အဲဒီညက ပြောခဲ့တဲ့ ကိုယ့်နှုတ်ဆက်စကားတွေက ကိုယ်တို့နှစ်ယောက်ကို ဘယ်တော့မှ မဆုံဖြစ်တော့မယ့် နိမိတ်တစ်ခုဖြစ်သွားခဲ့ပြီလား....အိန်ဂျယ်....။
နှုတ်ဆက်ခဲ့ပါတယ်(တစ်သက်သာအတွက်) ဆိုပြီး ကိုယ်ပြောခဲ့တယ်...။ အဲဒီတုန်းက ကိုယ့်လက်ချောင်းတွေကသာ အဲဒီစကားလုံးတွေကို ရိုက်နေပေမယ့် ကိုယ့်ရင်ဘတ်တွေက နာကျင်နေတာပါ..။ ဘယ်သူမှမသိပါဘူး.... မင်းလည်းမသိပါဘူး...။ တပြိုင်ထဲ မျက်ရည်စက်တွေ လိမ့်ဆင်းလာလိုက်တာ.... ကိုယ့်မှတ်စုတွေတောင် စွန်းထင်းကုန်တယ်....။ အမှတ်တရပေါ့ကွယ်....။ ကိုယ်အဲဒီလိုနှုတ်ဆက်တော့ မင်းက ဒါဆိုလည်းပြီးရောလို့ပြောပြီး ခဏပျောက်သွားတယ်...။ အင်းလေ.... ပျောက်သွားတယ်လို့လည်း မဆိုနိုင်ပါဘူး..။ မင်းက နဂိုကတည်းက ကိုယ်ယောင်ဖျောက်ထားသူပဲ...။ မင်းခဏငြိမ်ပြီးကြည့်နေတာပဲဖြစ်မှာပါ....။ အဲဒီညနောက်ဆုံးပါပဲ....။ အဲဒီနောက် ကိုယ်တို့မတွေ့ဖြစ်ကြတော့ဘူး...။ မင်းနေကောင်းရဲ့လား .... အိန်ဂျယ်...။ နေကောင်းအောင် နေပါ...။ အလုပ်ကြိုးစားပါ....။ အစားမှန်မှန်စားပါနော်....။ စိတ်တွေအရမ်းမွှန်းကျပ်လာတဲ့အခါ သီချင်းတွေဆိုပါနော်.... ။ ဟိုတုန်းကလို မျက်နှာချင်းဆိုင်ပြောခွင့်မရှိတော့ပေမယ့် ... မင်းကို ဒီကနေ ကိုယ်မှာချင်ပါတယ်....။ ကိုယ့်ကိုတော့ မင်း သတိရချင်မှရပါ....။ ဒါကတော့ မင်းအပိုင်း မင်းလွတ်လပ်ခွင့်ဖြစ်သွားပြီလေ...။ ပြီးတော့ ကိုယ်ဟာ မင်းအသဲနှလုံးကို လှုပ်ခါပစ်နိုင်သူ ဟုတ်ချင်မှဟုတ်ခဲ့မယ်...။ မင်းအတွက် အမှတ်တရတွေအများကြီးပေးထားနိုင်ခဲ့တဲ့ သူဖြစ်ချင်မှဖြစ်မယ်...။ ကိုယ်ကတော့ မင်းကို အရမ်း သတိရလွမ်းဆွတ်တဲ့အခါ မင်းနဲ့ပတ်သက်တဲ့ စာတွေကို ဖတ်ဖြစ်တယ်... မင်းဆိုခဲ့ဖူးတဲ့ သီချင်းတွေနားထောင်ဖြစ်တယ်...။ အရွယ်ဆိုတဲ့ ကန့်သတ်မှုက ကိုယ့်ကို လွတ်လပ်စွာ ပေါက်ကွဲခွင့်မပြုတော့ပါဘူး...။ တခါတခါကျတော့ အဲဒီကန့်သတ်ချက်တွေကို မုန်းမိတယ်....။ အလိုလိုရင်းလဲ လူဟာ စက်ရုပ်တစ်ရုပ်ဖြစ်ဖြစ်သွားတယ်လို့ ခံစားမိပြန်တယ်...။ တကယ်တမ်းကျတော့ ရင့်ကျက်တည်ငြိမ်မှုဆိုတာကလည်း နှလုံးသားရေးရာမှာ အသုံးမဝင်ပါဘူး...။
ရင်မောတယ် အိန်ဂျယ်ရယ်....
ခုတော့ ကိုယ့်နဘေးနားမှာ မှတ်စုစာအုပ်တစ်အုပ်ရယ်.... ခဲတံတစ်ချောင်းရယ်.... သောက်လက်စကော်ဖီခွက်ရယ်... mp4လေးရယ်ပဲရှိတော့တယ်။ (နှုတ်ဆက်ပါတယ်... ထားခဲ့ပါတော့....နောက်ထပ်ကွဲဖို့အသည်း ရှိမှမရှိတော့ဘဲ....) ဖြိုးကြီးသီချင်းကိုညည်းမိသွားတယ်....။
မိုးငွေ့

10 comments:
အဲဒီစာပိုဒ်လေး အစမှာပဲ လှိုက်ခနဲ ရင်တွေတောင် ခုန်သွားတယ်...:) ..
ကိုယ့်အနားမှာ
လက်ဖ်တော့ တလုံးရယ် ဝိုင်တပုလင်း ရယ် ပေါင်မုံ တလုံးရယ် ရှိရင်တော့ မင်း မရှိလည်း ကိုယ်နေပျော်ပါပြီ... တကယ် တကယ်
အဟားး မကြီးရွှေစင်က ၀ိုင်ကြိုက်တယ်လား...မန်းလာမှတစ်ပုလင်းမခဲ့ပြီ အတူတူလာသောက်ဦးမယ်...း)
ခေါင်းစည်းလေး 'နှုတ်ဆက်ပါတယ်' ဆိုတာကို ဖတ်မိပြီး နောက်တစ်ယောက် မွေးရပ်ဌာနေ ပြန်ရပြီလားလို့ ထင်ခဲ့မိတား)
ကွန်နက်ရှင်က မကောင်းတော့ ပြန်လာသူတိုင်းက အဲဒီလို နှုတ်ဆက်တတ်လို့ပါ။
တော်သေးတာပေါ့နော်။ စိတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
တည်ငြိမ်ရင့်ကျက်မှုဆိုတာ နှလုံးသားရေးရာမှာအသုံးမဝင်
ပါဘူး.....တဲ့လား....ကောင်းလိုက်တဲ့ စကားလုံးရွေးချယ်မှု
တွေပဲဗျာ.....။
စိတ်မကောင်းစရာ စာလေးဖတ်ပြီး ဝမ်းနည်းသွားပြီးကာမှ
မရွှေစင် ကော်မန့်ဖတ်ပြီး ရယ်ချင်စိတ်ပေါက်သွားတယ်
ကိုယ့်ဘေးမှာတော့ ငပိရည်ဘဲ ရှိတယ်း)
နှုတ်ဆက်ပါတယ်ဆိုတဲ့ခေါင်းစဉ်တွေ့လို့ အစ်မမိုးငွေ့ဘာများဖြစ်လို့လဲလို့ ပြေးလာတာ စာလေးဖတ်လိုက်တော့ စိတ်မကောင်းဖြစ်ပြီး မမရွှေစင်နဲ့အစ်မချောကွန်မန့်တွေကိုဖတ်လိုက်တော့ရီရပြန်ရော...း)))
အိန်ဂျယ် . . .
အင်း ဖတ်ပြီးတော့ ဘာကို ခံစားလိုက်ရမှန်းမသိဘူး ဟာတာတာလေး ကျန်ခဲ့တာ . . . . .
း))
အဲဒီညက ပြောခဲ့တဲ့ နူတ်ဆက်စကား
တစ်တယာက်တယာက်ကိုသတိရမိသလိုပဲ
ဝိုင်ကြိုက်လား....
တိုက်မယ်...
အင်း...ဘေးမှာဘာရှိသလဲ စဉ်းစားမိပြန်တယ်...
Post a Comment