
ပန်းနုရောင် နှင်းဆီလေးက ရှက်သွေးဖြာလို့စကား တစ်ခွန်း...ကိုယ်စား ခစားခဲ့တယ်....။
အဲဒီပန်းနုရောင် နှင်းဆီလေးထဲမှာ သူ့အပေါ်ချစ်တဲ့ ချစ်ခြင်းတွေပျော်ဝင်စီး မျောနေခဲ့တယ်.....။
နူးညံ့တဲ့ အကြင်နာတွေလဲ အပြည့်စွန်းထင်းနေကြတယ်......။
မွှေးပျံ့တဲ့ချစ်ခြင်းရနံ့တွေနဲ့လဲ ထုံအီနေစေခဲ့တယ်......။
ကိုယ့်ကို နူးညံ့လှပတဲ့ချစ်ခြင်းတွေနဲ့ ချစ်တတ်လာအောင်ချစ်သူက သင်ပေးခဲ့တာလေ....။
တကယ်ဆို ...........
ကိုယ်တိုင်က စိတ်ကူးယဉ်တွေနဲ့သာယဉ်ပါးခဲ့သူမို့ ကိုယ့်ပြုမူသမျှတွေဟာစိတ်ကူးယဉ်ဆန်နေလိမ့်မယ်။ လက်တွေ့ဘဝနဲ့ဆန့်ကျင်သလိုလဲဖြစ်နေလိမ့်မယ်။ စိတ်ကူးတွေနဲ့သာ ချစ်ခဲ့ရသူမို့ စိတ်ကူးယဉ်ဘဝမှာပဲအချစ်တွေက ပိုမိုလှပနေမလားပေါ့ ....။

သူပေးခဲ့တဲ့နှလုံးသားနုနုကလဲ ပန်းနုရောင်လေးလေ.....။ စွန်းထင်းသွားမှာလဲ ကြောက်မိတယ်။ ချစ်တတ်ကြသူအချင်းချင်းမို့ ရင်ခုန်သံတွေနီးခဲ့တာလဲအဆန်းမှ မဟုတ်တာပဲလေ.....။
ကံကြမ္မာတစ်ဆစ်ချိုး.......ဝေးဖို့ သူကအစပျိုးခဲ့ရင်တောင် သူပေးခဲ့တဲ့ ပန်းနုရောင်နှလုံးသား ရင်ခွင်အခန်းထဲ ခပ်ဖွဖွလေး သိမ်းဆည်းထားလိုက်ပါ့မယ်။(ကျွန်မ၏ကဗျာဆရာ)
မှတ်ချက်။ ။ ကိုယ့်ရဲ့ ကဗျာဆရာဆီက ကဗျာတစ်ပုဒ်ကိုမျှော်လင့်ခဲ့မိပေမယ့် တကယ်တမ်းသူက မရေးစဖူး အက်ဆေးအတိုလေးတစ်ပုဒ်ရေးပေးခဲ့တယ်...ဘာပဲဖြစ်ဖြစ် သိပ်လှတဲ့စာကိုဖန်းဆင်းပေးလို့ ကျေးဇူးပါ....။
မိုးငွေ့
11 comments:
စာသားတွေက လှလိုက်တာ
ခံစားအားပေးသွားတယ်မမရေ..
နူးညံလှပတဲ့ အက်ဆေးလေး တစ်ပုဒ်ပါ အစ်မ...
မိုးငွေ့ရဲ့ကဗျာဆရာက အက်ဆေးလေးလည်းရေးတယ်ပေါ့လေ..
ချစ်တဲ့
မမဝသုန်
အက်ဆေးလေးက တန်ဖိုးရှိတဲ့ လက်ဆောင်လေးပဲ မမမိုးငွေ့ ရေ..အားကျတယ်နော့..
ကဗျာဆရာတစ်ယောက်ပိုင်ထားတဲ့ မမိုးငွေ့ကိုအားကျထှာာာ
း)
ခံစားဖတ်ရှုသွားပါတယ်။
အိုင်အိရာ
နူးညံ့လိုက်တာဂျာ.. အားကျတယ်.. :D..
ခင်မင်လျက်
နေ၀သန်
မိုးငွေ့ရဲ့ကဗျာဆရာက တော်လိုက်တာနော် စာသား
လေးတွေအရမ်းလှတယ်
ချစ်တဲ့ jasmine
အပေါ်က ပန်းနုရောင် နှင်းဆီလေး ကြိုက်လိုက်တာ..
မ ရဲ့ဘလော့က ပန်းနုရောင်နှင်းဆီတွေကိုပိုကြိုက်တယ်...း)
Post a Comment