Wednesday, 29 September 2010

တမမ....

တမမ ဆိုတာ တိမ်မမ ...တိမ်တွေကိုချစ်တတ်တဲ့ မမKOM အတွက် မန်းသွားတုန်းက လေယာဉ်ပေါ်ကနေရိုက်ထားတာ... အောက်က ခွာမရတဲ့ ပူးနေတဲ့ပုံတွေကတော့ ပြင်ဦးလွင်ကရိုက်ခဲ့တာပါ...။
ဟိုတစ ဒီတစ လွှင့်မျောနေတဲ့ တိမ်တွေ


အသဲယားစရာ တိမ်စိုင်မွေ့ယာတွေ


ဝါဂွမ်းလုံးလေးတွေနဲ့တူတယ်


မှတ်ချက်။ ခွာမရတဲ့ ငါးမွှာပူးပုံတွေကတော့ တမင်လုပ်ထားတာမဟုတ်ဘူး တကယ်ကြီး ပူးနေကြတာ



10 comments:

ဧပရယ်လ်ပူး@ပူးတေ said...

ဟိ ငါးမွှာပူး ဓါတ်ပုံတွေ ကြည့်သွားတယ် :D ... တိမ်တွေကို ပူးတေလဲချစ်တယ်.. ကလေးတုန်းက ပထမဆုံး domestic လေယာဉ်ပျံစစီးတုန်းက လေယာဉ်ပျံပေါ်က တိမ်တွေကို မြင်ရတော့ ကိုယ့်ကိုကိုယ် စွန်းဝူခုန်းကွ..... တိမ်တွေပေါ်ရောက်နေပြီဆိုပြီး အော်ခဲ့တာကို မှတ်မိသေးတယ်.. ဝူခုန်းကား ကြည့်ပြီးခါက တခုခုဆို ဝူခုန်း အမူအယာပဲ လုပ်တာလေ...ဝူခုန်းတိမ်တွေပေါ်ကနေပျံပြီး မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်လုပ်တဲ့ ပုံနဲ့ :)

Maung Myo said...

ဝိုးး..... လှလိုက်တဲ့တိမ်တွေ

zue said...

လှလိုက်တဲ့ တိမ်တွေ...
သိပ်ချစ်ဖို့ ကောင်းတာပဲ

အဖြူရောင်နတ်သမီး said...

တိမ်မမ ကို ကြည့်..
အဲ..ယောင်လို့...
တိမ်တွေကို ကြည့်သွားတယ်..လှမှလှပဲ...


xxxတိမ်တွေဆီကိုကွယ်xxxကိုယ်လှမ်းကြည့်လဲxxx
တိမ်တွေမမြင်ဘူးကွယ်xxxကိုယ်မြင်နေတာဟာxxxမင်းပဲပေါ့xxxတစ်ကယ်ပါ အချစ်ဆုံးရယ်xxx

(သီချင်းလေး ငြီးသွားသည်)...လွမ်းလို့..း)

Cameron said...

နတ်သာမီးက လွမ်းရုံလေးပဲ ကိုယ်ကတော့ အဲဒီတိမ်စိုင်တွေပေါ် လူးလိမ့်ပြီးငိုပစ်ချင်တာ လွမ်းလွန်လွန်းလို့.......အဟင့်...

ချော(အစိမ်းရောင်လွင်ပြင်) said...

တိမ်လေးတွေ လှလိုက်တာ
အောက်က ငါးမွှာပူးက ပုံတစ်ပုံချင်းစီအောက်မှာ စာလေးတွေ ထည့်လိုက်ရင် ခွာသွားပါလိမ့်မယ်
စာမပါတော့ ပူးကုန်ကြတာပါ။

ညိမ်းနိုင် said...

အားးးးလှလိုက်တာဗျာ..တိမ်တွေက...။ကျွန်တော်လည်း
တိမ်တွေကို သဘောကျတယ်ဗျ..။

khin oo may said...

တို့လဲကြိုက်တယ်။

သက်ဝေ said...

အချိန်တိုင်း ချစ်စရာကောင်းတဲ့ တိမ်တွေ...း))

ညလင်းအိမ် said...

တိမ်တွေက လှတယ် ..