Saturday, 4 February 2012

တစ်စုံတစ်ရာသို့ လွမ်းချင်း.....



·
˙
˙






·
˙
˙
·




အသံတစ်ခုကိုကြားလိုက်တယ်......။
ဟင့်အင်း မဟုတ်ဘူး....အဲဒီအသံကိုမကြားခင်ကတည်းက သူဆိုတာ သေချာနေခဲ့တာပါ....။ ဟုတ်တယ်....နှလုံးသားက သူ့အလိုလိုအော်တိုသိနေတာလေးက ချစ်စရာပါ..။ အသံလှိုင်းလေးရဲ့ ဟိုဘက်ဒီဘက် အစွန်းနှစ်ခုမှာ အနီရဲရဲအသဲနှလုံးလေးတစ်ခုနဲ့ ပန်းနုရောင်အသဲနှလုံးလေးတစ်ခုချိပ်ဆွဲထားတယ်.....။ ကြိုးမျှင်လေးကတစ်ဆင့် အလွမ်းတွေက ကူးလူးခေါက်ပြန်သွားနေကြတယ်.......။

♫ ♥●••·˙˙·••●♥♫ ♫ ♥●••·˙˙·••●♥♫ ဟောဒီလိုလေးပေါ့...။
တချိန်ထဲမှာပဲ ခန္ဓာကိုယ်တစ်ခုလုံး နွေးထွေးပြီး ရှိန်းတိန်းတိန်းလေးဖြစ်သွားတယ်...။
နှလုံးခုန်နှုန်းရဲ့ အပူဓါတ်ကတဆင့် ကူးစက်လာပုံရပါတယ်...။

“ကိုယ်မရှိလို့ ပျင်းနေပြီလား”တဲ့......။

အမှန်ပြောရရင် တနေ့တနေ့ သူ့ခြေရာတွေရှိရာဆီသွားလိုက် မီးလင်းမနေတဲ့ အိမ်ကလေးကို လှမ်းကြည့်လိုက်နဲ့ နေ့ရက်တွေက ဟာတာတာဖြစ်နေခဲ့တာ....။ တခါတလေကော်ဖီတစ်ခွက်နဲ့ ငုတ်တုတ်ထိုင်လို့.....။
ကိုယ့်ဘဝရဲ့ အဓိပ္ပါယ်တချို့ကို သူသိသိသာသာ ယူသွားခဲ့လိမ့်မယ်လို့တောင် ထင်မထားမိဘူး...။ ခုလဲ ကော်ဖီပူပူတစ်ခွက်ကိုကြည့်ရင်း သတိရလွမ်းဆွတ်မိသွားလို့ ကော်ဖီကိုမသောက်သေးဘဲ(အမှန်တော့ပူနေသေးလို့)
ခံစားချက်လေးတွေကို ရေးချနေလိုက်မိတယ်.......။ကိုယ့်ဆီကိုဘယ်တော့ပြန်လာမလဲ.....။
ဒီမေးခွန်းကိုခက်ခဲမှန်းကိုယ်နားလည်ပါတယ်......။ ပြန်ဖြေဖို့မလိုပါဘူး...။ ပြန်ဖြေဖို့မဟုတ်ပါဘူး...။ သူမရှိလည်း သူ့ရဲ့ ဥယျာဉ်ခြံဆီကို အလည်ခဏခဏသွားလို့ရသားပဲ......။ ပန်းကလေးတွေ လိပ်ပြာကလေးတွေနဲ့ အလွမ်းဖြေလို့ရသားပဲ.....။ ပြန်တွေးကြည့်ရင် သူကမှပိုသနားဖို့ကောင်းပါတယ်.... ကိုယ့်ကိုအလွမ်းဖြေစရာ နေရာတွေမရှိ.......လူမသိသူမသိ တိတ်တဆိတ် ရင်ဘတ်ထဲသိုသိပ်သိမ်းဆည်းရင်း...နေ့ရက်တွေကို ဖြတ်ကျော်နေရမှာ....။


မိုးငွေ့

13 comments:

လွင်ပြင်လှိုင်းငယ် said...

ကော်ဖီတွေအေကုန်အုံးမယ် သောက်လိုက်အုံး
စတာပါ
စာရေးတော်တော်ကောင်းတယ်နော်
အားပေးလျက်

မိစံ said...

လွမ်းတာလေးက..နူးနူးညံ့ညံ့လေးပဲနော်း)

စံပယ်ချို said...

လေးကိုဖတ်ပြီး
ဂျက်လဲလွမ်းနေမိတယ် သစ်ပင်လေးကိုပါ
ချစ်တဲ့ jasmine

ပျိုးယုဝသုန် (Pyo Yu Wathone) said...

လွမ်းရအောင်သိပ်ရေးတတ်တဲ့မိုးငွေ့ ... အလွမ်းလွန်လို့ပြန်လာရင်တော့ကော်ဖီလိုက်တိုက်နော်..

မောင်ဘုန်း said...

အလွမ်း ဓာတ်ခံ လေးနဲ့  တစ်စုံတစ်ရာ လွမ်းချင်း ဖတ်လိုက်မိတာ .... ........

အင်း ... အလွမ်း ဆိုတာ တခါတလေ တော့လည်း ပူလောင် လွန်း တယ်လို့  ခံစား မိတယ် ဗျာ .....


ခင်တဲ့

မောင်ဘုန်း

San San Htun said...

စာသားတွေလေးက နူးညံ့လိုက်တာ မမိုးငွေ့ ရေ..ကော်ဖီ မအေးခင် သောက်လိုက်ဦးနော်...

mstint said...

အလွမ်းတောမှာပျော်နေတဲ့ မိုးငွေ့ရေ
လွမ်းချင်းအက်ဆေးလေးအားပေးသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ညီရဲသစ် said...

တို့ အစ်မကတော့ လွမ်းချည်းနေတာဘဲဟေ့...

blackroze said...

တစုံတရာဆိုတော့
ဈေးပေါတယ်မကြီး
နောက်ဆိုတစ်စုံတစ်သောင်း လို့ရေးနော်

စတာပါအမရေ
လွမ်းချင်းလေးကိုခံစားသွားပါတယ်အမ

Angelhlaing(May everybody be happy and healthy! said...

မျှော်လင့်နေတဲ့ တစ်စုံ တစ်ရာ...
မမရေ..နူးညံ့မှုလေးတွေနဲ့ ..
ခံစားအားပေးလျှက်ပါလို့..

မြတ်ပန်းနွယ် (Myat Pan Nwe) said...

အစကတော့ ဒီစာလေးဖတ်ပြီး မြတ်လွမ်းဆွေးသွားပါတယ်။ နောက် ကော်ဖီပူပူတစ်ခွက်ကိုကြည့်ရင်း သတိရလွမ်းဆွတ်မိသွားလို့ ကော်ဖီကိုမသောက်သေးဘဲ(အမှန်တော့ပူနေသေးလို့)ဆိုတာလည်း ဖတ်လိုက်ရော လွမ်းရခက်၊ ရီရခက် ဖြစ်သွားတော့တယ် မိုးငွေ့ရယ်။ :)

ခင်တဲ့
မြတ်

နွေတေးရှင် (မင်းဧရာ) said...

လွမ်းလွမ်းဆွေးဆွေး အက်ဆေးလေးကို ခံစားသွားတယ်ဗျာ...

စာအရေးကောင်းသလို တချို့နေရာလေးမှာ စကားလုံးရွေးချယ်ထားပုံလေတွေက အက်ဆေးကိုရုပ်လုံးကြွလာစေတယ်။

မဒမ်ကိုး said...

နောက်တစ်ခါ ရေခဲနဲ့ဖျော်သိလား မမိုးနော်း)

ချစ်တဲ့

မဒိုးကန်