ခုလိုမိုးအေးအေးအချိန်မှာ လူတော်တော်များများ နှာစေးချောင်းဆိုးဖြစ်နေကြတာ...ခု ကျမပြောပြမယ့် ကြက်သားချဉ်စပ်လေးသာပူပူလေး သောက်ကြည့်လိုက်ပွင့်သွားမယ်...နှာပိတ်နေတာရော အဟာရပြည့်ပြီး အားရှိလာမယ်ပြောပါတယ်...။ အအေးမိတဲ့ လူအတွက် soup ပူပူတစ်ခွက်ဟာ ဆေးပါပဲ....။ ခုတလော နှာစေး လည်ချောင်းနာ ချောင်းဆိုးနေတာနဲ့ လုပ်ဖြစ်သွားတဲ့ စွပ်လေးတစ်ခွက်ပေါ့...။ မိုးကုန်ခါနီးဆို ဗိုင်းရပ်စ်တွေကထပြီလေ....။ ကြက်သားကို ပေါင်သားကြိုက်ရင် ပေါင်တစ်ပိုင်းဆားလေးနယ်ပြီး ပြုတ်ထားလိုက်....။ ကြက်သားနူးရင် အမျှင်လေးတွေခွာထား..။ ကြက်ပြုတ်ရည်ထဲကို စပါးလင်နဲ့ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း အပြားရိုက်ထည့်... ရှမ်းငရုတ်ကောင်းနဲ့ ပဲပုပ်ထောင်းထားတာလေးကို ခပ်လိုက် အပေါ့အငန်မြည်း.... စောစောက ကြက်သားမျှင်ထားတာလေးပြန်ထည့် ရှမ်းနံနံ၊ ဗမာနံနံ၊ တောရှောက်ခါးရွက်ခတ်ပြီး သောက်လို့ရပြီ....။ ချက်ရတာလွယ်မှလွယ်ပါ.... ရှမ်းရုတ်ကောင်းအစား ရိုးရိုးငရုတ်ကောင်းထည့်သုံးလို့ရပါတယ်....။ သြော်.... မေ့သွားလို့ သံပရာသီး ညှစ်ထည့်ရဦးမယ်နော်... ဒါမှ ရှူးရှဲ ချဉ်စပ်လေးဖြစ်မှာ...။
ကြက်သားပေါင်သား(သို့မဟုတ်) အတောင်ပံတွဲလျက်ရင်အုံသား
စပါးလင်တစ်တက်အပြားရိုက်
ကြက်သွန်ဖြူ 3မွှာအပြားရိုက်
ငရုတ်သီးစိမ် 7လုံး အပြားရိုက်
တောရှောက်ခါးရွက် နှစ်ရွက်
ရှမ်းနံနံ သုံးလေးရွက်ပါးပါးလှီး
နံနံပင် ပါးပါးလှီး
သံပုရာသီးတစ်စိတ် ချဉ်ချဉ်ကြိုက်ရင် နှစ်စိတ်ထည့်
လာရောက်အားပေးသူအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ...
မိုးငွေ့
ကြက်သားပေါင်သား(သို့မဟုတ်) အတောင်ပံတွဲလျက်ရင်အုံသား
စပါးလင်တစ်တက်အပြားရိုက်
ကြက်သွန်ဖြူ 3မွှာအပြားရိုက်
ငရုတ်သီးစိမ် 7လုံး အပြားရိုက်
တောရှောက်ခါးရွက် နှစ်ရွက်
ရှမ်းနံနံ သုံးလေးရွက်ပါးပါးလှီး
နံနံပင် ပါးပါးလှီး
သံပုရာသီးတစ်စိတ် ချဉ်ချဉ်ကြိုက်ရင် နှစ်စိတ်ထည့်
လာရောက်အားပေးသူအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ...
မိုးငွေ့
9 comments:
အော်....မိုးအေးအေးနဲ့ ရှမ်းကြက်သားပူပူစပ်စပ်လေး
အကုန်သောက်သွားပြီမမိုးရေ.......။
ကောင်းလိုက်တာာာာာာာာာာ
ခင်တဲ့
သဒ္ဓါ
မကြီးရေ..ချဉ်စပ်ဟင်းချိုလေး
သောက်သွားတယ်နော်..
ဒီမှာမိုးရွာနေတာနဲ့အတော်ဘဲ
စားစရာ ဟင်းတစ်မျိုး တိုးပြီကွ။
မမိုးရေ ချက်စားကြည့်မယ်နော်။
ကျေးဇူး။
မမမိုးရေ..ဖတ်နေရင်း
သွားရေကျရတယ်။
နည်းမှတ်သွားပြီ။ အဲလုပူပူစပ်စပ်တွေ
သိပ်ကြိုက်တာ အာပူ လျှာပူဆို မသောက်ရတာကြာပေါ့
ကျေးဇူး...
ကြည့်တာနဲ့ စားကောင်းမဲ့ပုံဘဲ
အချဉ်ပါတော့ ခံတွင်းလိုက်မှာ သေချာတယ်
ရှယ်ဘဲ
အဲလိုမျိုး သိတ်ကြိုက်...ချက်သောက်ကြည့်အုံးမယ် ညီမရေ :)
ဂွတ်ပဲ... တကယ်ရှူးရှဲမယ့် ပုံပဲ.... ဒါမျိုးသိပ်သိပ်ကြိုက်....:P
တစ်ပွဲလောက်ပါဆယ်ပို့ ပေးပါလား မိုးကြီး :D
ချက်တတ်ဘူး ... ပို့ပေး ... ဗြဲ .....
Post a Comment