရစ်ခဲ့တယ်....။ ခုလိုဖြစ်ရတာ ဘယ်သူ့ကို အပြစ်တင်ရမလဲ ကျွန်တော့်မှာလည်းအပြစ်မရှိသလို သူမမှာလဲ အပြစ်မရှိဘူး........။ ကားပေါ်ကဆင်းပြီး တိုက်ခန်းရှိရာလမ်းထဲကို လျှောက်ဝင်လာလိုက်တယ်.....နေကလဲပူပြင်းလိုက်တာ..။ ကောင်းကင်ကိုမော့ကြည့်တော့ ကြည်ပြာရောင်နောက်ခံမှာ အဖြူရောင်တိမ်တောက်အထွေးတစ်ခု ပြေးလွှားနေလိုက်တာ..... ကျွန်တော့်အဖြစ်ပျက်ကလေးလိုပဲ တခဏအတွင်း အဲဒီတိမ်လိတ်တွေလဲ တစဆီလွှင်ြ့ပယ်ပျောက်ကွယ် သွားကြတယ်....။ သီချင်းစာသားလေးရဲ့ နောက်ဆုံးပိတ်စာကြောင်းလေးလိုပဲ “I will never be with you” တဲ့ ...သိပ်မှန်တာပေါ့....ဘယ်လိုမှမဆုံနိုင်မယ့်သူတွေလေ ဘယ်လိုလုပ်အတူရှိနေနိုင်တော့မလဲ...။

မေတ္တာအားဖြင့်
မိုးငွေ့
12 comments:
မမိုးလဲလှပါတယ်း)
your beautiful !
ချစ်တဲ့
မဒိုးကန်
တို့သယ်ရင်းမိုးငွေ့ကိုမီမယ်ထင်ဘူး ....
စိတ်ကူးယဉ်တာဆိုလို့ တော်ပါသေးတယ်။ အဲဒီမှတ်ချက်လေးတွေ့မှ သက်ပြင်းချနိုင်တော့တယ်။ လမ်းသွားရင်း မတော်တဆ ကြုံဆုံရသူကို ချစ်မိပြီး ကြေကွဲနေရမှာကို သိပ်ပြီး စိုးရိမ်တတ်သူပါ။
ခင်လျက်
မြတ်
ဇာတ်လမ်းစစချင်းကို အသဲကွဲရတော့တာဘဲ...ဇာတ်ကောင်ခမျာသနားစရာ...း)) သီချင်းလေးကြိုက်တယ်...
မမလဲ လှတယ်တဲ့..မြင်ဖူးချင်လို့.. မြင်ဖူးအောင် ဓါတ်ပုံလေး တင်ပါလားမမ :):)
u also r beautiful!!!!
မိုးငွေ့ကပိုလှတယ်
ချစ်တဲ့
jasmne
James Blunt သီချင်းလေးကို ကြားနေရင်း ပို့စ်ကို ဖတ်သွားခဲ့ပါတယ်၊ I saw your face in a crowded place တဲ့..၊ ဟုတ်တယ်နော်၊ တကယ့်ကို ခဏလေးပဲ၊ ဒါပေမယ့် ချစ်ခြင်းတွေ ပေါက်ဖွားခဲ့တယ် လို့ပဲ ဆိုရတော့မယ် ထင်တယ်...။
သီချင်းလေး လာခံစားသွားတယ် မမိုးငွေ့ ရေ..ဓာတ်ပုံတင်ပါဦး..ကဗျာရေးကောင်း၊ စာရေးကောင်းတဲ့ မမိုးငွေ့ ကို မြင်ဖူးချင်လို့ ...
ဒီသီချင်းလေး သိပ်ကြိုက်တယ်...း).. တခဏအတွင်းမှာ ခံစားပြီးရေးထားတာလေးလည်း ကဗျာဆန်တယ်..
ခင်မင်လျက်
နေ၀သန်
အချစ်ဆိုတာ တစ်ခါတစ်ရံ ရုတ်တရက် အမှတ်မထင် မွေးဖွားလာတတ်တယ်...တဲ့။
အဲဒါမှ ဒုက္ခ ကျွန်တော်လည်း ဘတ်စ်ကားတွေပေါ် အလှဖုရားမလေးတွေကို အမြဲတွေ့တယ်ဗျာ့ ဟီး
လှတာတွေ့တော့ကြည့်ရုံလေးပါ
စိတ်တော့ဝင်စားဖူး တော်ကြာ ကိုယ်ပဲကြိတ်ဆွေးမှာလေ
ဘယ်ဆီကမှန်းမသိ လွတ်လွတ်ကျွတ်ကျွတ်လား မကျွတ်လားမသိမဟုတ်ပေလား
Post a Comment