
ပန်းနုရောင်နှင်းဆီပန်းလေးအတွက်ကျေးဇူးပါ ချစ်သူ....
(တကယ်တမ်း ကိုယ်မျှော်လင့်မိတာက ကိုယ့်ရဲ့ ကဗျာဆရာဆီက ကဗျာချိုချိုလေးတစ်ပုဒ်ပါ)
ကိုယ်အမြဲပြောဖူးတဲ့စကားလေးရှိတယ် ကိုယ်ကသိပ်နုတာ အသည်းတောင်မှ ပန်းရောင်လေး လို့လေ....။
တကယ်အသည်းနုတယ်လို့ ကိုယ့်ကိုယ်ကိုတော့မထင်ပါဘူး...။
ဒါပေမယ့် ပန်းရောင်လေးတော့ကြိုက်နှစ်သက်တယ်။
ဒီနှစ်ပိုင်းမှာ သဘာဝအသားရောင်နဲ့ ပန်းနုရောင်လေးတွေကိုခရေဇီဖြစ်နေတယ်....။
ပစ္စည်းတွေဝယ်ရင် baby pink လေးတွေရွေးဝယ်ဖြစ်တယ်....။
ချစ်သူများနေ့ကို ကိုယ့်တစ်သက်မှာ သိပ်ပြီးနင့်နင့်နဲနဲမခံစားခဲ့ရဖူးဘူး...။ ကိုယ်နဲ့သက်ဆိုင်တဲ့နေ့လို့လဲ မသတ်မှတ်ခဲ့မိဘူး...။ ဗယ်လင်တိုင်းဟာ ကိုယ့်အတွက်ရင်ခုန်စရာနေ့ရက်တစ်ခုမဟုတ်ခဲ့ဘူး.....။ တကယ်တမ်းတော့ ချစ်တတ်သူတိုင်းအတွက် Valentine's Day ဟာ သက်ဆိုင်ပါတယ်..။
ဒီလိုနေ့မျိုးမှာ တစ်ယောက်တည်းရှိနေလို့လဲ အထီးကျန်ဆန်တယ်လို့ မယူဆစေချင်ပါဘူး...။ တစ်ယောက်တစ်နေရာဆီအဝေးရောက်နေတဲ့ ချစ်သူတွေအတွက်ပြောပါတယ်...။ ချစ်ခြင်းညီမျှရင် အသဲနှလုံးတစ်စုံဟာ နီးနီးကပ်ကပ်လေးရှိနေမယ်လို့ နွေးထွေးရင်ခုန်စွာခံစားသိရှိနိုင်မှာပါ...။ လတ်ဆတ်စွာမွှေးမြနေမယ့် ပန်းနုရောင်နှင်းဆီရနံ့လေးတွေကိုရနေမှာပါ....။
ကဲ...အားလုံးပဲ ♥♥♥♥♥ Be Your Valentine ♥♥♥♥♥ ပါရှင်.......
ဒီနေ့လေးကို ဘာပို့စ်မှမတင်တော့ဘူးလို့ဆုံးဖြတ်ထားပေမယ့် စီဘောက်မှာလာအော်သွားတဲ့ ကိုယ့်ရဲ့ ထာဝရပိတ်သတ်ကြီးကြောင့် ကောက်ကာငင်ကာ အက်ဆေးတိုလေးကို ရေးလိုက်ရပါကြောင်း.....။
မိုးငွေ့
12 comments:
အဲတာ တစ်ကယ်ပေါ့
ချစ်တဲ့ jasmine
အချစ်ကို အမျိုးမျိုး အမွှန်း တင်လို့
ဒီနေ့ တစ်နေကုန် နူးညံ့နေလိုက်ကြတာ
အသဲနုတဲ့ ကျွန်တော်လဲလာရောက်ဖတ်ခဲ့ပါပြီဗျာ
မမရဲ့ ကဗျာဆရာဆီက ဘာရလဲ :P :P
ချစ်တတ်သူတိုင်းအတွက် 'ချစ်သူများနေ့' ဖြစ်သလို
အနေဝေးသည်ဖြစ်စေ အနေနီးသည်ဖြစ်စေ
နှလုံးသားချင်းလဲပြီးသူများအတွက်လည်း 'ချစ်သူများနေ့' ပေါ့ မိုးငွေ့ရေး))
(တီတင့်ရဲ့အိမ်ဦးသခင်က မနက်ကဖုန်းဆက်တယ်
ပျော်ရွှင်ဖွယ်ကောင်းတဲ့ ချစ်သူများနေ့လေးဖြစ်ပါစေ
မိန်းမရေ' တဲ့း))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အသည်းနုတော့..ခံစားချက်လေးတွေလည်း
နု...ကုန်တာပေါ့နော်း)
Happy Valentine ဖြစ်ပါစေ..
ချစ်ခင်လျှက်
ပျော်ရွင်ဖွယ် ချစ်သူများနေ့လေးပါ မမရေ..:):)
ဖတ်ရတာကိုကနူးနူးညံ့ညံ့လေး..
ချစ်သူများနေ့ မှာ ပျော်ရွှင်ပါစေ မိုးငွေ့ ရေ
ပန်းနုရောင်နှင်းဆီလေးကိုခံစားသွားတယ်မမိုးရေ
ချစ်တဲ့
မဒိုးကန်
ကဗျာဆရာဆီက လိုချင်တာက ကဗျာလက်ဆောင်ဆိုတာလေးကို သဘောကျမိတယ်။
ပန်းနုရောင်စာသားလေးတွေကို ခံစားသွားပါတယ် မိုးငွေ့ရေ ..
ပန်းရောင်က အင်မတန်ကဗျာဆန်တဲ့အရောင်ပေပဲ...ဟယ်လိုကစ်တီပစ္စည်းလေးတွေဆို ပန်းရောင်ကို အသားပေးထားလို့ ဈေးကွက်မှာ အတော်ပေါက်တာ သတိထားမိတယ်...
အိမ်း ချောကလက်ရောင် ဦးဟန်ကြည်ကတော့ ပန်းရောင်မကြိုက်ပေါင်ကွယ်...ကိုယ့်အရောင်နဲ့ သူ့အရောင်ဟပ်လိုက်မှဖြင့် စပ်ဖြဲဖြဲဖြစ်မှာ သေချာပေါ့...
Post a Comment