Thursday, 28 July 2011

သတိရသေးရင် နှုတ်ဆက်ပါ.....




မင်းကို အရမ်းလွမ်းတယ် အိန်ဂျယ်ရယ်.....။

နာကျင်မှန်း...ခါးသီးမှန်းသိလည်း မင်းကို လွမ်းတာ ဘယ်လိုရပ်တန့်ပစ်ရမလဲ....။ ဒီည ကိုယ်အားလုံးကိုမေ့ပစ်ဖို့ ဇာတ်ကားတစ်ကားကိုထိုင်ကြည့်ဖြစ်တယ်...။ အဲဒီဇာတ်လမ်းထဲမှာ မင်းသမီးက မွေးရာပါ ညှို့တတ်တဲ့ အတတ်လေးရှိတယ်....။ သူလိုချင်တာကို ညို့ယူတယ်....။ သူလိုချင်တာကို ဆုတောင်းလိုက်တာနဲ့ တမ်းတလိုက်တာနဲ့ရတယ်...။ အဲဒီဇာတ်ကားလေးကိုကြည့်ပြီး ကိုယ်အဲလိုလေး ဆုတောင်းပြည့်ချင်လိုက်တာလို့ စိတ်ကူးယဉ်မိတယ်...။ နောက်ဆုံးမင်းသမီးက သူအလိုချင်ဆုံးဆုကို အချိန်တော်တော်ကြာစောင့်ဆိုင်းပြီးတော့မှ ရသွားတယ်...။ ဇာတ်ကားလေးကိုကြည့်ပြီး ဘာလို့မှန်းမသိ မင်းကိုတော်တော်လေး သတိရသွားမိတယ်...။

မင်းဘယ်ဆီမှာလဲ အိန်ဂျယ်လို့... ကိုယ်ထပ်ပြီး တမ်းတပါရစေ.....။

ကိုယ်အိပ်လို့မပျော်ဘူး....။ ရင်ထဲမှာ ဝမ်းနည်းဆို့နင့်နေတယ်...။ အမြင်အာရုံတွေ ေ၀ဝါးလာလို့ ကိုယ်ခဏနားပါရစေ...။ သီချင်းတွေနားထောင်ကြည့်တယ်....။ မင်းအသံမဟုတ်တဲ့ မင်းဆိုပြခဲ့ဖူးတဲ့ သီချင်းတွေမဟုတ်လို့ နားထဲမဝင်ဘူး...။ ခုချိန်မှာ မင်းဖျော်တိုက်မယ့် ကော်ဖီတစ်ခွက်လောက်သောက်ရရင် ကောင်းမယ်...။ ခါတိုင်း ဒီချိန်ဆို ကော်ဖီတစ်ခွက်နဲ့ မင်းကိုယ့်ကိုစကားလာပြောနေကျလေ....။ မင်းအလုပ်က ညဉ့်နက်တော့ တခါတခါ မင်းအိပ်ငိုက်ရင် ကိုယ်နဲ့စကားတွေလာလာပြောတယ်လေ...။

ခုတော့....

အိန်ဂျယ်ရေ....... နေကောင်းလားလို့ နှုတ်ဆက်တာတောင် မင်းဆီက ဘာတုန့်ပြန်မှုမှမရတော့ဘူး...။

ဆုတောင်းလေးပြည့်မယ်ဆိုရင်........ ကိုယ့်ကို“သတိရသေးရင် နှုတ်ဆက်ပါ”လို့ ဆုတောင်းချင်ပါတယ်...။


မိုးငွေ့

11 comments:

မအိမ္သူ said...

အက်ဆေးလေးဖတ်ရင်း ကိုယ်ပါရောပြီး ဘာကိုမှန်းမသိဘဲ သတိရသလိုလို ဖြစ်သွားတယ်။ တခါတလေမှာ အရမ်းသတိရပေမယ့်လည်း နှုတ်မဆက်ဖြစ်တာတွေ ရှိပါတယ်။

စံပယ်ချို said...

သူစာကိုဖတ်လိုက်မှဘာကိုလွမ်းလဲမသိတော့ဘူး
အရမ်းကိုလွမ်းသွားတယ်။
မအိမ်သူပြောသလိုပါပဲ.

khin oo may said...

စာလေးတစ်ပုဒ်ဖတ်ဘူးတယ်။ အဲသလိုဘဲ လိုရင်းကတော့သူက အဲသလိုလုပ်လိုက်တဲ့အခါမှာ အဲသည်လူက သူ့ဆီလာရင်းနဲ့ အက်ဆီးဒင့်ဖြစ်သွားတယ်ထင်တယ် မေ့ပြီ။

နာကျင်စရာတွေ ကို စဉ်းစားမိမှာဆိုးလို့ ရောက်တဲ့နေရာမှာဘဲရပ်လိုက်တော့တယ်။

လိုချင်တဲ့ဆန်ဒကတော့ဘာဖြစ်သွားတယ်ဆိုတာ သိချင်တာပါဘဲ။ အခုစဉ်းစားတာကတော့မသိရလဲ နေပါစေတော့ ကိုယ့်စိတ်ကလေးအေးချမ်းချင်တာပါဘဲ။

Angelhlaing(May everybody be happy and healthy! said...

အိန်ဂျယ်တဲ့လား :) ..လွမ်းလိုက်တာ နှုတ်မဆက်ဖြစ်တဲ့ သတိရနေတဲ့ သူတစ်ယောက် ..ကိုပေါ့

စန္ဒကူး said...

အိန်ဂျယ်လေးက မနှုတ်ဆက်ခဲ့သေးရင်တောင်.. စန္ဒကူး.. နေကောင်းလား..လို့နှုတ်ဆက်ပါရစေ..း)

သိင်္ဂါကျော် said...

သတိရလို့ လာဖတ်တယ်နော်..

SHWE ZIN U said...

ညီမ မိုးငွေ့ ရေ

ညီမရဲ့ လွမ်းစရာပိုစ့် လေး ကိုဖတ်သွားတယ်နော် ချမ်းမြေ့ပါစေ

blackroze said...

မကြီးရေ..အမြဲတမ်းသတိရပါတယ်..
နှုတ်ဆက်တယ်နော်..

mstint said...

အလွမ်းမောတွေ အမြန်ဆုံးပြေပါစေလို့ တောင်းဆုလေးချွေခဲ့ပါတယ် မိုးငွေ့ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

အဖြူရောင်နတ်သမီး said...

သတိရလို့ လာနှုတ်ဆက်ပါသည်...
အာဘွားပါ အဆစ်ပေးခဲ့ပါသည်...
မမိုးပျော်ရွှင်ပါစေ...

အင်ကြင်းသန့် said...

အိန်ဂျယ်က နှုတ်မဆက်ပေမယ့် ဂျင်းက နှုတ်ဆက်သွားတယ်နော်....မမိုးနေကောင်းလား...
စိတ်အေးချမ်းပျော်ရွှင်ပါစေ... :))